News

ယမန္ေန႔ညပိုင္း ျမေတာင္ေက်ာင္း တိုက္ကို ဝင္စီးအၾကမ္းဖက္ျပန္

စစ္ေကာင္စီက သံဃာ ၅ ပါးကို အၾကမ္းဖက္ ဖမ္းဆီးၿပီးေနာက္ ယမန္ေန႔ညပိုင္း ျမေတာင္ေက်ာင္း တိုက္ကို ဝင္စီးအၾကမ္းဖက္ျပန္
ရန္ကုန္၊ ေအာက္တိုဘာ ၃

အၾကမ္းဖက္ ဖက္ဆစ္စစ္ေကာင္စီက သံဃာေတာ္ ၅ ပါးႏွင့္ လူ ၃ ဦးကို ယမန္ေန႔ သပိတ္စစ္ေၾကာင္း ထြက္စဥ္ ကားျဖင့္ တိုက္ျခင္း၊ ေသနတ္ျဖင့္ ပစ္ျခင္းတို႔ အပါအဝင္ အၾကမ္းဖက္ ဖမ္းဆီးၿပီးေနာက္ ယမန္ေန႔ ညပိုင္း ျမေတာင္ေက်ာင္းတိုက္ကိုလည္း ဝင္ေရာက္စီးနင္းခဲ့ေၾကာင္း သိရွိရသည္။

“မေန႔ညက သူတို႔ လိုခ်င္တဲ့ အျခားသံဃာေတာ္ေတြကို ထပ္ရွာတာ။ ျမေတာင္ကို ဝင္ရွာတယ္။ ဘယ္သူမွေတာ့ မိမသြားဘူး။ ဓာတ္ပုံနဲ႔ရွာတယ္လို႔ သိရတယ္” ဟု ျပည္ႀကီးတံခြန္ဆရာေတာ္က မိန႔္ၾကားသည္။

ေအာက္တိုဘာလ ၂ ရက္ေန႔ အၾကမ္းဖက္စစ္ေကာင္စီက ဖမ္းဆီးသြားေသာ သံဃာေတာ္ ၅ ပါးမွာ ငယ္ျဖဴ ရဟန္းမ်ားျဖစ္ၿပီး ရဟန္းသိကၡာကို မခ်ဘဲ လူဝတ္ေၾကာင္းလဲခိုင္းေသာ္လည္း ရဟန္းအျဖစ္သာ ဆက္လက္ရွိေနေၾကာင္း မႏၲေလး သံဃာ့သမဂၢက ယမန္ေန႔ညပိုင္း သတင္းထုတ္ျပန္သည္။

“မန္း သံဃသမဂၢသပိတ္စစ္ေၾကာင္း ေန႔ ၁ နာရီ ၁၅ မိနစ္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္ စိန္ပန္းရပ္ကြက္ထဲမွာ စထြက္႐ုံရွိေသး အိမ္စီးကားျဖင့္ စခ ရခေတြ ေရာက္လာၿပီး အသံဗုံးေဖာက္ က်ည္အစစ္နဲ႔ပစ္ ကားနဲ႔ဝင္တိုက္ၿပီး သံဃာ ၅ ပါး နဲ႔ လူ ၃ေယာက္ ဖမ္းဆီးခံလိုက္ရပါတယ္။

ဦးဇင္းတပါး ကားနဲ႔ အျပင္းတိုက္ခံရပါတယ္။ က်ည္အစစ္နဲ႔ပစ္တဲ့အတြက္ ရဟန္းေတာ္တပါးလည္း ေျခေထာက္က်ည္ထိထားပါတယ္။ အၾကမ္းဖက္ ဖမ္းဆီး လမ္းမွာတင္ သကၤန္းကိုဇြတ္အတင္းခၽြတ္ လူဝတ္လဲခိုင္းၿပီး အမွတ္ ၁၀ ရဲစခန္းကို ေခၚသြားတယ္လို႔ သိရပါတယ္။

အဖမ္းဆီးခံရေသာ ရဟန္းေတာ္မ်ားႏွင့္ ေက်ာင္းသားမ်ားမွာ က်န္းမာေရးေကာင္းမြန္ၿပီး သာသနာနဲ႔ ျပည္သူအတြက္ အမွန္ရဲဝင့္စြာ ရပ္တည္ၾကေသာ ငယ္ျဖဴရဟန္းေတာ္မ်ားျဖစ္ပါတယ္။ ပရိယတၱိဆိုင္ရာမွာလည္း သာသနာအတြက္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေနၾကေသာ ရဟန္းေတာ္မ်ားျဖစ္ပါတယ္။

ဘယ္လိုပင္ လူဝတ္ကို ဇြတ္အတင္းဝတ္ခိုင္းပါေစ၊ ကိုယ္တိုင္သိကၡာမခ်သေရြ႕ ရဟန္းဟာရဟန္းပါပဲ။ ပစ္မွား ေစာ္ကား ရိုက္ႏွက္ပုတ္ခတ္မႈမွန္သမၽွ တန္ျပန္ဝဋ္ေႂကြးက လာမည္သာျဖစ္ပါတယ္” ဟု မႏၲေလးသံဃာသမဂၢက သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္ စစ္ေကာင္စီက ဖမ္းဆီးသြားေသာ သံဃာေတာ္မ်ားမွာ ဦးသိရိႏၵ၊ ဦးဝိလာသ၊ ဦးသုစိတၱ၊ ဦးေရဝတ၊ ဦးဝီရိယဓမၼတို႔ျဖစ္ၿပီး လူပုဂၢိဳလ္ ၃ ဦးမွာ ရွိုင္းေအာင္၊ ေဌးလြင္စိုး၊ မင္းဝင္းတို႔ ျဖစ္ေၾကာင္း မႏၲေလး သံဃာသမဂၢက သတင္းထုတ္ျပန္ထားသည္။

photo- သပိတ္စစ္ေျကာင္းမွာဖမ္းဆီးခံ၇ေသာသံဃာမ်ား

unicode

စစ်ကောင်စီက သံဃာ ၅ ပါးကို အကြမ်းဖက် ဖမ်းဆီးပြီးနောက် ယမန်နေ့ညပိုင်း မြတောင်ကျောင်း တိုက်ကို ဝင်စီးအကြမ်းဖက်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၃

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက သံဃာတော် ၅ ပါးနှင့် လူ ၃ ဦးကို ယမန်နေ့ သပိတ်စစ်ကြောင်း ထွက်စဉ် ကားဖြင့် တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်းတို့ အပါအဝင် အကြမ်းဖက် ဖမ်းဆီးပြီးနောက် ယမန်နေ့ ညပိုင်း မြတောင်ကျောင်းတိုက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရှိရသည်။

“မနေ့ညက သူတို့ လိုချင်တဲ့ အခြားသံဃာတော်တွေကို ထပ်ရှာတာ။ မြတောင်ကို ဝင်ရှာတယ်။ ဘယ်သူမှတော့ မိမသွားဘူး။ ဓာတ်ပုံနဲ့ရှာတယ်လို့ သိရတယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်က မိန့်ကြားသည်။

အောက်တိုဘာလ ၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားသော သံဃာတော် ၅ ပါးမှာ ငယ်ဖြူ ရဟန်းများဖြစ်ပြီး ရဟန်းသိက္ခာကို မချဘဲ လူဝတ်ကြောင်းလဲခိုင်းသော်လည်း ရဟန်းအဖြစ်သာ ဆက်လက်ရှိနေကြောင်း မန္တလေး သံဃာ့သမဂ္ဂက ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

“မန်း သံဃသမဂ္ဂသပိတ်စစ်ကြောင်း နေ့ ၁ နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ထဲမှာ စထွက်ရုံရှိသေး အိမ်စီးကားဖြင့် စခ ရခတွေ ရောက်လာပြီး အသံဗုံးဖောက် ကျည်အစစ်နဲ့ပစ် ကားနဲ့ဝင်တိုက်ပြီး သံဃာ ၅ ပါး နဲ့ လူ ၃ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။

ဦးဇင်းတပါး ကားနဲ့ အပြင်းတိုက်ခံရပါတယ်။ ကျည်အစစ်နဲ့ပစ်တဲ့အတွက် ရဟန်းတော်တပါးလည်း ခြေထောက်ကျည်ထိထားပါတယ်။ အကြမ်းဖက် ဖမ်းဆီး လမ်းမှာတင် သင်္ကန်းကိုဇွတ်အတင်းချွတ် လူဝတ်လဲခိုင်းပြီး အမှတ် ၁၀ ရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

အဖမ်းဆီးခံရသော ရဟန်းတော်များနှင့် ကျောင်းသားများမှာ ကျန်းမာရေးကောင်းမွန်ပြီး သာသနာနဲ့ ပြည်သူအတွက် အမှန်ရဲဝင့်စွာ ရပ်တည်ကြသော ငယ်ဖြူရဟန်းတော်များဖြစ်ပါတယ်။ ပရိယတ္တိဆိုင်ရာမှာလည်း သာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော ရဟန်းတော်များဖြစ်ပါတယ်။

ဘယ်လိုပင် လူဝတ်ကို ဇွတ်အတင်းဝတ်ခိုင်းပါစေ၊ ကိုယ်တိုင်သိက္ခာမချသရွေ့ ရဟန်းဟာရဟန်းပါပဲ။ ပစ်မှား စော်ကား ရိုက်နှက်ပုတ်ခတ်မှုမှန်သမျှ တန်ပြန်ဝဋ်ကြွေးက လာမည်သာဖြစ်ပါတယ်” ဟု မန္တလေးသံဃာသမဂ္ဂက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားသော သံဃာတော်များမှာ ဦးသိရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မတို့ဖြစ်ပြီး လူပုဂ္ဂိုလ် ၃ ဦးမှာ ရှိုင်းအောင်၊ ဌေးလွင်စိုး၊ မင်းဝင်းတို့ ဖြစ်ကြောင်း မန္တလေး သံဃာသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

photo- သပိတ်စစ်ကြောင်းမှာဖမ်းဆီးခံရသောသံဃာများ