News

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕ ၊ ရိုးႀကီးေက်းရြာ ပစ္ခတ္မႈ ဒုရဲအုပ္သက္လင္းေအာင္ေသဆုံးၿပီး ရဲတပ္သား စိုင္းေအာင္ အျပင္းအထန္ဒဏ္ရာရ

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕ ၊ ရိုးႀကီးေက်းရြာ ပစ္ခတ္မႈ ဒုရဲအုပ္သက္လင္းေအာင္ေသဆုံးၿပီး ရဲတပ္သား စိုင္းေအာင္ အျပင္းအထန္ဒဏ္ရာရ
ရန္ကုန္၊ ေအာက္တိုဘာ ၁

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္ ရိုးႀကီးေက်းရြာတြင္ ယေန႔ည ၇ နာရီခန္႔က ဒုရဲအုပ္သက္လင္းေအာင္ ႏွင့္ ရဲတပ္သားစိုင္းေအာင္ တို႔ႏွစ္ဦးဆိုင္ကယ္ျဖင့္ လာစဥ္ ပစ္ခတ္ခံရသျဖင့္ ဒုရဲအုပ္သက္လင္းေအာင္ ေသဆုံးၿပီး ရဲတပ္သား စိုင္းေအာင္ အျပင္းအထန္ဒဏ္ရာရရွိေၾကာင္း ေဒသရင္းျမစ္ Khayan Channel က သတင္းေဖာ္ျပသည္။

ရိုးႀကီးနဲ႔ခင္တန္းၾကားမွာ ျဖစ္တာပါ၊ ရဲႏွစ္ဦးဆိုင္ကယ္နဲ႔ျပန္လာတာကို ပစ္တာပါ။ ဘယ္သူေတြပစ္သြားလဲဆိုတာကိုေတာ့မသိရပါဘူး၊ ဒုရဲအုပ္သက္လင္းေအာင္က ေနရာမွာတင္ပြဲခ်င္းၿပီး ေသသြားတယ္၊ ရဲတပ္သားစိုင္းေအာင္ကေတာ့ ေဆး႐ုံမွာ စိုးရိမ္ရတယ္ေျပာတယ္။ အခုရိုးႀကီးမွာ စစ္တပ္ေတြေရာက္လာၿပီလို႔ၾကားတယ္´ ဟုျပည္သူတစ္ဦးက ေျပာဆိုေၾကာင္း သိရွိရသည္။

unicode

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ၊ ရိုးကြီးကျေးရွာ ပစ်ခတ်မှု ဒုရဲအုပ်သက်လင်းအောင်သေဆုံးပြီး ရဲတပ်သား စိုင်းအောင် အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့ည ၇ နာရီခန့်က ဒုရဲအုပ်သက်လင်းအောင် နှင့် ရဲတပ်သားစိုင်းအောင် တို့နှစ်ဦးဆိုင်ကယ်ဖြင့် လာစဉ် ပစ်ခတ်ခံရသဖြင့် ဒုရဲအုပ်သက်လင်းအောင် သေဆုံးပြီး ရဲတပ်သား စိုင်းအောင် အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသရင်းမြစ် Khayan Channel က သတင်းဖော်ပြသည်။

ရိုးကြီးနဲ့ခင်တန်းကြားမှာ ဖြစ်တာပါ၊ ရဲနှစ်ဦးဆိုင်ကယ်နဲ့ပြန်လာတာကို ပစ်တာပါ။ ဘယ်သူတွေပစ်သွားလဲဆိုတာကိုတော့မသိရပါဘူး၊ ဒုရဲအုပ်သက်လင်းအောင်က နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်၊ ရဲတပ်သားစိုင်းအောင်ကတော့ ဆေးရုံမှာ စိုးရိမ်ရတယ်ပြောတယ်။ အခုရိုးကြီးမှာ စစ်တပ်တွေရောက်လာပြီလို့ကြားတယ်´ ဟုပြည်သူတစ်ဦးက ပြောဆိုကြောင်း သိရှိရသည်။