News

အာဏာသိမ်းစစ်ခေါင်းဆောင် လာမည့် ပူတာအိုတွင် မူလာရှီးဒီဂိတ် တိုက်ခိုက်ခံရ








unicode

အာဏာသိမ်းစစ်ခေါင်းဆောင် လာမည့် ပူတာအိုတွင် မူလာရှီးဒီဂိတ် တိုက်ခိုက်ခံရ

အောက်တိုဘာ ၃၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည့် ပူတာအိုတွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်က

မူလာရှီးဒီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်

ပူတာအိုမြို့နယ်အဝင် စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်း လုံခြုံရေး ချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့ က လ. က်န က်ကြီး လ. က်နက်ငယ်များ ဖြင့်

အချက် ၃၀ ထက်မနည်း သွားရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်

“မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့က ၁နာရီလောက်မှာ သွားတိုက်ခဲ့တာက သေချာတယ်။ ထိခိုက်မှုအခြေအနေက အသေးစိတ် မသိရသေးဘူး”ဟု ပြောဆိုသည်

စစ်ကောင်စီ ဥက္ကဌသည် ယနေ့ ပူတာအိုသို့ ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေချိန် တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည် Ref: Kachin News Group