ပင်းပက်စက်ရုံ ထွက် ပစ္စည်းများ သယ်ယူရေး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ တည်ဆောက်ရန် သောင်းကျန်းသူစ်ေခါင်းေဆာင် မင်းေအာင်လှိုင်မှာကြားခဲ့ပါသည်။
တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာ အနီးရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)မှ ထွက်ရှိသည့် သံရိုင်းများနှင့် သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ်တကျ တည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ် ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
မင်းအောင်လှိုင် သည် အောက်တိုဘာ ၁ ရက်၊ ညနေပိုင်းတွင် ပင်းပက်စက်ရုံသို့ သွားရောက် စစ်ဆေးစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း စတင်ရန် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ် တို့ကို အသင့် ကြိုတင် ပြင်ဆင်ထားရန် လိုပြီ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက စက်ရုံများအတွက် ဆုံးရှုံးမှု့ တန်ဖိုး ကြီးမားသည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံအား သတ်မှတ်ရက်အတွင်း စတင် လည်ပတ်၍ သံမဏိ ထုတ်လုပ်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သေးသည်။
အဆိုပါ စက်ရုံစီမံကိန်း လုပ်ငန်းများမှာ လက်ရှိတွင် ပြန်လည် စတင်နေပြီ ဖြစ်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေကာ စီမံကိန်းကို ရုရှားနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းနောက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စက်္မှုဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံကိန်းတည်ဆောက္မှု့ကို ရပ်ဆိုင်းခဲ့ရာ ယခု ၄ နှစ်ခွဲအကြာတွင် ပြန်လည် စတင်နေခြင်း ဖြစ်သည်။
Zawgyi
ပင္းပက္စက္႐ုံ ထြက္ ပစၥည္းမ်ား သယ္ယူေရး လွ်ပ္စစ္ရထား ေျပးဆြဲႏိုင္ရန္အတြက္ ရထားလမ္းမ်ား တည္ေဆာက္ရန္ ေသာင္းက်န္းသူစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္မွာၾကားခဲ့ပါသည္။
ေတာင္ႀကီးၿမိဳ႕နယ္၊ ပင္းပက္ေဒသ၊ ပင္ငို ေက်း႐ြာ အနီးရွိ အမွတ္(၂) သံမဏိစက္႐ုံ (ပင္းပက္)မွ ထြက္ရွိသည့္ သံ႐ိုင္းမ်ားႏွင့္ သံမဏိမ်ားအား ေငြကုန္ေၾကးက် သက္သာစြာျဖင့္ သယ္ယူႏိုင္ေရး လွ်ပ္စစ္ရထား ေျပးဆြဲႏိုင္ရန္အတြက္ ရထားလမ္းမ်ား စနစ္တက် တည္ေဆာက္ရန္ႏွင့္ လွ်ပ္စစ္ဓာတ္အား မျပတ္ ရရွိေအာင္ စနစ္တက် စီမံေဆာင္႐ြက္ရန္ လိုေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ ဥကၠဌက မွာၾကားခဲ့ေၾကာင္း သိရသည္။
မင္းေအာင္လႈိင္ သည္ ေအာက္တိုဘာ ၁ ရက္၊ ညေနပိုင္းတြင္ ပင္းပက္စက္႐ုံသို႔ သြားေရာက္ စစ္ေဆးစဥ္ ယင္းကဲ့သို႔ မွာၾကားခဲ့ျခင္း ျဖစ္သည္။
စီမံကိန္း စတင္ရန္ လွ်ပ္စစ္၊ သဘာဝဓာတ္ေငြ႕၊ ကုန္ၾကမ္းႏွင့္ သယ္ယူ ပို႔ေဆာင္ေရးစနစ္ တို႔ကို အသင့္ ႀကိဳတင္ ျပင္ဆင္ထားရန္ လိုၿပီ လွ်ပ္စစ္ ဓာတ္အား ျပတ္ေတာက္မႈမ်ား ျဖစ္ေပၚပါက စက္႐ုံမ်ားအတြက္ ဆုံးရႈံးမႈ႕ တန္ဖိုး ႀကီးမားသည့္အတြက္ လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားမ်ား ျပတ္ေတာက္မႈ မရွိေစေရး စနစ္တက်ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ စက္႐ုံအား သတ္မွတ္ရက္အတြင္း စတင္ လည္ပတ္၍ သံမဏိ ထုတ္လုပ္မႈအား အျမန္ဆုံး ေဆာင္႐ြက္ႏိုင္မည္ဆိုပါက ႏိုင္ငံ အတြက္ ႏိုင္ငံျခားေငြ သုံးစြဲမႈမ်ားကို ေလွ်ာ့ခ်ႏိုင္မည္ဟုလည္း ၎က ေျပာဆိုခဲ့ေသးသည္။
အဆိုပါ စက္႐ုံစီမံကိန္း လုပ္ငန္းမ်ားမွာ လက္ရွိတြင္ ျပန္လည္ စတင္ေနၿပီ ျဖစ္ၿပီး လာမည့္ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္တြင္ စတင္လည္ပတ္ ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္ေနကာ စီမံကိန္းကို ႐ုရွားႏိုင္ငံ Tyazhpromexport (TPE) ႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔ ပူးေပါင္း၍ ၂၀၀၆ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္တြင္ စတင္အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရပါသည္။
ယင္းေနာက္ ၂၀၁၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္တြင္ စက္ၼႈဝန္ႀကီးဌာနသို႔ လႊဲေျပာင္းကာ ၂၀၁၇ ခုႏွစ္၊ မတ္လ ၆ ရက္ႏွင့္ ၁၅ ရက္တို႔တြင္ ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ စီမံကိန္းတည္ေဆာကၼႈ႕ကို ရပ္ဆိုင္းခဲ့ရာ ယခု ၄ ႏွစ္ခြဲအၾကာတြင္ ျပန္လည္ စတင္ေနျခင္း ျဖစ္သည္။