Articles

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့်အမှုအတွက် ဦးဖြိုးမင်းသိန်းသက်သေထွက်ဆိုလာ

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိမှုမှာ ဦးဖြိုးမင်းသိန်း သက်သေလာထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှု လေးမှုကို ဒီနေ့ နေပြည်တော်မှာရှိတဲ့အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

အဲဒီအမှုလေးမှုထဲက သုံးမှုရဲ့ သက်သေတွေကို ဒီနေ့မှာ စစ်ဆေးခဲ့ပြီး အဲဒီထဲက ရာဇဝတ်ကြီးအမှုအမှတ် ၂ ဖြစ်တဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဦးဖြိုးမင်းသိန်း ဘာတွေထွက်ဆိုခဲ့ပါသလဲ။ ရုံးရှေ့ရောက်လာတဲ့ဦးဖြိုးမင်းသိန်းရဲ့အခြေအနေသွင်ပြင်က ဘယ်လိုရှိပါသလဲ။

Zawgyi




