News

ဗဟိုဘဏ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြားထဲမှာ လည်စင်းခံနေကြရတဲ့ ပြည်သူတွေဘဝ

ဗဟိုဘဏ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြားထဲမှာ လည်စင်းခံနေကြရတဲ့ ပြည်သူတွေဘဝ

ဗဟိုဘဏ်က စက်သုံးဆီအသင်းနဲ့ပူးပေါင်းပြီး လုပ်ငန်းအချို့ထံ ကန်ဒေါ်လာသန်းချီကို ပြင်ပပေါက်ဈေးထက်လျှော့ရောင်းပြီး ဆီဈေးချရောင်းခိုင်းထားပေမယ့် ပြင်ပဈေးကွက်မှာ 92 Ron တစ်လီတာက ကျပ် (၁၅၀၀)အထက်ကိုရောက်ရှိနေတာဖြစ်ပါတယ်

စက်သုံးဆီအသင်းနဲ့ ပူးပေါင်းရောင်းချနေတဲ့ဆိုင်အချို့ရဲ့ 92 Ron အပါအဝင်စက်သုံးဆီအမျိုးအစားတွေရဲ့တစ်လီတာပျမ်းမျှ ဈေးနှုန်းက ကျပ် (၁၁၀၀) ခန့်သာရှိနေပြီး အဆိုပါဈေးနှုန်းနဲ့

စက်တင်ဘာ (၂၂)ရက်နေ့မှ စတင်ကာနိုင်ငံတစ်ဝှမ်းကအရောင်းဆိုင် (၂၁၃) ဆိုင်က ယနေ့အထိ 92 Ron လီတာ (၆.၃)သန်း၊ ဒီဇယ်လီတာ (၆.၂)သန်းနဲ့ (ပရီမီယံ) ဒီဇယ်လီတာ (၅.၇)သန်းကျော် ရောင်းချပေးထားတယ်လိုသိရပါတယ်

ပြည်ပဈေးကွက်မှာစက်သုံးဆီအမျိုးအစားအားလုံးရဲ့ဈေးနှုန်းတွေက တစ်လီတာကို ကျပ်(၁၅၀၀)အထက်ကိုရောက်ရှိနေပြီး ဒီဈေးနှုန်းတွေက ဖေဖော်ဝါရီလနောက်ပိုင်း (၈)လအတွင်း (၁၀၀)ရာခိုင်နှုန်းကျော်အထိမြင့်တက်လာတာလည်းဖြစ်ပါတယ်

ဖေဖော်ဝါရီလ (၂)ရက်နေ့က ကျပ်(၆၆၀)ကျပ်ရှိခဲ့တဲ့ 92 Ron တစ်လီတာဈေးက ယခုအခါ (၁၅၅၅)ကျပ်ကို ရောက်ရှိလာပြီး တစ်လီတာ (၇၅၀)ကျပ်သာ ရှိခဲ့တဲ့ 95 Ron တစ်လီတာကလည်း ယခုအခါ (၁၅၇၅)ကျပ်အထိ တဟုန်းထိုးမြင့်တက်လာခဲ့တာဖြစ်ပါတယ်

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီဈေးနှုန်းကျဆင်းစေဖို့ရည်ရွယ်ပြီး ပြင်ပပေါက်ဈေးတစ်ဒေါ်လာ ကျပ် (၂၀၀၀)အထက်ရှိနေချိန်အမေရိကန်ဒေါ်လာသန်း(၄၀)ကို ပျမ်းမျှငွေလဲနှုန်း (၁၇၅၀)ကျပ်နဲ့ ပြီးခဲ့တဲ့လအတွင်းရောင်းချပေးခဲ့ပါတယ်

မြန်မာနိုင်ငံအနေနဲ့တစ်နှစ်ကို ပြည်ပကစက်သုံးဆီတန်ချိန် (၆)သန်းခန့် တင်သွင်းနေရပြီး လက်ရှိဘဏ္ဍာနှစ် (၇)လအတွင်းစက်သုံးဆီတန်ချိန် (၂.၇)သန်းတင်သွင်းထားတယ်လို့သိရပါတယ်

အဆိုပါတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ (၁.၂)ဘီလီယံကိုအသုံးပြုထားရပြီး ဒီပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန် (၁)သန်းခန့်၊တန်ဖိုးအားဖြင့် ဒေါ်လာ (၆၆၃)သန်းကျော်လျှော့ချတင်သွင်းထားတယ်လို့သိရပါတယ်

Ref:BETV Business