News

ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးကျသွားရခြင်းကြောင့်ဘာတွေဖစ်လာနိုင်လည်းသိချင်တဲ့သူတွေအဓိကထားဖတ်ပါ

တချို့လူတွေ တသောင်းတန် တရွက်ရဖို့ ချွေးတလုံးလုံး၊ မနက်မိုးလင်းမှ မိုးချုပ်ထိ လှုပ်ရှားရတာ၊ ကိုယ်က ဘာမှ မလုပ်လိုက်ရပဲ အရင်နေ့တွေမှာရှိနေတဲ့ တသောင်းတန်က ငါးထောင်တန်လောက်ပဲ တန်ဖိုးရှိတော့တယ်

ကိုယ်လုပ်ပြီး ကိုယ်မစားရတဲ့ ဘဝ တွေအများကြီး။ တိုင်းပြည်တပြည်ရဲ့ credit ကျသွားရင် ငွေတန်ဖိုးပါမကတော့ဘူး၊ အဲ့ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ ဂုဏ်သိက္ခာတွေ၊ လုပ်အားတန်ဖိုးတွေပါ ကျသွားတာဘယ်ကလဲ လို့ အမေးခံရရင် မြန်မာပြည်က လို့ ပြောမိတာနဲ့ အလိုလို အထင်သေးခံရ၊ လုပ်အားဈေးနှိမ်ခံရတာတွေဟာ အားလုံး ဆက်စပ်မှုရှိတယ်။နာဂစ်ဖြစ်တုန်း အမေရိကမှာ ၁၀ နှစ်ကျော် နေလာတဲ့ အမေရိကန်နိုင်ငံသား သူငယ်ချင်းတယောက် ပြောတာ သတိရတယ်။ နာဂစ်မှာ လူတွေသေနေတဲ့အလောင်း၊ နုံချာတဲ့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊ စုတ်ပျက်သတ်နေတဲ့ ပတ်ဝန်းကျင်

သတင်းက တီဗီဖန်သားပြင်မှာရောက်လာတော့ အလုပ်အတူတူ လုပ်နေတဲ့ အမေရိကန်တွေက “ဟာ ခင်များတို့နိုင်ငံ အတော် ဆိုးတာပဲနော်” ဆိုပြီး အထင်သေးသလို အကြည့်ခံရတယ် တဲ့။ အမေရိကန်နိုင်ငံသားတောင် ဖြစ်နေတဲ့ လူဆီမှာတောင် ရိုက်ခတ်မှုရှိတယ်။ဘဏ်လုပ်ငန်းတခုတွင် ငွေများ ရေတွက်နေသည့် ဝန်ထမ်းများဝင်ငွေမရှိပဲနဲ့ ဝန်ကြီးဌာန တွေကို အသုံးစရိတ် တိုးပေးပြီး နိုင်ငံ့ ဖွံ့ဖြိုးရေး လုပ်မယ် ဆိုကတည်းက ငွေစက္ကူရိုက်ထုတ်တော့မယ် ဆိုတာ သိနေပြီ

တနှစ်အတွင်း ၃ ထောင် ရောက်လာမယ်လို့ ခတ်မှန်းတာတောင် အလွန်ဆုံး လို့တွက်တာ ဒီလောက်မြန်မယ် လို့မတွေးမိဘူး။ ထင်ထားတာထက်တောင် အခြေအနေ တော်တော် ဆိုးနေပြီ။NON CDM တွေ လခ ရလဲ စားလို့လောက်မှာ မဟုတ်တော့ဘူး။ ဒီကြားထဲ အရင်လို အောက်ဆိုက်မျော်ဖို့ကလဲ အဆင်ပြေမှာ မဟုတ်နိုင်ငံခြားငွေတွေ ဈေးတက်သွားတာ မဟုတ်ဘူး၊ ဝင်ငွေနဲ့ထွက်ငွေမမျှတာကြောင့် မြန်မာ ကျပ်ငွေ ဈေးကျသွားတာပါ။ ဝင်ငွေ ၁၀၀ ကျပ်ဖိုးပဲ ရှိတာကို တထောင်ဖိုးသုံးဖို့ ငွေစက္ကူ မိတ္တူပွါးလိုက်တဲ့ သဘော ဖြစ်လို့ အမှန်က လက်ထဲရောက်နေတဲ့ တထောင်တန်ဟာ တရာတန်ပဲ ဖြစ်နေတဲ့ သဘောပါ။ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်

မြန်မာပြည်သူတွေ လုံခြုံမှုမရှိတဲ့ ပြဿနာဟာ ကျပ်ငွေတန်ဖိုး ရုတ်တရက် ကျလာရခြင်းရဲ့ အရင်းခံလို့ မြင်ပါတယ်။Import, export မမျှတာတွေ၊ ငွေစက္ကူရိုက်ထုတ်ပြီး ငွေကြေးဖေါင်းပွတာတွေ ဆိုတာက တဖြည်းဖြည်းချင်းပဲ ပုံမှန်တက်ကျလာတတ်တဲ့ သဘော ရှိပါတယ်။ ခုလို လေဟုန်စီးပြီး ဂျွန်းထိုးကျသလို ဖြစ်တာတော့ လုံခြုံမှု ပြဿနာ လို့မြင်ပါတယ်။ရန်ကုန်မြို့လယ်ခေါင်မှာတောင် ဝင်ချင်တဲ့ အိမ်ဝင်စစ်ခွင့်ရှိနေတာဟာ အိမ်တိုင်း အိမ်တိုင်း မလုံခြုံ တဲ့ စိတ်ခံစားချက် ဖြစ်ပေါ်စေတယ်

အထူးသဖြင့် NLD ပါတီ ထောက်ခံသူအများဆုံး ဖြစ်တဲ့ ရန်ကုန် နဲ့ မန္တလေး လို မြို့ပြ လူထုဟာ ပါတီဝင်များကို ပစ်မှတ်ထားတိုက်ခိုက်သလို ဖြစ်လာတဲ့အပြုအမူမျိုးတွေကြောင့် လူသားလုံခြုံမှု၊ ပိုင်ဆိုင်မှုလုံခြုံမှု ပြဿနာ ရှိနေတာအမှန် ဖြစ်ပါတယ်အခန့်မသင့်လို့ ဧည့်စာရင်းစစ်ရင်း NLD ထောက်ခံတဲ့ အထောက်အထားတစွန်းတစ မြင်တာ နဲ့ (ဒလန်ပြောလို့ပဲသိသိ) ရှိသမျှမွေနှောက်စစ် အိမ်ထဲသိမ်းထားတဲ့ ငွေထုပ်မြင်ရင် ကြုံရာ ပုဒ်မတပ် သိမ်းချင်နေတဲ့ ပြဿနာကလဲ ရှိနေတယ်

ကိုဇင်လင်းကို ဖမ်းပြီး အိမ်သားတွေ ပိုင်ဆိုင်တဲ့ ၆၅ သိန်းကို ဘဏ် ဒမြတိုက်တဲ့ ပုဒ်မတပ်ထားတာပဲ ကြည့်ပါ။ ဒါတောင် ၆၅ သိန်းပဲရှိသေးတာနော်၊ သိန်းထောင်ချီ ပိုင်ဆိုင် (နေ့စဥ်အဝင်အထွက်ရှိ) တဲ့ မိသားစုတွေ အများကြီးဒီတော့ ငွေစက္ကူအိမ်မှာသိမ်းထားဖို့ ကြောက်လာတယ်၊ ဘဏ်အပ်ဖို့ကလဲ ထုတ်ရခက် ဆိုတော့ ရွှေ နဲ့ ဒေါ်လာ ဝယ်ကြမယ်။ လူတွေအများကြီး တချိန်ထဲ ရွှေဝယ် ဒေါ်လာ ဝယ် တဲ့ ဖြစ်စဥ်ဟာ ကြီးမားတဲ့ ရိုက်ခပ်မှု ဖြစ်လာတယ်လို့မြင်ပါတယ်။အမေရိကန်ဒေါ်လာငွေ လဲလှယ်နေတာကို တွေ့ရစဉ်

နောက်ပိုင်းကျရင် ငွေကြေးဖေါင်းပွတာတွေကအစ လူတွေရီစရာ ပြောလိမ့်မယ်။ ထိုင်းသက္ကသိုလ်ကျောင်းသားတွေ မြန်မာပြည်လေ့လာရေး ခရီးသွားတော့ “ငါတို့ သန်းကြွယ်သူဌေး တွေ ဖြစ်ခဲ့တာကွ” ဆိုပြီး ဟာသ လုပ်ကြတယ်သူတို့ငွေ ဒေါ် လာ၂၀၀၀ ဖိုးလောက်လဲ လိုက်တာ ကျပ်ငွေ ၃ သန်းလောက်ရတယ်လေ။ နောက်ကျရင် ဒီ့ထက်မက ဘီလီယံနာ တွေတောင် ဖြစ်အုံးမှာပါ။

အဓိက ကတော့ စကစ အပေါ် ယုံကြည်မှုမရှိတော့တာ။ မအလ တပ်တွေ ဒီလောက် ရက်စက်ပြနေတာတောင် တပ်ထောက်ခံသူတွေက မအလ ကို အားမလိုအားမရ ဖြစ်နေတာ တွေ့ရတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ဘာတွေဖြစ်လာနိုင်သလဲပြည်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၁၇၀၈ ကျပ် ရှိရာကနေ စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ၁၉၈၀ ကျပ်ဝန်းကျင်အထိ ရှိနေတာကြောင့် ဒါဟာ တစ်လအတွင်း တစ်ဒေါ်လာကို ၂၇၂ ကျပ်အထိ မြင့်တက် လာခဲ့တာပါ။ ဒါပေမဲ့ ပြင်ပတရားမဝင်ဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၅၀၀ အထိ ဈေးပေါက်နေပါတယ်။Getty Images

ထိုင်း-မြန်မာ နယ်စပ်မှာလည်း အရင်က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ် ၂၂၀၀ လောက်ရှိခဲ့ပြီး ဒီနေ့ဈေးကွက်မှာတော့ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်ဘတ်ငွေ ၁၅၈၀ နဲ့ ၁၆၅၀ ကြားသာ ရတော့တယ်လို့ နယ်စပ်ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ဒီလိုနယ်စပ်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုးမြင့်နေတာကြောင့် နယ်စပ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေပြီး တချို့ဆိုင်တွေဆိုရင် ဝယ်ယူရောင်းချမှုတွေ ရပ်ထားကြရတယ်လို့ တရုတ်နယ်စပ် မူဆယ်မြို့က ကုန်သည်တစ်ဦးက ပြောပါတယ်

အခုလို နိုင်ငံခြားငွေနဲ့ ရွှေဈေး သိသိသာသာ မြင့်တက်လာတာက မြန်မာကျပ်ငွေအပေါ် လူတွေရဲ့ယုံကြည်မှု ကျဆင်းပြီး ကျပ်ငွေမဟုတ်တဲ့ ရွှေနဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင်ဖို့ ကြိုးစားလာကြတာကြောင့်ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။ဒေါက်တာ စိုးထွန်းအဓိကကတော့ လူတွေရဲ့ မြန်မာငွေအပေါ် ယုံကြည်မှုကျဆင်းလို့ ဖြစ်တယ်လို့ ထင်ပါတယ်။ သူကတော့ Trade Deficit (ကုန်သွယ်မှု လိုငွေပြ) ဖြစ်တဲ့ဟာအပေါ် အခြေခံဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ သိတာတော့ Trade Deficit ဖြစ်ရင်လည်း

သူတက်တဲ့ပမာဏက ဒီလောက်တော့ မတက်နိုင်ဘူးပေါ့နော်။ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာကလည်း အနည်းစုလောက်ပဲ ရောင်းတာပေါ့နော်။ ဝယ်နေကြတာ က နည်းနည်းသမားတွေဆိုတော့ ဈေးတက်တာပေါ့။ ဖြစ်နိုင်ရင်တော့ မျှပြီးတော့ ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လူများများကို ရောင်းပေးနိုင်ရင် ရောင်းတဲ့ပုံစံပြောင်းနိုင်ရင် လူတွေစိတ်ထဲ ဝယ်ချင်တာရမယ် ဆိုရင် ဈေးနည်းနည်း တည်ငြိမ်သွားမယ်လို့ ထင်ပါတယ်

ပြည်တွင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းတာ၊ အလုပ်လက်မဲ့ တိုးပွားတာနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က သုံးသပ်ပါတယ်။

Import, Export ကလဲ မရှိ၊ တရုတ်ဂိတ်တွေလဲ ပိတ်၊ ထိုင်းဂိတ်လဲ ပိတ်၊ ရေကြောင်းကလဲ အကန့်အသတ်ရှိ၊ ဘာ ထုတ်ကုန်မှ ရောင်းစရာမလိုပဲ နိုင်ငံခြားငွေ လိမ့်ဝင်တတ် တဲ့ INGO, CSOs တွေကို နှိပ်ကွပ် လိုက်တာကြောင့် Fund တွေထွက်သွားကြပြီ။

ဘဏ်အကောင့်တွေကို လိုက်ပိတ်လို့ ဘဏ်တွေကိုမယုံတော့တာ လဲ ပါ။ စားသောက်ကုန် ထုတ်လုပ်ပေးတဲ့ အညာဒေသ ကိုလဲ မီးရှို့ထားတယ် ဆိုတော့ မကြာတော့ဘူး၊ အထွေထွေကြပ်သည်းမှု နဲ့အတူ အချင်းချင်း လုစားရမဲ့ (Societal Collapse) ကိန်းဆိုက်မှာပါ။Getty Imagesဒါတောင် PDF တွေက ဘာမှ ကြီးကြီးကျယ်ကျယ် ထိုးစစ်လုပ်သေးတာမဟုတ်ဘူး။ မအလ ထွက်သွားရင်တော့ အမြန်ဆုံးပြန်ကယ်ဆယ်နိုင်မယ်။ မဟုတ်ရင်တော့ ရိက္ခာ စုဆောင်းပြီး ကိုယ့်အိမ်ကိုယ် လုံခြုံရေးယူဖို့ ပြင်ထားကြပါ

စားစရာမရှိရင် လူတိုင်းက ဓါးပြ ဖြစ်လာတတ်တယ်။ ငွေစက္ကူကိုင်ပြီး ဝယ်မဲ့ နေရာ မရှိတဲ့အချိန် ရောက်လာမှာပါ။ မရောင်းပဲထားရင် မြတ်တယ် ဆိုတဲ့ ခေတ် ရောက်တော့မယ်။ခုတောင် လက်လုပ်လက်စားတွေရဲ့ ဘဝ က မလွယ်တော့ဘူး။ သီးခံနိုင်တဲ့ အချိန်ကျော်လာရင် ကြောက်စရာ ကောင်းတတ်ပါတယ်။Ref: ဒေါက်တာ တူးခေါင် & RFA