News

အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း စကစခန့် ပြန်ကြားရေးဝန်ကြီးပြော

အစိုးရကို အမြင်ကပ်ပါကဆဲနိုင်သော်လည်းမီတာခကိုမူမဆောင်ဘဲမနေသင့်ကြောင်းစကစခန့်ပြန်ကြားရေးဝန်ကြီးပြောအစိုးရကိုအမြင်ကပ်ပါကဆဲနိုင်သော်လည်းမီတာခကိုမူမဆောင်ဘဲမနေသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်

စက်တင်ဘာ၃ဝရက်ကနေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာနတွင်ပြည်တွင်း၊ပြည်ပရှိသတင်းမီဒီယာများနှင့်တွေ့ဆုံရာ၌၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ဒီနေ့ပြည်သူတွေမီတာခမပေးချင်ဘူးလို့ပြောတယ်။Why ဘာကြောင့်လဲ။အစိုးရကို အမြင်ကပ်လို့လား။အစိုးရကို အမြင်ကပ်တာနဲ့ပဲ မီတာခ မပေးရတော့ဘူးလား။ဒီမိုကရေစီလေ ဘယ်ဟာမှ

အလကားမရဘူး။မီးလင်းချင်ရင်ပိုက်ဆံပေးရမှာပေါ့။ဒါကျွန်တော်ရိုးရိုးပြောတာပါ။လျှပ်စစ်ကလည်းမီးတစ်ပွင့်ရဖို့ဘယ်လောက်လုပ်ရတယ်ဆိုတာလဲစဉ်းစားလိုက်ရင်သိပါတယ်။ဓားအားထုတ်ဖို့တိုင်တွေစိုက် ကြိုးတွေသွယ် လူတိုင်းမီးရဖို့ အများကြီးလုပ်ရပါတယ်။နိုင်ငံတော်ဘတ်ဂျတ်နဲ့လုပ်ရတယ်။နိုင်ငံတော်ဘတ်ဂျတ်က ဘာလဲ။ပြည်သူ့ဘဏ္ဍာပဲ။အလကား ဘယ်ဟာမှမရဘူး။ကျွန်တော်ပြောတာ

အစိုးရကိုအမြင်ကပ်ရင်ဆဲ။အမြင်ကပ်တာနဲ့မီတာခမပေးဘူးဆိုတော့ဒါနိုင်ငံရေးလား။”ဟု၎င်းကပြောသညထိုအပြင်မြန်မာနိုင်ငံသားများသည်ပြည်တွင်းစစ်ဖြစ်နေသည်ကိုပင်ရှက်ရကောင်းမှန်းမသိကြတော့ကြောင်း ၎င်းက ဆိုသည်

ကမ္ဘာမှာတိုင်းရင်းသားလက်နက်ကိုင်၁ဝဝလောက်နဲ့ပြည်တွင်းမှာပဋိပက္ခတွေ၊တိုက်ပွဲတွေဖြစ်နေတာမြန်မာတစ်နိုင်ငံတည်းရှိပါတယ်တဲ့။အင်မတန်ရှက်ဖို့ကောင်းပါတယ်လို့ကျွန်တော့်ကိုလူတစ်ယောက်ကပြောဖူးတယ်။ကျွန်တော်တို့အနေနဲ့ ရှက်ရကောင်းမှန်းမသိတော့ဘူး။ပြောတော့ ကမ္ဘာမှာ မြန်မာဆိုပြီးတော့မှ သွားချင်ကြတယ်။ကိုယ့်အချင်းချင်းလည်းမတည့်ဘူး

ကိုယ့်ထက်သာရင်လည်းမနာလိုဖြစ်တယ်။နိုင်ငံရေးပါတီဆိုလည်းဖွဲ့လိုက်ရင်အများကြီး၊တော်ကြာကွဲပြန်ပြီ၊ပြဲပြန်ပြီ။”ဟုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။ဦးမောင်မောင်အုန်းသည်စစ်တက္ကသိုလ် အပတ်စဉ်(၂၂)ဆင်းအရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသူဖြစ်သည်စိုင်းစောညို

zawgyi

အစိုးရကို အျမင္ကပ္ပါကဆဲနိုင္ေသာ္လည္းမီတာခကိုမူမေဆာင္ဘဲမေနသင့္ေၾကာင္းစကစခန႔္ျပန္ၾကားေရးဝန္ႀကီးေျပာအစိုးရကိုအျမင္ကပ္ပါကဆဲနိုင္ေသာ္လည္းမီတာခကိုမူမေဆာင္ဘဲမေနသင့္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္

စက္တင္ဘာ၃ဝရက္ကေနျပည္ေတာ္ရွိျပန္ၾကားေရးဝန္ႀကီးဌာနတြင္ျပည္တြင္း၊ျပည္ပရွိသတင္းမီဒီယာမ်ားႏွင့္ေတြ႕ဆုံရာ၌၎ကအထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ဒီေန႔ျပည္သူေတြမီတာခမေပးခ်င္ဘူးလို႔ေျပာတယ္။Why ဘာေၾကာင့္လဲ။အစိုးရကို အျမင္ကပ္လို႔လား။အစိုးရကို အျမင္ကပ္တာနဲ႔ပဲ မီတာခ မေပးရေတာ့ဘူးလား။ဒီမိုကေရစီေလ ဘယ္ဟာမွ

အလကားမရဘူး။မီးလင္းခ်င္ရင္ပိုက္ဆံေပးရမွာေပါ့။ဒါကၽြန္ေတာ္ရိုးရိုးေျပာတာပါ။လၽွပ္စစ္ကလည္းမီးတစ္ပြင့္ရဖို႔ဘယ္ေလာက္လုပ္ရတယ္ဆိုတာလဲစဥ္းစားလိုက္ရင္သိပါတယ္။ဓားအားထုတ္ဖို႔တိုင္ေတြစိုက္ ႀကိဳးေတြသြယ္ လူတိုင္းမီးရဖို႔ အမ်ားႀကီးလုပ္ရပါတယ္။နိုင္ငံေတာ္ဘတ္ဂ်တ္နဲ႔လုပ္ရတယ္။နိုင္ငံေတာ္ဘတ္ဂ်တ္က ဘာလဲ။ျပည္သူ႔ဘ႑ာပဲ။အလကား ဘယ္ဟာမွမရဘူး။ကၽြန္ေတာ္ေျပာတာ

အစိုးရကိုအျမင္ကပ္ရင္ဆဲ။အျမင္ကပ္တာနဲ႔မီတာခမေပးဘူးဆိုေတာ့ဒါနိုင္ငံေရးလား။”ဟု၎ကေျပာသညထိုအျပင္ျမန္မာနိုင္ငံသားမ်ားသည္ျပည္တြင္းစစ္ျဖစ္ေနသည္ကိုပင္ရွက္ရေကာင္းမွန္းမသိၾကေတာ့ေၾကာင္း ၎က ဆိုသည္

ကမၻာမွာတိုင္းရင္းသားလက္နက္ကိုင္၁ဝဝေလာက္နဲ႔ျပည္တြင္းမွာပဋိပကၡေတြ၊တိုက္ပြဲေတြျဖစ္ေနတာျမန္မာတစ္နိုင္ငံတည္းရွိပါတယ္တဲ့။အင္မတန္ရွက္ဖို႔ေကာင္းပါတယ္လို႔ကၽြန္ေတာ့္ကိုလူတစ္ေယာက္ကေျပာဖူးတယ္။ကၽြန္ေတာ္တို႔အေနနဲ႔ ရွက္ရေကာင္းမွန္းမသိေတာ့ဘူး။ေျပာေတာ့ ကမၻာမွာ ျမန္မာဆိုၿပီးေတာ့မွ သြားခ်င္ၾကတယ္။ကိုယ့္အခ်င္းခ်င္းလည္းမတည့္ဘူး

ကိုယ့္ထက္သာရင္လည္းမနာလိုျဖစ္တယ္။နိုင္ငံေရးပါတီဆိုလည္းဖြဲ႕လိုက္ရင္အမ်ားႀကီး၊ေတာ္ၾကာကြဲျပန္ၿပီ၊ျပဲျပန္ၿပီ။”ဟုဝန္ႀကီးဦးေမာင္ေမာင္အုန္းကေျပာသည္။ဦးေမာင္ေမာင္အုန္းသည္စစ္တကၠသိုလ္ အပတ္စဥ္(၂၂)ဆင္းအရာရွိတစ္ဦးျဖစ္ၿပီး တပ္မေတာ္တြင္ ဗိုလ္ခ်ဳပ္အဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့ကာ သမၼတဦးသိန္းစိန္အစိုးရလက္ထက္တြင္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ေပးျခင္း ခံခဲ့ရသူျဖစ္သည္စိုင္းေစာညိဳ