News

မအလ တို့အကြမ်းဖက်စစ်ကောင်စီကို အပြုတ်တိုက်မယ်။ NUG ကတိတည်ဖို့လိုတယ်

မအလ တို့အကြမ်းဖက်စစ်ကောင်စီကိုအပြုတ်တိုက်မယ်NUGကတိတည်ဖို့လိုတယကယားပြည်နယ်သည်မြန်မာနိုင်ငံ၏လူဦးရေအနည်းပါးဆုံးနှင့်ဧရိယာအသေးငယ်ဆုံးပြည်နယ်တစ်ခုဖြစ်သည်။သို့သော် တိုင်းပြည်၏နိုင်ငံရေး၊ဖက်ဒရယ်ဒီမိုကရေစီအရေးနှင့်ပတ်သတ်၍ရှေ့ဆုံးမှတက်ကြွစွာပါဝင်ဆောင်ရွက်နေသောပြည်နယ်တစ်ခုဖြစ်သည်တိုင်းပြည်ကိစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က

လက်နက်အားကိုးဖြင့်အာဏာသိမ်းချိန်တွင်လည်ကရင်နီလူငယ်များကငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့သလိုစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းခဲ့သည့်နောက်ပိုင်းရက်စက်ကြမ်းကြုတ်သောအာဏာသိမ်းစစ်တပ်ကိုရရာလက်နက်စွဲကိုင်ကာအသက်စွန့်ခုခံတိုက်ခိုက်ခဲ့ကြသည်လက်ရှိတွင်ကယားပြည်နယ်ရှိဒီးမော့ဆို၊လွိုင်ကော်နှင့ဖရူဆိုမြို့နယ်၊ရှမ်းပြည်နယတောင်ပိုင်းရှိဖယ်ခုံမြို့နယ်တို့၌ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့

KNDF၊ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့KPDFကရင်နီတပ်မတော်ဖယ်ခုံPDFမိုးဗြဲနေပြည်တော်PDFတို့ကစစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်နေဆဲဖြစ်ပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည် ကယားပြည်နယ်၏လက်ရှိတိုက်ပွဲအခြေအနေ၊စစ်ဘေးရှောင်များ၏အခြေအနေCRPHနှင့်NUGအစိုးရတို့အပေါ်သဘောထားများ၊PDFများ၏နိုင်ငံရေးရည်မှန်းချက်၊နွေဦးတော်လှန်ရေးအောင်မြင်ပြီးနောက် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သတ်၍

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့KNDF၏စစ်ရေးတာဝန်ခံဗိုလ်မျက်မှန်အားဧရာဝတီတိုင်းမ်သတင်းဌာနကဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်မေလက်ရှိဖြစ်ပွားနေတဲ့ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေ ပြောပြပေးပါ။ ဖြေ တိုက်ပွဲဖြစ်နေတာက ဒီးမော့ဆိုရယ် ဖယ်ခုံရယ် ဖြစ်နေတာ။ အခုဆိုရင် မိုးဗြဲနားတဝိုက်မှာ စစ်ကောင်စီ

စစ်ကြောင်းတွေရှိတယ်အဓိကခိုနေတဲ့ဟာပေါ့လေမနေ့ညနဲ့ဒီနေ့ကတော့စစ်ကောင်စီဘက်ကနည်းနည်းငြိမ်သွားတယ်ပြီးတော့သူတို့လွိုင်ကော်ဘက်ကိုဆုတ်လာတာလည်းရှိတယအခုတော့စစ်ကြောင်းတွ၊စစ်အင်အားတွေထပ်ပို့တော့လွိုင်ကော်ကနေစစ်ကြောင်းထွက်လာမယ်။အဓိကတိုက်ပွဲဖြစ်နေတာတော့ဒီးမော့ဆိုမှာအဓိကဖြစ်နေတာတိုက်ပွဲ၅ပွဲဆက်တိုက်ကိုစ်တာမေးအထိအခိုက်အကျအဆုံးဘယ်လိုရှိပါသလဲ။ ဖြေ ကျနော်တို့တွေ့တာကတော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်တော့ သေဆုံးတာ

အတည်ပြုနိုင်တယ်ကျနော်တို့ဘက်ကတော့၂ယောက်ကျတယ်မေးဒေသခံတွေစစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့အခြေအနေကိုလည်းပြောပြစေချင်ပါတယ်။လူထုတွေကတော့ဒီးမော့ဆိုမြို့နယ်လမ်းဘေးရွာတွေမှာ လူထုတွေ မရှိတေော့ဘူး။ လွတ်ရာကျွတ်ရာ ပြေးကုန်ပြ ရွာပေါင်း ၃၀ ၄၀ ဝန်းကျင်လောက်ကတော့ စစ်ရှောင်စခန်းတွေနဲ့

သူတို့ဆွေမျိုးတွေရှိတဲ့နေရာတွေမှာ တိမ်းရှောင် နေရတယ် မေး ကလေးတွေကို ပညာရေးမနောက်ကျအောင် စစ်ရှောင်စခန်းတွေမှာ စာသင်ပေးတာရှိတယ်လို့ ကြားရတယ်အခုတိုက်ပွဲတွေဖြစ်နေတော့ စာသင်တာတွေဆက်လုပ်နေဖြစ်လားဖြကလေးတွေစာသင်တာကတော့ဆက်ပြီးတော့အကောင်အထည်ဖော်နေပါတယ်စာဆက်သင်ပေးနေပါတယ်။စစ်ကြောင်းမရောက်ဘူးဆိုရင်စာသင်တဲ့ကိစ္စကဆက်လုပ်နေမှာပါတိုက်ပွဲနီးလာရင်တော့ ရွှေ့ရမယ့်အခြေအနေ ရှိတာပေါ့။ ဒီအပေါ်မူတည်ပြီးတော့ စာသင်တာက ဆက်လုပ်နေဦးမှာပါပဲမေး KNDF အဖွဲ့အနေနဲ့NUG အစိုးရနဲ့ ချိတ်ဆက်မှုရှိသလား

ဖြေကျနော်တို့သိသလောက်ကတော့NUGCRPHနဲ့ကျနော်တို့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပါတယ်မေးKNDFအဖွဲ့အနေနဲ့စစ်ရေးဆိုင်ရာကိစ္စတွေမှာဘာတွေအခက်အခဲအကြပ်အတည်းရှိနေလဲ ဖြစစ်ကောင်စီနဲ့တိုက်ခိုက်တဲ့နေရာမှာအဓိကလိုနေတာတော့တိုက်ခိုက်ရေးနဲ့ပတ်သတ်တဲ့လက်နက်ပစ္စည်းတွေ၊ကိရိယာတွေလိုအပ်နေပါတယ်။လုံလုံလောက်လောက်မရှိပါဘူးတလျှောက်လုံးမှာရှိတာနဲ့ပဲ တိုက်လာခဲ့တာပါ။ အခုဆို တိုက်ခိုက်လာတာ ၄ လရှိပြီ။ ရှိတာလေးနဲ့ပဲ တိုက်နေကြတာ။ တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်တွေ၊ ဒါလေးနဲ့ပဲ စစ်ကောင်စီကို

ပစ်နေရတယ်မေးKNDFအနေနဲ့ဖက်ဒရယ်ပြည်ထောင်စုအပေါ်ဘယ်လိုမျှော်မှန်းထားလဲ။ဖြေကျနော်တို့ကတော့ဒီတိုက်ပွဲကိုဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ပေါ်ပေါက်တဲ့အထိတိုက်မယ်စစ်ကောင်စီကိုလည်း တပါတည်း ဖြုတ်သိမ်းနိုင်ရမယ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တပါတည်း သွားနိုင်တဲ့ အခြေအနေဖြစ်အောင်ကျနော်တို့ရည်မှန်းထားတယ်။မေးနွေဦးတော်လှန်ရေးအောင်မြင်ခဲ့ရင် ဘယ်လိုပုံစံနဲ့ ခရီးဆက်ဖို့ရှိမလဲ။

ဖြေ KNDF မှာ တိကျရှင်းလင်းတဲ့ပေါ်လစီတွေ ရှိပါတယ်ကျနော်တို့က ပေါ်လစီနဲ့သွားရတဲ့အတွက် ကျနော်တို့ ရဲဘော်ပုံစံကို အမျိုးအစားလိုက် ခွဲထားပါတယ်FederalArmyဖက်ဒရယ်စစ်တပ်ထဲကို ဆက်သွားချင်တဲ့လူကသွားမယ်။ဒါကိုလည်းပိတ်ပင်မထားသလိုစစ်ကောင်စီကိုဖြုတ်ချနိုင်တာနဲ့နားမယ်ဆိုတဲ့ရဲဘော်တွေကိုလည်းလမ်းဖွင့်ပေးထားတဲ့ပေါ်လစီရှိတယ်။ကျနော်တို့ဆီမှာလည်းလက်နက်ဖြုတ်သိမ်းရေးပေါ်လစီ ရှိပါတယ်။ ဒီမူဝါဒအတိုင်း ဆက်လျှောက်သွားမှာပါ။ မေး KNDF ရဲ့ အန္တိမရည်မှန်းချက်က ဘာဖြစ်မလဲ။ ဖြေ – စစ်အာဏာရှင်ဖြုတ်ချနိုင်တဲ့အထိကို ကျနော်တို့ ပစ်မှတ်ထားတယ်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ပြီ ဆိုတာနဲ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်တဲ့အနေရာမှာ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့နိုင်ငံအဖြစ် ရုပ်လုံးပေါ်လာဖို့ကို ကျနော်တို့အားလုံး ရည်မှန်းပြီး သွားနေတာဖြစ်တယ်။ သဘောကတော့ဗျာ စစ်ကောင်စီကို ကျနော်တို့ ဖြုတ်သိမ်းမယ်တပါတည်းမှာ ဒီပြည်နယ်သော်လည်းကောင်း၊ ဒီနိုင်ငငံသော်လည်းကောင်း ဝိုင်းဝန်း တည်ဆောက်တဲ့ဟာမျိုးတွေ ဖြစ်တဲ့အထိ ကျနော်တို့တွေ ဆက်ရှိနေမှာဖြစ်ပါတယ်။ မေး – NUG အစိုးရလုပ်ဆောင်မှုအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေဒီကြားကာလမှာNUGရဲ့လမ်းညွှန်မှုကိုနိုင်ငံရေးမှာရော၊တော်လှန်ရေးမှာရောကျနော်တို့အပြည့်အဝခံယူထားပါတယ်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာကျနော်တို့အသေးစိတ်သဘောမကျတာတွေရှိသလိုသဘောကျတာတွေလည်းရှိတယ်။သေချာတာတစ်ခုကတော့NUGအစိုးရသည်လူထုရဲ့အစိုးရပဲပြည်သူလူထုရဲ့မဲတွေနဲ့တက်လာတဲ့အစိုးရတစ်ရပ်ဖြစ်တဲ့အတွက်သူတို့ကတော့ကျနော်တို့အစိုးရဖြစ်ပါတယ်။ သူတို့ရဲ့လမ်းညွှန်မှု အောက်မှာ အပြည့်အဝသွားနိုင်ဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ ကျနော်တို့အနေနဲ့ NUG အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ်သုံးသပ်ဖို့့ အချိန်စောတယ်လို့ပဲ ပြောချင်တယ်။

မေးကရင်နီလူငယ်တွေဟာ၂၀၁၅ရွေးကောက်ပွဲမှာNLပါတီအနိုင်ရရေးအတွက်တက်တက်ကြွကြွလုပ်ပေးခဲ့တယ်NLDအစိုးရဖြစ်လာတော့လွိုင်ကော်မှဗိုလ်ချုပ်ကြေးရုပ်ဆောက်တာကိုဆန့်ကျင်ကန့်ကွက်မှုကနေ ကရင်နီလူငယ်တွေ အဖမ်းခံ၊ ထောင်ချခံရတဲ့အထိ ဖြစ်ခဲ့တယ်။ လက်ရှိမှာကျတော့ ကရင်နီလူငယ်တွေဟာ CRPH နဲ့ NUG ကို ပြန်ပြီးတော့ ထောက်ခံပံ့ပိုးမှုတွေ လုပ်ဆောင်နေတဲ့အပေါ် ကရင်နီလူငယ်တွေအနေနဲ့ဘယ်လိုခံစားချက်ရှိလဲ။ဖြကျနော်တို့အနေနဲ့တော့အရပ်သားအစိုးရနဲ့ညှိနှိုင်းရတာပိုပြီးတော့ကောင်းပါတယ်အဓိကတောလူထုရဲ့သဘောထားကအခြေခံလိုက်နာရမယ့်စည်းမျဉ်းဖြစ်ပါတယ် ပြောရရင်တော့ လက်ရှိအချိန်မှ လူထုတရပ်လုံးကNUG အစိုးရကို ယုံကြည်ထားတယ်လူထုဆန္ဒကိုကျနော်တို့ဖြည့်ဆည်းပေးရမယ်။

အစ်ကိုမေးသလို၂၀၁၅မှာဖြစ်ခဲ့သလိုဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာဖြစ်ခဲ့တာကိုနောက်ကြောင်းပြန်ပြောရင်ပြီးမှာမဟုတ်ဘူး။ဒါပေမယ့်နိုင်ငံရေးဆိုတာကတော့အမြဲတမ်းတစ်ခုတည်းတည်မနေဘူးဗျအမြဲအပြောင်းအလဲရှိတယပေမယ့် ဒီအပြောင်းအလဲအတွက် ကျနော်တို့နဲ့ သူတို့နဲ့ အရင်တုန်းက ရန်သူဆိုပေမယ့် အခုချိန်မှာ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ကျနော်တို့

မိတ်ဆွေကောင်းဖြစ်အောင်ကြိုးစားနေတယ်။ဒီနေရာမှာစိတ်ခံစားချက်ဆိုတာထက်လူထုဆန္ဒကပိုအရေးကြီးတယ်လို့ယူဆတယ်။ကျနော်တိုလူထုဆန္ဒကလွဲပြီးတော့ဘယ်ဟာမှကျော်လွန်လို့မရပါဘူးအရင်တုန်းက ပြဿနာဖြစ်ခဲ့ဖူးတဲ့သူနဲ့တောင် ရံဖန်ရံခါ တဝိုင်းထဲထိုင်ပြီးတော့ ဒီနိုင်ငံရဲ့ကောင်းကျိုး ဆိုးကျိုးတွေကို အတူ မျှဝေနေရတဲ့အခြေအနေတောင် ရောက်နေပါပြီ။

မေးကရင်နီလူငယ်တွေစုစည်းပြီးစစ်အာဏာရှင်ကိုတော်လှန်နေကြတယ်ဒီအခြေအနေမှာNUGအစိုးရကိုဘာများတောင်းဆိုချင်တာရှိပါသလဲဖြပြောချင်တာကတော့ကျနော်တို့လက်ရှိNUGသွားနေတဲ့လမ်းကြောင်းဟာ တကယ်လို့များ တော်လှန်ရေး ပြီးသွားခဲ့မယ်ဆိုရင် ဒီစစ်ကောင်စီ၊ စစ်အာဏာရှင် တကယ်ချုပ်ငြိမ်းသွားပြီဆိုတာနဲ့ ဒီသဘောထားတွေ မပြောင်းလဲဖို့ လိုတယ်။

ကျနော်တို့အပေါ်ကတိတည်ဖို့လိုတယ်ပြည်သူလူထုတွေကိုကတိတည်ဖို့လိုတယ်ဒါကလွဲရင်ကျန်တာဘာမှတောင်းဆိုဖိုမရှိပါဘူးNUGကြေညာထားတဲ့နိုင်ငံရေးလမ်းပြမြေပုံအတိုင်းကတိတည်တည်သွားဖို့လည်း ကျနော်တို့တောင်းဆိုချင်တယ်။crd-ဧရာဝတီတိုင်းမ်