News
အခြေခံစစ်ပညာသင်တန်း တက်ရောက်သူနည်းနေလို့စစ်ကောင်စီက ငွေကြေးဖြင့် စည်းရုံးနေ
အာဏာသိမ်းစစ်ကောင်စီကဖွင့်လှစ်ဖို့စီစဉ်ထားတဲအခြေခံစစ်ပညာသင်တန်းတက်ရောက်မယ့်သူနည်းပါးနေတဲ့အတွက်ကြောင့်ငွေကြေးဖြင့်လိုက်လံစည်းရုံးနေတယ်လို့စစ်တပ်နဲ့နီးစပ်သူတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်
အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ကဖွဲ့စည်းပေးထားတဲ့အဖွဲ့တွေ၊ဗျူစောထီးအဖွဲ့နဲ့စစ်တပ်ထောက်ခံသူတွေကိုအခြေခံစစ်ပညာသင်တန်းနဲ့စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကိုအခုလပထမပတ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။…
အခုအခါ စစ်ကောင်စီဖွင့်လှစ်မယ့် သင်တန်းတက်ရော က်မယ့် သူနည်းပါးနေလို့ စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ငွေကြေးနဲ့ လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။စစ်တပ်က ဒီလထဲမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်းတက်ရောက်တဲ့ လူက မပြည့်ဘူးဖြစ်နေတယ်၊ ဒါကြောင့် စစ်တပ်ထောက်ခံသူမိသားစုတွေထဲက ယောကျာ်လေးလူငယ်တွေကို
ငွေကြေးထောက်ပံ့မှု ပေးပြီးစည်းရုံးနေကြတယ်။တစ်လကို၁၈၀၀၀၀ကျပ်ပေးမယ်လို့ပြောတယ်”လို့စစ်တပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်သင်တန်းတက်ရောက်မယ်လို့လက်မှတ်ထိုးပြီးရင်အဲဒီနေ့ကစပြီး လစာအပြည့်စတင် ခံစားခွင့်ပေးမယ့်အပြင် နေထိုင်စားသောက်ရေးနဲ့ အဝတ်အစားကအစ စီစဉ်ပေးမယ်လို့ စစ်ကောင်စီက စည်းရုံးလာတာ ဖြစ်ပါတယ်
အဲဒီသင်တန်း တက်ရောက်သူအနေဖြင့် သင်တန်းပြီး ဆုံးပါက စစ်ကောင်စီကစေခိုင်းမယ့်မြေပြင်လှုပ်ရှားမှုတွေကိုစစ်အုပ်စုထောက်ခံသူတွေနဲ့အတူဆောင်ရွက်ပေးရမှာဖြစ်ပြီးစစ်ကောင်စီကပြုလုပ်ပေးမယ့် ရွေး ကောက်ပွဲကာလမတိုင်မီ ၁ လအလိုအထိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်သံလွင်တိုင်းမ်
Zawgyi