News


ရန်ကုန်၊ အောက်တိုဘာ ၁



unicode

ကသာတွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ် ကသာမြို့နယ်တွင် စစ်ကောင်စီတပ်များကို KIA နှင့် Katha PDF တို့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း ကျဆုံးကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကသာမြို့နယ် မှ အင်းတော်မြို့ဘက်သို့ထွက်လာသော စစ်ကောင်စီတပ်ကို ပင်းမလွတ်ကျေးရွာအကျော်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း ကျဆုံး သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။