လေယာဉ်အတက်အဆင်း နည်းပါးလျက်ရှိသော ရန်ကုန်အပြည်ပြည်လေဆိပ်တွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်း စစ်ဘက်သုံး လေယာဉ်များ အတက်အဆင်းများပြားနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်
ရန်ကုန်မြို့ခံတစ်ဦးက “ရန်ကုန်လေဆိပ်ကနေ လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က စစ်ဘက်သုံး လေယာဉ် ၄စင်း တက်သွားတယ်ဗျ”ဟု ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။စစ်ဘက်သုံး လေယာဉ်ကြီး ၃ စီး ယှဉ်တွဲ၍ ပျံသန်းသွားမှုကိုလည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှ ယနေ့ နံနက်ပိုင်း မြင်တွေ့လိုက်ကြောင်း ဒေသခံတချို့က ဓာတ်ပုံနှင့်တကွ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်
“ဘုရင့်နောင်ဈေးပွဲရုံ၀င်းအတွင်းမှ မြင်လိုက်ရတဲ့မြင်ကွင်းက ထူးထူးခြားခြားလေယာဉ်အကြီး ၃ စီး ယှဉ်လျက်အနေအထားနဲ့ ပျံသန်းသွားပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး အရေးနိမ့်နေသဖြင့် လေကြောင်း အကူအညီဖြင့် အင်အား
ဖြည့်တင်းခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်ယင်းအပြင် တရုတ်နှင့်ရုရှားနိုင်ငံတို့မှ စစ်ရေးဆိုင်ရာ ဝယ်ယူထားမှုများကို လေယာဉ်ဖြင့် လာရောက်ပို့ဆောင်မှုများလည်းရှိကြောင်း စစ်ဘက် သတင်းရပ်ကွက်ထံမှ သိရှိရသည်။
Zawgyi
ေလယာဥ္အတက္အဆင္း နည္းပါးလ်က္ရွိေသာ ရန္ကုန္အျပည္ျပည္ေလဆိပ္တြင္ ယေန႔ ေအာက္တိုဘာလ ၂ ရက္ေန႔ နံနက္ပိုင္း စစ္ဘက္သုံး ေလယာဥ္မ်ား အတက္အဆင္းမ်ားျပားေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္
ရန္ကုန္ၿမိဳ႕ခံတစ္ဦးက “ရန္ကုန္ေလဆိပ္ကေန လြန္ခဲ့တဲ့ ၁၅ မိနစ္ေလာက္က စစ္ဘက္သုံး ေလယာဥ္ ၄စင္း တက္သြားတယ္ဗ်”ဟု ရန္ကုန္ေခတ္သစ္သို႔ သတင္းေပးပို႔သည္။စစ္ဘက္သုံး ေလယာဥ္ႀကီး ၃ စီး ယွဥ္တြဲ၍ ပ်ံသန္းသြားမႈကိုလည္း မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္ပြဲ႐ုံဝင္းအတြင္းမွ ယေန႔ နံနက္ပိုင္း ျမင္ေတြ႕လိုက္ေၾကာင္း ေဒသခံတခ်ိဳ႕က ဓာတ္ပုံႏွင့္တကြ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္
“ဘုရင့္ေနာင္ေဈးပြဲ႐ုံ၀င္းအတြင္းမွ ျမင္လိုက္ရတဲ့ျမင္ကြင္းက ထူးထူးျခားျခားေလယာဥ္အႀကီး ၃ စီး ယွဥ္လ်က္အေနအထားနဲ႔ ပ်ံသန္းသြားပါတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းတို႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားၿပီး အေရးနိမ့္ေနသျဖင့္ ေလေၾကာင္း အကူအညီျဖင့္ အင္အား
ျဖည့္တင္းျခင္း၊ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားထံမွ သိရွိရသည္ယင္းအျပင္ တ႐ုတ္ႏွင့္႐ုရွားႏိုင္ငံတို႔မွ စစ္ေရးဆိုင္ရာ ဝယ္ယူထားမႈမ်ားကို ေလယာဥ္ျဖင့္ လာေရာက္ပို႔ေဆာင္မႈမ်ားလည္းရွိေၾကာင္း စစ္ဘက္ သတင္းရပ္ကြက္ထံမွ သိရွိရသည္။