News

NUG ကိုစိန္ေခၚၿပီးေနာက္ ေနျပည္ေတာ္ စစ္႐ုံး တိုက္ခိုက္ခံရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်ရှိ ကက(ဝယ်)ညွှန်ကြားရေးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက ဖောက်ခွဲ တိုက်ခိုက်မှုမှာ ၎င်းတို့နှင့် အမည်မဖော်လိုသည့် တော်လှန်ရေးအင်အားစုတခုတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာလိုက်သည်

အဆိုပါ ဗုံးဖောက်ခွဲခံရမှုကြောင့် စစ်တပ်အရာရှိကြီး အသုံးပြုသောစစ်ယာဉ်တစ်စီးနှင့် ရုံးအ ဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်က မှန်ပါတယ်။ PDF တွေနဲ့ တပ်တွင်း ဖရဲသီးပေါင်းပြီးလုပ်တာဖြစ်နိုင်တယ် ။” ဟု နေပြည်တော် စစ်ရုံးအတွင်း တာဝန်ထမ်းဆောင်နေသူ စစ်သားတဦးကပြောကြောင်း MPA သတင်းမှာဖော်ပြထားပါတယ်။

 

ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ကြေညာသည့် နေပြည်တော် PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအဖွဲ့တခုဖြစ်ပြီး ယမန့်နေ့က ပြုလုပ်သည့် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG တာဝန်ရှိသူများအား ကိုယ်တိုင်ထွက်လာရန် စိန်ခေါ်စကားပြောဆိုပြီးနောက် နာရီပိုင်းအကြားတွင် စစ်ဘက်ရုံးဖောက်ခွဲတိုက်ခိုက်ခံလိုက်ရခြင်းလည်းဖြစ်သည်။

သာမန်အား စစ်ဘက်ပစ်မှတ်များအား ဖောက်ခွဲတိုက်ခိုက်မှုများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အမည်ထုတ် ဖော်ကာ ကြေညာလေ့ရှိသော်လည်း ယခုကဲ့သို့ လုံခြုံရေးများပြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော်ရှိ ညွှန်မှူးရုံးဖောက်ခွဲမှုတွင် အမည်မဖော်လိုသည့်အဖွဲ့များ ပါဝင်လာခြင်းအား ထူးခြားစွာတွေ့ မြင်လာရခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး နေပြည် တော်အတွင်း လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့ကလည်း ပျဥ်းမနားမြို့သို့ စျေးဝယ်သွားသော စစ်ကောင်ယာဥ်တစီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်

ယင်းအပြင် အဆိုပါဖောက်ခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ဘက်မှမရပ်တည်ခြင်း၊ CDM မလုပ်ခြင်းနှင့် ပြည်သူ့ဘက်မျက်နှာမမူဘဲ လက်တဆုပ်စာ အာဏာသိမ်းစစ်ကောင်စီ လက်ကိုင်တုတ်များအတွက် ကနဦးလှုပ်ရှားမှုသာဖြစ်ပြီး မကြာမီ ယခုထက်ပိုမိုပြင်းထန်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း နေပြည်တော် PDF က သတိပေးထားသည်။

Zawgyi

ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ဘုရင့္ေနာင္ရပ္ကြက္ရွိ ကက(ဝယ္)ၫႊန္ၾကားေရးမႉး႐ုံးတြင္ ယမန္ေန႔ညေနပိုင္းက ေဖာက္ခြဲ တိုက္ခိုက္မႈမွာ ၎တို႔ႏွင့္ အမည္မေဖာ္လိုသည့္ ေတာ္လွန္ေရးအင္အားစုတခုတို႔ ပူးေပါင္းတိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ေနျပည္ေတာ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေၾကညာလိုက္သည္

အဆိုပါ ဗုံးေဖာက္ခြဲခံရမႈေၾကာင့္ စစ္တပ္အရာရွိႀကီး အသုံးျပဳေသာစစ္ယာဥ္တစ္စီးႏွင့္ ႐ုံးအ ေဆာက္အဦမ်ား ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္က မွန္ပါတယ္။ PDF ေတြနဲ႔ တပ္တြင္း ဖရဲသီးေပါင္းၿပီးလုပ္တာျဖစ္ႏိုင္တယ္ ။” ဟု ေနျပည္ေတာ္ စစ္႐ုံးအတြင္း တာဝန္ထမ္းေဆာင္ေနသူ စစ္သားတဦးကေျပာေၾကာင္း MPA သတင္းမွာေဖာ္ျပထားပါတယ္။

ေဖာက္ခြဲမႈျပဳလုပ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေၾကညာသည့္ ေနျပည္ေတာ္ PDF သည္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံအဖြဲ႕တခုျဖစ္ၿပီး ယမန႔္ေန႔က ျပဳလုပ္သည့္ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NUG တာဝန္ရွိသူမ်ားအား ကိုယ္တိုင္ထြက္လာရန္ စိန္ေခၚစကားေျပာဆိုၿပီးေနာက္ နာရီပိုင္းအၾကားတြင္ စစ္ဘက္႐ုံးေဖာက္ခြဲတိုက္ခိုက္ခံလိုက္ရျခင္းလည္းျဖစ္သည္။

သာမန္အား စစ္ဘက္ပစ္မွတ္မ်ားအား ေဖာက္ခြဲတိုက္ခိုက္မႈမ်ားတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားအေနျဖင့္ အမည္ထုတ္ ေဖာ္ကာ ေၾကညာေလ့ရွိေသာ္လည္း ယခုကဲ့သို႔ လုံၿခဳံေရးမ်ားျပားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးအေျခစိုက္ရာ ေနျပည္ေတာ္ရွိ ၫႊန္မႉး႐ုံးေဖာက္ခြဲမႈတြင္ အမည္မေဖာ္လိုသည့္အဖြဲ႕မ်ား ပါဝင္လာျခင္းအား ထူးျခားစြာေတြ႕ ျမင္လာရျခင္း ျဖစ္သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီဘက္မွ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး ေနျပည္ ေတာ္အတြင္း လုံၿခဳံေရးတိုးျမႇင့္ကာ စစ္ေဆးမႈမ်ား တင္းက်ပ္ထားေၾကာင္း သိရသည္။ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၉ရက္ေန႔ကလည္း ပ်ဥ္းမနားၿမိဳ႕သို႔ ေစ်းဝယ္သြားေသာ စစ္ေကာင္ယာဥ္တစီး ဗုံးခြဲတိုက္ခိုက္ခံခဲ့ရေၾကာင္း သိရသည္

ယင္းအျပင္ အဆိုပါေဖာက္ခြဲတိုက္ခိုက္မႈမွာ ျပည္သူ႔ဘက္မွမရပ္တည္ျခင္း၊ CDM မလုပ္ျခင္းႏွင့္ ျပည္သူ႔ဘက္မ်က္ႏွာမမူဘဲ လက္တဆုပ္စာ အာဏာသိမ္းစစ္ေကာင္စီ လက္ကိုင္တုတ္မ်ားအတြက္ ကနဦးလႈပ္ရွားမႈသာျဖစ္ၿပီး မၾကာမီ ယခုထက္ပိုမိုျပင္းထန္သည့္ အေရးယူမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္း ေနျပည္ေတာ္ PDF က သတိေပးထားသည္။