News
အခဲမကြေဖြစ်နေတဲ့ ပူတာအိုသို့ ခရီးသွားရန်တစ်ဖန်ပြင်ဆင်
အခဲမကြေဖြစ်နေတဲ့ ပူတာအိုသို့ ခရီးသွားရန်ပြင်ဆင်ပြန်ပြီအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာမနက်ဖြန်အောက်တိုဘာ၃ရက်မှာကချင်ပြည်နယ်ပူတာအိုမြို့သို့လာဖို့ရှိတယ်လို့ ပူတာအို ၄၆ တပ်ရင်းမှ အရာရှိတစ်ဦးက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်
ဒီနေ့လာတဲ့နယ်လုံဝန်ကြီးကရှေ့ပြေးလာတာပါမနက်ဖြန်တော့မင်းအောင်လှိုင်လာမှာဖြစ်တယ်လာရင်းကိစ္စကတော့ပြည်သူ့စစ်အဖွဲ့နဲ့တွေ့ပြီခေါင်းလန်ဖူးဘက်ကိုတက်ဖို့ခရီးစဉ်ဆွဲထားတယလို့၄၆တပ်ရင်းမှ အရာရှိက ပြောပါတယ်
စစ်ခေါင်းဆောင်ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကချင်ပြည်နယ်ခရီးစဉ်မှာပူတာအိုကိုတက်ဖို့စီစဉ်ခဲ့ပေမဲ့ကေအိုင်အေတပ်မဟာ-၁ကမြစ်ကြီးနားပူတာအိကားလမ်းကို၃ရက်ကြာပိတ်ခဲ့လို့ပူတာအိုခရီးစဉ်ကို လုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့ရပြီးနောက် ဒုတိယအကြိမ် ပူတာအိုကို သွားဖို့ စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်
စစ်ခေါင်းဆောင်ရဲ့ပူတာအိုခရီးစဉ်မတိုင်မီပူတာအိုကာကွယ်ရေးတပ်ဖွဲ့(PUTAOPDF)ကပြည်သူတွေမျှော်လင့်သလိုအဆင်သင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းကြေညာထားပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့ကတော့ရှမ်းပြည်နယ် ခရီးစဉ်သွားရောက်နေပါတယ်။credit
zawgyi