အခုချိန် ဘာပဲဖြစ်ဖြစ်တောင့်ထားပြီး ကျနော်တို့တွေ မကြာခင် ပြန်ဆုံကြမယ်
Lin Htet Aung
unicode
PDF တွေရဲ့ အင်အား စစ်ပညာ စစ်ရေးစွမ်းရည်တို့ဟာ တစ်နေ့ထက် တစ်နေ့ ဒီရေအလားတိုးတက်လာတာ အံ့မခန်းချီးကျုးစရာပါ
စစ်ပညာနဲ့ အစိမ်းစိမ်းသက်သက်ဘာမှမသိခဲ့တဲ့ သူတို့တွေဟာ လအနည်းငယ်အတွင်း နှစ်ပေါင်းများစွာလက်နက်ကိုင် တော်လှန်လာတဲ့ အဖွဲ့ကြီးတွေလို အဆင့်ကို ရောက်ရှိဖို့ နီးကပ်လာပါပြီ
တစ်ယောက်ကို ရိုင်ဖယ်တစ်လက်နဲ့ ကျည်အလုံအလောက်သာပေး စကစ တပ်တွေကို ရှယ်တွယ်တော့မယ့် အခြေအနေတွေကို ရောက်လာပြီ
တရားသော တော်လှန်ခုခံစစ်အတွက် သူတို့ရဲ့ အရည်အချင်းတွေသတ္တိတွေက အသင့်အနေအထားကိုရောက်လာနေပါပြီ
အလုံးစုံပြည့်စုံဖို့က မကြာခင်ရောက်လာတော့မှာ လိုအပ်တာတွေကိုဖြည့်ဆည်းရင်းနဲ့ အတွေ့အကြုံတွေ လေ့ကျင့်ရေးတွေကို စနစ်တကျလေ့လာဆည်းပူးနေတဲ့
ကျနော်တို့ရဲ့ ပြည်သူသားကောင်းတွေ ပြည်တော်ပြန်ဝင်မယ့်နေ့တွေနီးကပ်လာပြီမို့ ကျနော်တို့ပြည်သူတွေ အားမလျှော့ပဲ စကစကိုရတဲ့နေရာကတော်လှန်ပေးထားကြပါ
မကြာခင် အချိန်တွေမှာ ခင်ဗျားတို့တွေကိုကာကွယ်မယ့် ပြည်သူ့သူရဲကောင်းတွေကို ကြိုဆိုဖို့ အိမ်မက်တွေ ကနေ လက်တွေ့ဖြစ်လာတော့မှာပါ
အခုချိန် ဘာပဲဖြစ်ဖြစ်တောင့်ထားပြီး ကျနော်တို့တေွ မကြာခင် ပြန်ဆုံကြမယ်
Lin Htet Aung