News

တပ်ကို မင်းအဖေမှတ်နေလား ၊ –မသားတွေ” ဆိုသည့် စစ်ဗိုလ် ၏ …. မိုးမွှန်နေ(ရုပ်/သံ)

“—–မသားတွေ ၊ တပ်ကို မင်း အဖေ မှတ်နေလား မသားတွေ”ဆိုသည့စစ်ဗိုလ်၏ဆဲဆိုသံမိုးမွှန်နေသောဧည့်စာရင်းစစ်သည့်ဗီဒီယိုဖိုင်အွန်လိုင်းပေါ်တွင်ပြန့်နှံ့နေပြီးပြည်သူများဝေဖန်မှုမြင့်တက်(ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အာဏာသိမ်းပြီးနောက် ပြည်သူကို သတ်ဖြတ်ခြင်း၊ ဆဲဆိုခြင်းနှင့် ဥပဒေမဲ့ နိုင်ထက်စီးနင်း ဆက်ဆံမှုများလုပ်ဆောင်လျက်ရှိကြောင်း ပြည်တွင်းမှ ပြည်သူများက ပြောဆိုကြသည်။

လက်ရှိတွင်လူမှုကွန်ရက်တွငအောက်တိုဘာလ၁ရက်နေ့ညပိုင်းအကြမ်းဖက်စစ်တပ်ကတည်းခိုခန်းတစ်ခုကိုဝင်ရောက်စစ်ဆေးရင်းတည်းခိုခန်းမှဝန်ထမ်းများကိုဆဲဆိုခြိမ်းခြောက်နေသောဗီဒီယိုဖိုင်တစ်ခုမှာ ပြန့်နှံ့နေလျက်ရှိပြီး ယင်းသို့ ပြည်သူကို ပြောဆို ဆက်ဆံမှုများမှာ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံး ပြည်သူများ ကြုံတွေ့နေရသော အခြေအနေ ဖြစ်ကြောင်း

ရန်ကုန်ပြည်သူတချို့က ဆိုကြသည်စစ်တပ် ဗိုလ်တွေရော စစ်သား ရဲ အကုန်လုံး ပြည်သူကို ဆဲဆို ဆက်ဆံနေကြတာပဲ။ လက်နက်အားကိုးနဲ့ပေါ့။ ပြည်သူက လက်နက်မရှိ​တော့ ငြိမ်ခံရတာပဲ။ မလုံခြုံဘူး။ အခု စဉ်းစားမိတာက နိုင်ငံ ခြားထွက်မယ်။ သူတို့နဲ့ဝေးရာ နေမယ် အဲဒါပဲ စဉ်းစားမိတော့တယ်။ သူတို့လို အရိုင်းအစိုင်းတွေနဲ့တော့ တကယ် မနေချင်တော့ဘူး” ဟု ရန်ကုန်၊ ဂျပန်စာသင်တန်းကျောင်း

ဆရာတစ်ဦးက ပြောသည်။လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော အလွန်ရိုင်းစိုင်းစွဆက်ဆံပြောဆိုသည့်စစ်တပ်အရာရှိ၏ဆဲဆိုသံမိုးမွှန်နေသောဗီဒီယိုကိုရန်ကုန်ခေတ်သစ်အနေဖြင့်ပြန်လည်ဝေမျှလိုက်ပါသည်။

Zawgyi

“—–မသားေတြ ၊ တပ္ကို မင္း အေဖ မွတ္ေနလား မသားေတြ”ဆိုသည့စစ္ဗိုလ္၏ဆဲဆိုသံမိုးမႊန္ေနေသာဧည့္စာရင္းစစ္သည့္ဗီဒီယိုဖိုင္အြန္လိုင္းေပၚတြင္ျပန႔္ႏွံ့ေနၿပီးျပည္သူမ်ားေဝဖန္မႈျမင့္တက္(႐ုပ္/သံ)

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစတင္၍ အာဏာသိမ္းၿပီးေနာက္ ျပည္သူကို သတ္ျဖတ္ျခင္း၊ ဆဲဆိုျခင္းႏွင့္ ဥပေဒမဲ့ နိုင္ထက္စီးနင္း ဆက္ဆံမႈမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း ျပည္တြင္းမွ ျပည္သူမ်ားက ေျပာဆိုၾကသည္။

လက္ရွိတြင္လူမႈကြန္ရက္တြငေအာက္တိုဘာလ၁ရက္ေန႔ညပိုင္းအၾကမ္းဖက္စစ္တပ္ကတည္းခိုခန္းတစ္ခုကိုဝင္ေရာက္စစ္ေဆးရင္းတည္းခိုခန္းမွဝန္ထမ္းမ်ားကိုဆဲဆိုၿခိမ္းေျခာက္ေနေသာဗီဒီယိုဖိုင္တစ္ခုမွာ ျပန႔္ႏွံ့ေနလ်က္ရွိၿပီး ယင္းသို႔ ျပည္သူကို ေျပာဆို ဆက္ဆံမႈမ်ားမွာ ရန္ကုန္၊ မႏၲေလး အပါအဝင္ တစ္နိုင္ငံလုံး ျပည္သူမ်ား ၾကဳံေတြ႕ေနရေသာ အေျခအေန ျဖစ္ေၾကာင္း

ရန္ကုန္ျပည္သူတခ်ိဳ႕က ဆိုၾကသည္စစ္တပ္ ဗိုလ္ေတြေရာ စစ္သား ရဲ အကုန္လုံး ျပည္သူကို ဆဲဆို ဆက္ဆံေနၾကတာပဲ။ လက္နက္အားကိုးနဲ႔ေပါ့။ ျပည္သူက လက္နက္မရွိ​ေတာ့ ၿငိမ္ခံရတာပဲ။ မလုံျခဳံဘူး။ အခု စဥ္းစားမိတာက နိုင္ငံ ျခားထြက္မယ္။ သူတို႔နဲ႔ေဝးရာ ေနမယ္ အဲဒါပဲ စဥ္းစားမိေတာ့တယ္။ သူတို႔လို အရိုင္းအစိုင္းေတြနဲ႔ေတာ့ တကယ္ မေနခ်င္ေတာ့ဘူး” ဟု ရန္ကုန္၊ ဂ်ပန္စာသင္တန္းေက်ာင္း

ဆရာတစ္ဦးက ေျပာသည္။လူမႈကြန္ရက္တြင္ ျပန႔္ႏွံ့ေနေသာ အလြန္ရိုင္းစိုင္းစြဆက္ဆံေျပာဆိုသည့္စစ္တပ္အရာရွိ၏ဆဲဆိုသံမိုးမႊန္ေနေသာဗီဒီယိုကိုရန္ကုန္ေခတ္သစ္အေနျဖင့္ျပန္လည္ေဝမၽွလိုက္ပါသည္။