အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)အခြေစိုက်ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရောက်ရှိနေကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာ မြဝတီ – MWD ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးအတည်ပြုခဲ့တာကြောင့် ဖျက်သိမ်း၍ မရကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ယမန်နေ့ (အောက်တိုဘာ ၁ရက်)က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံအမှာစကားပြောကြားရာမှာ ယခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံမှာ ပြည်သူများလိုလားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့် ဖျက်သိမ်း၍မရကြောင်း၊ ခေတ်ကာလနဲ့ ညီညွတ်မှုမရှိတဲ့ အကြောင်းအရာတွေကို ပြင်ဆင်ရန်အတွက် မိမိတို့အနေဖြင့် လက်ခံကြောင်း
မိမိတို့အနေဖြင့် ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ပြောပါတယ်။
ယင်းအပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ တိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ယင်းကြောင့် ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည်မှာ အများစုရဲ့ သဘောဆန္ဒဖြင့် ဥပဒေနဲ့အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊
ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုပါက အားလုံးလိုက်နာကြရမှာ ဖြစ်သော်လည်း “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုတဲ့ လုပ်ရပ်မျိုး ဆောင်ရွက်၍မရကြောင်း၊ ဖက်ဒရယ်စနစ် ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေကျင့်သုံး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် ကချင်ပြည်နယ်၊ ပူတာအို၊ ခေါင်လန်ဖူးသို့ တကျော့ပြန် ခရီးစဥ်သွားရောက်ရန်အတွက် စီစဥ်ထားသော်လည်း ပူတာအိုဒေသတွင်းရှိ PUTAO PDF တပ်ဖွဲ့မှ ၄င်းတို့အနေဖြင့် တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပူတာအို PDF ၏ စိန်ခေါ်မှု ပေါ်ထွက်ခဲ့ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင်မှာ ပူတာအိုဒေသသို့ မသွားဖြစ်တော့ဘဲ တောင်ကြီးမြို့သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မှာ လက်ရှိ တောင်ကြီးမြို့သို့ လာရောက်သည့် ရပခ ခရီးစဥ်တွင်လည်း ယခင်ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုးမြို့ခရီးစဥ်များတွင် ရှင်းပြခဲ့သည့်နည်းအတိုင်း NLD အစိုးရနှင့် UEC တို့မှ မဲစာရင်းမှားယွင်းမှုအပေါ်ဖြေရှင်းခြင်းမရှိခဲ့၍ တပ်မတော်မှ အာဏာ ထိန်းသိမ်းခဲ့ရသည့် ယခုအခြေမျိုးဖြစ်ပေါ်လာရ ခြင်းဖြစ်သည်ဟု တပ်မိသားစုဝင်များအား ထပ်မံရှင်းပြခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများနှင့် ၄င်း၏ဇနီး ဒေါ်ကြူကြူလှ ပါ ခေါ်ဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၂ ရက် ယနေ့မနက်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ညောင်ရွှေမြို့သိူ့ရောက်ရှိနေပြီး ထိုမှတဆင့် က လောမြို့ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
zawgyi
အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ သည္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရပခ)အေျခစိုက္ရာ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕သို႔ ယမန္ေန႔ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ ေရာက္ရွိေနေၾကာင္း စစ္ေကာင္စီ၏ဝါဒျဖန္႔မီဒီယာ ျမဝတီ – MWD ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပည္သူ႔ဆႏၵခံယူပြဲ က်င္းပၿပီးအတည္ျပဳခဲ့တာေၾကာင့္ ဖ်က္သိမ္း၍ မရေၾကာင္း စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာပါတယ္။
ယမန္ေန႔ (ေအာက္တိုဘာ ၁ရက္)က ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသမ်ားမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ခရိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမမွာ ေတြ႕ဆုံအမွာစကားေျပာၾကားရာမွာ ယခုလို ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
မိမိတို႔နိုင္ငံမွာ ျပည္သူမ်ားလိုလားတဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ဆက္လက္ ေလၽွာက္လွမ္းေနေၾကာင္း၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခဥပေဒကို ျပည္သူ႔ဆႏၵခံယူပြဲ က်င္းပ၍ အတည္ျပဳ ေဆာင္ရြက္ခဲ့ျခင္းျဖစ္တာေၾကာင့္ ဖ်က္သိမ္း၍မရေၾကာင္း၊ ေခတ္ကာလနဲ႔ ညီညြတ္မႈမရွိတဲ့ အေၾကာင္းအရာေတြကို ျပင္ဆင္ရန္အတြက္ မိမိတို႔အေနျဖင့္ လက္ခံေၾကာင္း
မိမိတို႔အေနျဖင့္ ဒီမိုကေရစီအရ ထိန္းသိမ္းေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ေရြးေကာက္ပြဲအား မွန္မွန္ကန္ကန္ျဖင့္ ျပန္လည္က်င္းပနိုင္ေရး စနစ္တက်ျဖစ္ေအာင္ စီမံေဆာင္ရြက္ၾကရန္လိုေၾကာင္း ၎က ေျပာပါတယ္။
ယင္းအျပင္ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတို႔နိုင္ငံမွာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ တိုင္းရင္းသားမ်ား စုေပါင္းေနထိုင္တဲ့ ျပည္ေထာင္စုနိုင္ငံ ျဖစ္ေၾကာင္း၊ ယင္းေၾကာင့္ ဒီမိုကေရစီစနစ္နဲ႔ ဖက္ဒရယ္စနစ္ကို သိရွိရန္လိုေၾကာင္း၊ ဒီမိုကေရစီစနစ္ ဆိုသည္မွာ အမ်ားစုရဲ့ သေဘာဆႏၵျဖင့္ ဥပေဒနဲ႔အညီ အုပ္ခ်ဳပ္ေဆာင္ရြက္ၾကရျခင္း ျဖစ္ေၾကာင္း၊
ဥပေဒနဲ႔အညီ ေဆာင္ရြက္မယ္ဆိုပါက အားလုံးလိုက္နာၾကရမွာ ျဖစ္ေသာ္လည္း “လူညီလၽွင္ဤကိုကၽြဲဖတ္သည္” ဆိုတဲ့ လုပ္ရပ္မ်ိဳး ေဆာင္ရြက္၍မရေၾကာင္း၊ ဖက္ဒရယ္စနစ္ ဆိုသည္မွာ အားလုံးကို လုပ္ပိုင္ခြင့္မၽွမၽွတတျဖင့္ ခြဲေဝက်င့္သုံး ေဆာင္ရြက္ျခင္းပင္ျဖစ္ေၾကာင္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။
အာဏာသိမ္း စစ္ေခါင္းေဆာင္သည္ ကခ်င္ျပည္နယ္၊ ပူတာအို၊ ေခါင္လန္ဖူးသို႔ တေက်ာ့ျပန္ ခရီးစဥ္သြားေရာက္ရန္အတြက္ စီစဥ္ထားေသာ္လည္း ပူတာအိုေဒသတြင္းရွိ PUTAO PDF တပ္ဖြဲ႕မွ ၄င္းတို႔အေနျဖင့္ တိုက္ခိုက္ရန္အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း စက္တင္ဘာလ ၂၈ ရက္ေန႔ ရက္စြဲျဖင့္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။
ပူတာအို PDF ၏ စိန္ေခၚမႈ ေပၚထြက္ခဲ့ၿပီးေနာက္ အာဏာသိမ္း စစ္ေခါင္းေဆာင္မွာ ပူတာအိုေဒသသို႔ မသြားျဖစ္ေတာ့ဘဲ ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။
အာဏာသိမ္း စစ္ေခါင္းေဆာင္မွာ လက္ရွိ ေတာင္ႀကီးၿမိဳ႕သို႔ လာေရာက္သည့္ ရပခ ခရီးစဥ္တြင္လည္း ယခင္ျပင္ဦးလြင္၊ ျမစ္ႀကီးနား၊ လားရွိုးၿမိဳ႕ခရီးစဥ္မ်ားတြင္ ရွင္းျပခဲ့သည့္နည္းအတိုင္း NLD အစိုးရႏွင့္ UEC တို႔မွ မဲစာရင္းမွားယြင္းမႈအေပၚေျဖရွင္းျခင္းမရွိခဲ့၍ တပ္မေတာ္မွ အာဏာ ထိန္းသိမ္းခဲ့ရသည့္ ယခုအေျခမ်ိဳးျဖစ္ေပၚလာရ ျခင္းျဖစ္သည္ဟု တပ္မိသားစုဝင္မ်ားအား ထပ္မံရွင္းျပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ခရီးစဥ္အတြင္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ အရာရွိႀကီးမ်ားႏွင့္ ၄င္း၏ဇနီး ေဒၚၾကဴၾကဴလွ ပါ ေခၚေဆာင္သြားေၾကာင္း သိရသည္။
ေအာက္တိုဘာလ ၂ ရက္ ယေန႔မနက္ပိုင္းတြင္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္မွာ ေညာင္ေရႊၿမိဳ႕သိူ႔ေရာက္ရွိေနၿပီး ထိုမွတဆင့္ က ေလာၿမိဳ႕ စစ္ဦးစီးတကၠသိုလ္ သင္တန္းသား အရာရွိမ်ားႏွင့္ေတြ႕ဆုံမည္ျဖစ္ေၾကာင္း သိရသည္။