News

ကိုရန်ပိုင် ဆေးကုသမှု ခံယူနေစဉ် သေဆုံး

စစ်ကြောရေးတွင်အပြင်းအထန်ညှဥ်းပန်းနှိပ်စက်ခံရသည့ကိုရန်ပိုင်ဆေးကုသမှုခံယူနေစဉ်သေဆုံးနေပြည်တော်၊ပျဉ်းမနားမြို့ဒေသခံကိုရန်ပိုင်သည်စစ်ကြောရေးတွင်အပြင်းအထန်ညှဥ်းပန်းနှိပ်စက်ခံရသည့် အတွင်းကြ ဒဏ်ရာများကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း

နီးစပ်သူများက မဇ္ဈိမကို အတည်ပြုပြောသည်၎င်းသည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် စစ်ကြောရေးတွင် ခြေဆစ်၊ လက်ဆစ်များ ကျိုးပြီး နားမကြား‌တော့သည်အထိ ညှဥ်းပန်းနှိပ်စက်ခံထားရသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသည့် ပျဉ်းမနားမြို့ခံ ကိုရန်ပိုင်သည် လက်လုပ်မိုင်းများနှင့်အတူ ၎င်းတိမ်းရှောင်နေသည့် ပျဉ်းမနားမြို့ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် မေလ ၂ ရက်က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ယင်းနောက် ကိုရန်ပိုင်နှင့် ဆက်စပ်သူဟုဆိုကာ လူငယ်သုံးဦးကိုလည်း ထပ်မံ၍ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်

သူကစစ်ကြောရေးမှာအစကတည်းကတော်တော်နှိပ်စက်ခံခဲ့ရတာပါစစ်ကြောရေးမှာထွက်ဆိုချက်မတူလို့ဆိုပီးတော်တော်ရိုက်ခံရတာမှာကိုရန်ပိုင်ကနားပင်းသွားတယ်”ဟကိုရန်ပိုင်နှင့်နီးစပ်သည့်မိတ်ဆွေတစ်ဦးက မဇ္ဈိမကို ပြောပြသည်။

စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက်မှုကြောင့် နားတစ်ဖက်အကြားအာရုံ ဆုံးရှုံးခြင်း၊ ခြေဆစ်လက်ဆစ်များ ရိုက်ချိုးခံထားရသည့်အပြင် ခန္ဓာကိုယ်အနှံ့ အတွင်း၊ အပြင် ဒဏ်ရာရရှိခဲ့သည့် ကိုရန်ပိုင်ကို ရှစ်ရက်အကြာတွင် စစ်ကြောရေးမှ နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ကိုရန်ပိုင်ကို အကျဉ်းထောင်တွင် ဆေးကုသခွင့် ရရှိရန်မိသားစုဝင်များကတောင်းခံခဲ့သော်လည်းထောင်အာဏာပိုင်များကခွင့်မပြုခဲ့သည့်အပြင်၎င်းင်းအတွက်ပို့ပေးသည့်ဆေးများသည်လည်းထောင်တွင်းသို့ မရောက်ရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ပြန်ပြောသည်။

သူကဆေးစွဲသောက်နေရတဲ့သူပါ။ဆေးတွေပို့ပေးတာကထောင်ထဲကိုမရောက်တာရယ်နှိပ်စက်ခံထားရတဲ့ဒဏ်တွေရယ်ကြောင့်ရယ်ဆေးရုံတင်လိုက်ရတာပါ။လမ်းတောင်ကိုယ်တိုင်မလျှောက်နိုင်တော့တဲ့ထိပါပဲ” ဟု ကိုရန်နိုင်နှင့် နီးစပ်သူ မိတ်ဆွေများက ပြောသည်။

စက်တင်ဘာလ၂၆ရက်တွင်နေပြည်တော်ကုတင်၁၀၀၀ဆန့်ဆေးရုံတွင်ဆေးဝါးကုသခွင့်ရရှိခဲ့သော်လည်ဆေးဝါးကုသခြင်းခံယူရသည့်အချိန်နှောင့်နှေးခြင်းနှင့်နှိပ်စက်ခံရသည့်ဒဏ်ရာများပြင်းထန်ခြင်းတို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် ကိုရန်ပိုင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သူက စိတ်ဓာတ်အရမ်းပြင်းပြတဲ့သူဗျ။ သူနဲ့အတူ သပိတ်တွေဖော်ဆောင်ရတာ အရမ်းအားရစရာကောင်းတယ်”ဟုမိတ်ဆွေတစ်ဦးကမဇ္ဈိမကိုပြောသည်။ကိုရန်ပိုင်ကျဆုံးချိန်တွငအသက်၂၉)နှစ်ရှိပြီဖြစ်သည်

၎င်းနှင့်ဆက်စပ်သည်ဟုဆိုကာဖမ်းဆီးခံရသည့်နောက်ထပ်လူငယ်သုံးမှာမူကျန်းမာရေးကောင်းမွန်ပြီလက်ရှိမှာစစ်ကြောရေးမှအကျဉ်းထောင်သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ်

သက်သေအချက်အလက်များ စုဆောင်းနေပြီး စစ်ကောင်စီအပေါ် ပြင်းထန်သည့်အရေးယူမှုများ လုပ်ဆောင်နိုင်ရေး ကြိုးပမ်းနေသည်ဟုပြောဆိုထားသည်မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းထားသည့် ရှစ်လတာကာလအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် ပြည်သူ ၄၃ ဦးအထိရှိလာပြီး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ထောင်ထဲရောက်သည့်အခါမှ သေဆုံးသူ ၁၁ ယောက်ရှိကာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမရောက်ခင် သေဆုံးသူက ၇၁ ယောက်အထိရှိသည်ဟု AAPP မှတ်တမ်းများတွင် ဖော်ပြထားသည်။

Zawgyi

စစ္ေၾကာေရးတြင္အျပင္းအထန္ညႇဥ္းပန္းႏွိပ္စက္ခံရသည့ကိုရန္ပိုင္ေဆးကုသမႈခံယူေနစဥ္ေသဆုံးေနျပည္ေတာ္၊ပ်ဥ္းမနားၿမိဳ႕ေဒသခံကိုရန္ပိုင္သည္စစ္ေၾကာေရးတြင္အျပင္းအထန္ညႇဥ္းပန္းႏွိပ္စက္ခံရသည့္ အတြင္းၾက ဒဏ္ရာမ်ားေၾကာင့္ ေနျပည္ေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနစဥ္ ယေန႔ ေအာက္တိုဘာလ ၁ ရက္ နံနက္ပိုင္းတြင္ ေသဆုံးသြားေၾကာင္း

နီးစပ္သူမ်ားက မဇၩိမကို အတည္ျပဳေျပာသည္၎သည္ အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ဖမ္းဆီးမႈကို ခံရၿပီးေနာက္ စစ္ေၾကာေရးတြင္ ေျခဆစ္၊ လက္ဆစ္မ်ား က်ိဳးၿပီး နားမၾကား‌ေတာ့သည္အထိ ညႇဥ္းပန္းႏွိပ္စက္ခံထားရသူ တစ္ဦးျဖစ္သည္ဟု သိရသည္။

ေသဆုံးသြားသည့္ ပ်ဥ္းမနားၿမိဳ႕ခံ ကိုရန္ပိုင္သည္ လက္လုပ္မိုင္းမ်ားႏွင့္အတူ ၎တိမ္းေရွာင္ေနသည့္ ပ်ဥ္းမနားၿမိဳ႕ ေနအိမ္တစ္ခုတြင္ ၿပီးခဲ့သည့္ ေမလ ၂ ရက္က ဖမ္းဆီးခံလိုက္ရျခင္းျဖစ္သည္။ယင္းေနာက္ ကိုရန္ပိုင္ႏွင့္ ဆက္စပ္သူဟုဆိုကာ လူငယ္သုံးဦးကိုလည္း ထပ္မံ၍ အာဏာသိမ္း စစ္ေကာင္စီက ဖမ္းဆီးခဲ့သည္

သူကစစ္ေၾကာေရးမွာအစကတည္းကေတာ္ေတာ္ႏွိပ္စက္ခံခဲ့ရတာပါစစ္ေၾကာေရးမွာထြက္ဆိုခ်က္မတူလို႔ဆိုပီးေတာ္ေတာ္႐ိုက္ခံရတာမွာကိုရန္ပိုင္ကနားပင္းသြားတယ္”ဟကိုရန္ပိုင္ႏွင့္နီးစပ္သည့္မိတ္ေဆြတစ္ဦးက မဇၩိမကို ေျပာျပသည္။

စစ္ေၾကာေရးတြင္ ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ နားတစ္ဖက္အၾကားအာ႐ုံ ဆုံးရႈံးျခင္း၊ ေျခဆစ္လက္ဆစ္မ်ား ႐ိုက္ခ်ိဳးခံထားရသည့္အျပင္ ခႏၶာကိုယ္အႏွံ႔ အတြင္း၊ အျပင္ ဒဏ္ရာရရွိခဲ့သည့္ ကိုရန္ပိုင္ကို ရွစ္ရက္အၾကာတြင္ စစ္ေၾကာေရးမွ ေနျပည္ေတာ္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္သည္။

ကိုရန္ပိုင္ကို အက်ဥ္းေထာင္တြင္ ေဆးကုသခြင့္ ရရွိရန္မိသားစုဝင္မ်ားကေတာင္းခံခဲ့ေသာ္လည္းေထာင္အာဏာပိုင္မ်ားကခြင့္မျပဳခဲ့သည့္အျပင္၎င္းအတြက္ပို႔ေပးသည့္ေဆးမ်ားသည္လည္းေထာင္တြင္းသို႔ မေရာက္ရွိခဲ့ေၾကာင္း ၎ႏွင့္နီးစပ္သူ မိတ္ေဆြမ်ားက ျပန္ေျပာသည္။

သူကေဆးစြဲေသာက္ေနရတဲ့သူပါ။ေဆးေတြပို႔ေပးတာကေထာင္ထဲကိုမေရာက္တာရယ္ႏွိပ္စက္ခံထားရတဲ့ဒဏ္ေတြရယ္ေၾကာင့္ရယ္ေဆး႐ုံတင္လိုက္ရတာပါ။လမ္းေတာင္ကိုယ္တိုင္မေလွ်ာက္ႏိုင္ေတာ့တဲ့ထိပါပဲ” ဟု ကိုရန္ႏိုင္ႏွင့္ နီးစပ္သူ မိတ္ေဆြမ်ားက ေျပာသည္။

စက္တင္ဘာလ၂၆ရက္တြင္ေနျပည္ေတာ္ကုတင္၁၀၀၀ဆန႔္ေဆး႐ုံတြင္ေဆးဝါးကုသခြင့္ရရွိခဲ့ေသာ္လည္ေဆးဝါးကုသျခင္းခံယူရသည့္အခ်ိန္ေႏွာင့္ေႏွးျခင္းႏွင့္ႏွိပ္စက္ခံရသည့္ဒဏ္ရာမ်ားျပင္းထန္ျခင္းတို႔ေၾကာင့္ ယေန႔ နံနက္ပိုင္းတြင္ ကိုရန္ပိုင္ ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။

သူက စိတ္ဓာတ္အရမ္းျပင္းျပတဲ့သူဗ်။ သူနဲ႔အတူ သပိတ္ေတြေဖာ္ေဆာင္ရတာ အရမ္းအားရစရာေကာင္းတယ္”ဟုမိတ္ေဆြတစ္ဦးကမဇၩိမကိုေျပာသည္။ကိုရန္ပိုင္က်ဆုံးခ်ိန္တြငအသက္၂၉)ႏွစ္ရွိၿပီျဖစ္သည္

၎ႏွင့္ဆက္စပ္သည္ဟုဆိုကာဖမ္းဆီးခံရသည့္ေနာက္ထပ္လူငယ္သုံးမွာမူက်န္းမာေရးေကာင္းမြန္ၿပီလက္ရွိမွာစစ္ေၾကာေရးမွအက်ဥ္းေထာင္သို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက အျပစ္မဲ့ျပည္သူမ်ား ဖမ္းဆီးခံရၿပီးေနာက္ ေသဆုံးသြားရသည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရမႈမ်ားအေပၚ

သက္ေသအခ်က္အလက္မ်ား စုေဆာင္းေနၿပီး စစ္ေကာင္စီအေပၚ ျပင္းထန္သည့္အေရးယူမႈမ်ား လုပ္ေဆာင္ႏိုင္ေရး ႀကိဳးပမ္းေနသည္ဟုေျပာဆိုထားသည္ျမန္မာႏိုင္ငံတြင္စစ္တပ္ကအာဏာသိမ္းထားသည့္ ရွစ္လတာကာလအတြင္း စစ္ေၾကာေရးတြင္ ေသဆုံးခဲ့ရသည့္ ျပည္သူ ၄၃ ဦးအထိရွိလာၿပီး စစ္ေၾကာေရးတြင္ ႏွိပ္စက္ခံရၿပီး ေထာင္ထဲေရာက္သည့္အခါမွ ေသဆုံးသူ ၁၁ ေယာက္ရွိကာ ဖမ္းဆီးခံရၿပီး စစ္ေၾကာေရးမေရာက္ခင္ ေသဆုံးသူက ၇၁ ေယာက္အထိရွိသည္ဟု AAPP မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။