KIAကချင်လက်နက်ကိုင်အဖွဲ့သည်PDFအမည်ခံသူပုန်များကိုကူညီပေးသည်ဆိုသည့်အကြောင်းပြချက်ဖြင့်ကချင်ပိုင်နက်အပြင်ဘက်အထိခြေဆန့်နယ်ကျွံ့လာသည့်အပေါနစကအနေဖြင့်ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း MRTVမှ တဆင့် သတင်းထုတ်ပြန်သည်
လွန်ခဲ့သည့် စက်တင်ဘာ ၂၄ရက် နေ့လည် ၁၁နာရီ ၅ဝမိနစ်တွင် ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာ နှင့် ဆားတောင်ပုံ ကျေးရွာကြား တောတွင်း၌ ကောလင်းမြို့နယ် ကာလာကျေးရွာဘက်မှ လာသော နစကတပ်သား
၁၀၀ ခန့်နှင့် KIA ကြီးကြပ်သော ကောလင်း ဝန်းသို ပင်လည်ဘူး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် KIA တို့သည် PDF စစ်သူပုန်တို့၏ ဝတ်စုံကိုဝတ်ဆင်၍PDFအယောင်ဆောင်ကာ မိမိတို့တပ်မတော်အား အပြင်းအထ န်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၂ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ရှိမူးမြစ်တံတားပေါ်၌ကောလင်းကသာပင်လည်ဘူးမှပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့်တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်သား ၁၅ဦးကျဆုံးပြီး ဗိုလ်ကြီးတစ်ဦး ပေါင်ကျိုးသွားခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲတွင်လည်း KIA တို့သည် PDF အယောင်ဆောင်၍ မိမိတို့ တပ်မတော်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်ပါ၍KIAခေါင်းဆောင်ပိုင်းအနေဖြင့်တာဝန်ယူမှုတာဝန်ခံမှု့ရှိစေလိုကြောင်း KIA တပ်မဟာများကို ခေါင်းဆောင်များက ထိထိရောက်ရောက် ထိန်းသိမ်းပေးထားရန် လိုအပ်သည်ဟု တပ်မတော်က တောင်းဆိုထားသည်။
Zawgyi