News
မဂ်လာဒုံလေဆိပ်မှ နံနက်ပိုင်းတွင် လေယာဉ်ကိုးစင်းပျံသန်းနေမှု မြင်ကွင်းများ
တစ်ကြိမ်မှာ သုံးစင်းနှုန်းနဲ့ မနက်ရနာရီလောက်က ၁ကြိမ်၊ နောက်တော့ကိုးနာရီခွဲ လောက်မှာ တစ်ကြိမ် ၁ဝ နာရီထိုး လောက်က ၁ ကြိမ်ပျံတက်သွားတာပါ ဟုဒေသခံတစ်ဦးက ဆိုသည်
unicode
မဂ်လာဒုံလေဆိပ်မှ နံနက်ပိုင်းတွင် လေယာဉ်ကိုး စင်းပျံသန်း၊ မဂ်လာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေယာဉ်ကိုးစင်းအောက်တိုဘာလ ၃ရက် နေ့နံနက်ပိုင်းတွင် ပျံတက်သွားကြောင်းသိရသည်
ဒီကနေ့နံနက်ပိုင်းတွင် မဂ်လာဒုံလေဆိပ်မှ တစ်ကြိမ်လျှင် သုံးစီးနှုံးဖြင့် လေယာဉ် ကိုးစင်း ပျံတက်သွားသည်ကို တွေ့မြင်ရကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်
လေယာဉ်ပျံ ပျံတက်သွားသည်ကိုသာ တွေ့ရသော်လည်း မည်သည့်အမျိုးအစားကိုမူ သိရှိရခြင်းမရှိသေးပေ MPAအနေဖြင့် မဂ်လာဒုံ့ လေဆိပ်မှ တာဝန်ရှိများထံသို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း တစ်စုံတရာ တုံပြန်ပြောကြား ခဲ့ခြင်း မရှိချေ
အောက်တို ဘာလ၂ရက်နေ့ကလည်း ရန်ကုန်လေဆိပ်မှ စစ်ဘက်သုံး လေယာဉ်၄ စီးထက် မနည်း ပျံတက်ခဲ့သေးသည်။ ည၁၁ နာရီခွဲ အချိန်ခန့်တွင် လေယာဉ်အများအပြား ပျံသန်းသော အသံများကြားခဲ့ရကြောင်း ရန်ကုန်ဒေသခံ အချို့ကဆိုသည်
စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများမှ အချို့၏ ပြောပြချက်အရ စစ်ဖြစ်ပွားနေသည့် စစ်အင်အားတိုးချဲ့သည့် အနေအထားလည်း ဖြစ်နိုင်ကြောင်း သိရှိရသည်
အဓိကကတော့ စစ်ဖြစ်တဲ့နေရာနေတွေကို ရိက္ခာထောက်တာမျိုး လူအင်အား တိုးချဲ့တာမျိုးဖြစ်နိုင်တယ် အခြားအစီစဉ် တော့ အကိုတို့လည်း မပြောတတ်ဘူး အဲ့လိုပြုံတက်တာမျိုးက သာမန်ဆို မရှိတတ်ဘူးလေ ဟု ဒေသခံတစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်
လက်ရှိအချိန်တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနသ်ာရီတိုင်းတို့တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်တပ်များ အကြား စစ်ရေးအရ တင်းမာမှုများ၊စစ်ပွားနေခြင်းများရှိသည် Ref: MPA