News

လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင်သုံးဦး ဗြုံးခံရ၍….






unicode

လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင်သုံးဦး ဗုန်းဖြ င့်အပစ်ခံရသဖြင့်သေဆုံး စစ်ကိုင်းတိုင်း ကျွန်းလှမြို့တွင် ယနေ့နံနက်က လက်ဖက် ရည်ဆိုင်တစ်ဆိုင်ထိုင်နေသည့် စစ်ကောင်စီ၏ ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦးထက်မနည်းဗုံးပေါက်ကွဲ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်

ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ကျွန်းလှမြို့၊ မြို့မရုံးဦးကျောင်းနှင့် မျက်နှာ ချင်းဆိုင်ရှိ ဦးရွှင်လက်ဖက်ရည်ဆိုင်တွင် ဗုန်းးနှစ်လုံးပစ်သွင်းခံရပြီး တစ်လုံးပေါက်ကွဲခဲ့ရာ ဆိုင်အတွင်း နံနက်စာ လာစားနေသော အရပ်သားနှစ်ဦးနှင့် ဗိုလ်မှူးတစ်ဦးအပါ အဝင် သုံးဦးထက်မနည်း သေ ဆုံးခဲ့

ကြောင်းဒေသခံအချို့က ပြောသည် ထို့အပြင် ဆိုင်အတွင်းရှိနေသော အရပ်သား ၇ ဦးခန့်လည်း ထိခိုက်ဒ ဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှဒေသခံများက ပြောသည်

ဗိုလ်မှူးအပြင် သေ တဲ့နှ စ်ယောက်က ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ယောက်လို့လည်းပြောတယ်။ မုန့်လာဝယ်တဲ့အရပ်သားတွေလည်း ထိခိုက်မိတယ်လို့ပြောနေတယ်ဟု ကျွန်းလှဒေသခံတစ်ဦးက ပြောသည်

ကျွန်းလှမြို့နယ်မှာလည်း စစ်ကောင်စီတပ်များသည် ပြည်သူများအား အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးမှုများပြုလုပ်နေပြီး နေ့ခင်း၁၁နာရီ နောက်ပိုင်း အပြင်မထွက်ရန်လည်း ကန့်သတ်ထားသည်ဟု ဒေသခံများက ပြော သည် Ref: People’sSpring, လူထုနွေဦး