News

နိုင်ငံတကာ သတင်းဌာနတွေပြောတဲ့ အမေစုသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားစွပ်စွဲမှု့တွေကို ရင်ဆိုင်ဖို့ နေပြည်တော်တရားရုံးကို ရောက်လာတယ်လို့ The Guardian သတင်းဌာနရဲ့အရှေ့တောင်အာရှသတင်းထောက်Rebecca Ratcliffe က ဆောင်းပါးရှည်ကြီးတစ်ပုဒ်နဲ့ အသိပေး ဝေဖန်ထားပါတယ်

အမေစုဟာ နေပြည်တော်ကောင်စီဝင်းအတွင်းက အလုံပိတ်တရားရုံးကို အောက်တိုဘာ ၁ ရက်နေ့မှာရောက်ခဲ့တာပါ။ကမ္ဘာ့သတင်းဌာနတွေမှာတရားဝင်ဖော်ပြထားတဲ့အမေစုကိုစွဲဆိုထားတဲ့အမှု့တွေထဲမှာ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေနဲ့ ရွှေချောင်းထုပ်များ လာဘ်ယူမှု့ ။ အစိုးရမြေကို လျှော့စျေးနဲ့ ရောင်းချမှု့ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရဟိတရံပုံငွေထဲမှ အိမ်တစ်လုံးဆောက်လုပ်မှု့ ။ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို ချိူးဖောက်မှု့ ။ ဆက်သွယ်ရေးဥပဒေနဲ့ တရားမဝင်တဲ့ WALKIE TALKIE တင်သွင်း သုံးဆွဲမှု့တွေ ပါဝင်ပါတယ် ။

စစ်ကောင်စီဘက်ကတော့ အမေစုရဲ့ အမှု့တစ်ခုဟာ ထောင်ဒဏ် ၁၄ နှစ် အထက် ကျခံနိုင်တယ်လို့ ထုတ်ပြောထားပါတယ် ။ အမေစုရဲ့ ရှေ့နေဦးခင်မောင်ဇော်ကတော့ သက်သေတွေကို စစ်ဆေးနေပေမယ့် သူတို့ဟာ အမေစုကို မကြည့်ရဲသလို ၊ စိတ်ပါပုံလည်း မရပါဘူးလို့ သတင်းထောက်ကို ဖြေကြားထားပါတယ် ။ စစ်ကောင်စီဘက်

ကတော့ အမေစုရဲ့ အဂတိလိုက်စားမှု့ဟာ ဒေါ်လာ ၆ သိန်းကျော်ခန့်လို့ နိုင်ငံတကာ သတင်းဌာနတွေကို အသိပေးထားပါတယ် ။( စာရေးသူက ကြားဝင်ပြောချင်တာကတော့ စာတစ်အုပ်ရေးလိုက်လို့ ဒေါ်လာသန်းချီရတဲ့ မေတ္တာရှင်အမေအိုဟာ ဟယ်လီကော်ပတာ ဝယ်စီးခဲ့တဲ့ မျောက်ကလေးကို သူမ အာဏာရစဉ်မှာ ဘာ့ကြောင့် နောက်ကြောင်းပြန် အရေးမယူခဲ့ရတာလဲ ။

လစာ၃သိန်းလောက်ရတဲ့စစ်ဗိုလ်ချုပ်အိုတွေဟာဘာ့ကြောင့်များနိုင်ငံခြားဘဏ်တွေမှာဒေါ်လာသန်းချီပြီးအပ်ထားနိုင်ပါသလ။နိုင်ငံပိုင်မြေကွက်နဲ့အဆောက်အအုံတွေကိုကိုယ်ပိုင်ကုမ္မဏီလုပ်ခဲ့ကြတာတွေကရော … ? ။ ဗဟိုဘဏ်ကနေ ငွေထုတ်ချေးပြီး ပြန်မဆပ်ခဲ့ကြသူတွေဟာလည်း စစ်ဗိုလ်ချုပ် သားသမီးတွေပါပဲ ။ လေယာဉ်ပြေးလမ်းပိတ်ပြီး ပြိူင်ကားပြိူင်ပွဲ ကျင်းပခဲ့တာတွေကရော အလွဲသုံးစားမဟုတ်တာလား

ဝစ်သောက်ကား တင်သွင်းပြီး ၊ ကိုယ်တိုင်ရောင်းဝယ်တဲ့အပြင် ကိုးကွယ်ရာဆရာတော်တွေကို နောက်ဆုံးပေါ်ဝစ်သောက်ကာတွေ လှုဒါန်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကတော်တွေကရော ဥပဒေကိုဖျက်စီးခဲ့သူတွေ မဟုတ်ဘူးလား ။ ကျန်ပါသေးတယ် ။

အမေစုဟာ ရှေ့နေတွေနဲ့ လွတ်လပ်စွာတွေ့ခွင့်မရဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ် ။ တရားစီရင်ရေးကို ရွှေ့ဆိုင်းထားဖို့ တောင်းဆိုထားပါတယ် ။ တရားစွဲဆိုမှု့တွေဟာ သူမရဲ့ နိုင်ငံရေးနေ့ရက်တွေကို အဆုံးသတ်ဖို့ ကြံစီမှု့တွေသာဖြစ်တယ်လို့ ဆောင်းပါးရှင်က ဝေဖန်ထားတာပါ ။

အမေစုရဲ့ တရားရုံးချိန်းအပြီးမှာပဲ လူ့အခွင့်အရေး စောင့်ကြည့်သူတွေနဲ့ အဖွဲ့တွေကစွပ်စွဲမှု့တွေဟာတရားမဝင်ပဲရှုတ်ချလိုက်ကြပြီးတရားမှု့ကိုကိုင်တွယ်ပေးဖို့ကုလအဖွဲ့ကိချက်ချင်းတောင်းဆိုလိုက်ပါတယ်

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဌာနခွဲ ဒုတိယညွှန်ကြားရေးမှုး PHIL ROBERTSON က” မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ နိုင်ငံရေးပြိူင်ဘက်အဖြစ် မြင်နေပြီး ၊နိုင်ငံရေးကနေ ကင်းကွာသွားအောင် သံတိုင်တွေအနောက်မှာ ကွယ်ထားဖို့ ကြံစီနေတာပါ ။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံဥာဏ်ကို တောင်းခံရမယ့်အစား ၊ သူမကိုရန်သူလိုသတ်မှတ်နေလို့ ဒီပြဿနာတွေ ဖြစ်နေတာပါ ” လို့ ကုလအဖွဲ့ထံ တင်ပြထားပါတယ်

ကြာသာပတေးနေ့က ကုလညီလာခံမှာ ကုလအထွေထွေအတွင်းရေးမှုးက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ် ။ ဒေါ်အောင်စုကြည်နဲ့ ဖမ်းဆီးထားသူအားလုံကိုလွှတ်ပေးဖိုပါဝင်ပါတယ်တိုင်းပြည်ဟာ ကိုဗစ်ကပ်ရောဂါကို အလူးအလဲခံနေရပြီးစားနပ်ရိက္ခာဖူလုံမှု့၊အစုအပြုံလိုက်ထွက်ပြေးတိမ်းရှောင်မှု့တွေရှိနေပါတယ်။့ကျမ်းမာရေးစောင့်ရှောက်ခံရမှု့တွေပျောက်ဆုံးနေပြီးလူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာက ပါဝင်ကူညီကြဖို့ ကုလညီလာခံမှာ လှုံ့ဆော်ခဲ့တာပါ

မနှစ်က ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်တပ်က လက်မခံခဲ့ပါဘူး ။ သက်သေအထောက်အထားမရှိပဲ မဲလိမ်တယ်လို့ စွပ်စွဲထားပါတယ် ။ အိမ်နီးချင်းနိုင်ငံတွေက စစ်တပ်ရဲ့ လုပ်ဆောင်မှု့တွေကို ရှတ်ချပြီး ၊ ညှိနှိုင်းဖို့ ကြိူးပမ်းရာမှာလည်း အဆင်မပြေပါဘူး ။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတဲ့

အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှု့ကို ” တရားရင်ဆိုင်နေရသူနဲ့ ပေးတွေ့လို့ မဖြစ်နိုင်ပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ် စစ်တပ်ဟာ အာဏာသိမ်းပြီးစမှာ ၁၂ လအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အထိ အချိန်ဆွဲဆန့်လိုက်ပါတယ်

ဒါကတော့ The Guardian သတင်းဌာနက အရှေ့တောင်အာရှ သတင်းထောက် Rebbecca Ratcliffe ရဲ့ ဆောင်းပါးထဲက ကောက်နုတ်ထားတာတွေပါ ။ ဒီသတင်းဟာ မြန်မာပြည်သူတွသိထားပြီးသားပါ ။ သို့ပေမယ့် မြန်မာ့အရေးအပေါ်မှာ နိုင်ငံတကာသတင်းဌာနတွေက ဘယ်လိုသဘောထားသလဲ ၊ ဘယ်လို သိထားသလဲ ၊ ဘယ်လိုတင်ပြနေသလဲဆိုတာတွေကို တော်လှန်ရေးပြည်သူတွေ သိသင့်တယ်ထင်လို့ ကောက်နုတ်တင်ပြလိုက်ပါတယ် ။ ဘကြီးအောင် LA