News

မြန်မာစကားပြောတတ်သူလက်ချိူးရေလို့ရတဲ့ရွာကလေးတစ်ရွာကိုရောက်နေတဲ့အကြောင်းပြောပြလာတဲ့ ထားထက်ထက်

ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တို

င်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်

သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။ တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့ဘာလို့လဲဆိုတော့ သူအသက် ၁၀ နှစ်သ

မီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်… တော်တော်ပင်ပန်းတဲ့ ဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်

စစ်ဘေးရှောင်ရတဲ့အချိန်တုန်းက မိသားစုစားဖို့ ရိက္ခာသယ်သွားရတဲ့အခါ ဆန်အိတ်ကိုခေါင်းပေါ်ရွက် လို့ မတ်တပ်အိပ်ရတဲ့အ

ခါတွေတောင် ရှိခဲ့တယ်တဲ့ဆန်အိတ်ချပြီးနားရင် ပြန်ပြီး မ , တင်ဖို့ မနိုင်လို့တဲ့ရွာပြန်ရောက်တဲ့ အခါ လဲ နေစရာအိမ်က ပြာ

ကျအောင် မီးတိုက်ခံထားရသလို အိမ်မွေးတိရစ္ဆာန်တွေ ကိုလဲ စိတ်ကြိုက် ယူဆောင် သွားကြသေးသတဲ့

ပြီးတော့ ဗမာစစ်သားတွေက ကရင်တိုင်းရင်းသားတွေကို ရွာ

လုံးကျွတ်သတ်ဖြတ်တာတွေ ၊ သတ်တဲ့အခါလဲ ချက်ချင်း မသတ်ပဲ ရက်ရက်စက်စက် နားရွက်ကိုဖြတ် ၊ မျက်လုံးတွေဖောက်ထုတ်နဲ့ သတ်တာတွေ

ကြုံခဲ့ရတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်

ဒါကြောင့် ဗမာတွေဆို သိပ်မုန်းတာ

ဗမာစကားကို လုံးဝမတတ်ချင် မပြောချင်ဘူးမသင်ချင်ဘူး ဗမာတွေနဲ့ စကားပြောနေရမှာစိုးလို့တဲ့

အဲ့လိုစကားတွေ နားထောင်နေရတဲ့အချိန် ကျွန်မအင်မတန် စိတ်မကောင်း ဖြစ်ရပါတယကျွန်မမျက်နှာဘယ်နားထားရမှန်း မ

သိအောင် အားနာပြီး မျက်နှာတွေ ပူနေမိတယ်

အရင်က ဒီလိုနာကြည်းစိတ်တွေရှိတဲ့ အမ က အခု သူတခါမှ မမြင်ဖူးတဲ့ ကျွန်မကို မေတ္တာပြ ဆက်ဆံပေးပြီး ကျွန်မ

တို့စားဖို့အတွက် ညစာအဖြစ် ကြက်ဥကြော်ပြီး လာပို့ပေးခဲ့တယ်

သူတို့ရဲ့ နွေးထွေးမှု ၊ သဘောထားကြီးမှု ၊ ခံစားချက် နဲ့ အိမ်ရှင် ဝတ္တရား ခွဲခြားထားနိုင်မှု ၊ ဂရုစို

က်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်မ သိပ်ကျေးဇူးတင်မိပါတယ်သူတို့နေရာလေး ဆက်သွယ်ရေး အဆင်ပြေပြီး ဖု

န်းလိုင်းမိဖို့ ကျွန်မနိုင်ရာ ဆောင်ရွက်ပါဦးမယ်

ဗမာတိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်းသား လူမျိုးတိုင်း ဟာ အနည်းအများသာကွာချင် ကွာမယ်… စစ်

အာဏာရှင်ကြောင့် ဒုက္ခ ရောက်ရတာချင်း အတူတူ ဖြစ်တဲ့အကြောင်း အခွင့်ရတဲ့ တနေ့ကျရင် ကျွန်မ ပြန်သွားပြီး ကရင်ဘာသာ

နဲ့အေးအေးဆေးဆေး စကားပြောဖြစ်ဦးမယ် ထင်ပါတယ်

ရှုခင်းတွေက ဓါတ်ပုံရိုက်ဖို့ ရူးချင်စရာ ကောင်းလောက်အောင် လှတဲ့ ပတ်ဝန်းကျင် ဖြစ်နေတာကြောင့်လဲပြန်သွား

ချင်စရာကြီးကိုးနွေးထွေးမှုအတွက် ကျေးဇူးပါ အမတို့ရေ

ထားထက်ထက်

Zawgyi

ညစာ စား ဖို႔ ျပင္ဆင္ၾကခ်ိန္ ျမန္မာစကားတတ္တဲ့ ခရစ္ယာန္သင္းအုပ္ဆရာရဲ့အမ်ိဳးသမီးက သူ႔ရဲ့အိမ္နီးခ်င္းျဖစ္တဲ့ ကရင္တို

င္းရင္းသူ အမ နဲ႔ အတူတူထိုင္ရင္း ကၽြန္မကို ေျပာျပတယ္

သူ(အိမ္နီးခ်င္းအမ) က ျမန္မာစကား မေျပာတတ္ဘူး။ တတ္လဲ မတတ္ခ်င္ဘူး။ မသင္ခ်င္ဘူးတဲ့ဘာလို႔လဲဆိုေတာ့ သူအသက္ ၁၀ ႏွစ္သ

မီးေလာက္က စစ္ေဘးေရွာင္တဲ့ ဒုကၡေတြကို ကိုယ္ေတြ႕ၾကဳံခဲ့ရတယ္… ေတာ္ေတာ္ပင္ပန္းတဲ့ ဒုကၡဆင္းရဲေတြခံစားခဲ့ရတယ္

စစ္ေဘးေရွာင္ရတဲ့အခ်ိန္တုန္းက မိသားစုစားဖို႔ ရိကၡာသယ္သြားရတဲ့အခါ ဆန္အိတ္ကိုေခါင္းေပၚရြက္ လို႔ မတ္တပ္အိပ္ရတဲ့အ

ခါေတြေတာင္ ရွိခဲ့တယ္တဲ့ဆန္အိတ္ခ်ၿပီးနားရင္ ျပန္ၿပီး မ , တင္ဖို႔ မနိုင္လို႔တဲ့ရြာျပန္ေရာက္တဲ့ အခါ လဲ ေနစရာအိမ္က ျပာ

က်ေအာင္ မီးတိုက္ခံထားရသလို အိမ္ေမြးတိရစၧာန္ေတြ ကိုလဲ စိတ္ႀကိဳက္ ယူေဆာင္ သြားၾကေသးသတဲ့

ၿပီးေတာ့ ဗမာစစ္သားေတြက ကရင္တိုင္းရင္းသားေတြကို ရြာ

လုံးကၽြတ္သတ္ျဖတ္တာေတြ ၊ သတ္တဲ့အခါလဲ ခ်က္ခ်င္း မသတ္ပဲ ရက္ရက္စက္စက္ နားရြက္ကိုျဖတ္ ၊ မ်က္လုံးေတြေဖာက္ထုတ္နဲ႔ သတ္တာေတြ

ၾကဳံခဲ့ရတယ္ ဆိုတဲ့အေၾကာင္း ေျပာျပပါတယ္

ဒါေၾကာင့္ ဗမာေတြဆို သိပ္မုန္းတာ

ဗမာစကားကို လုံးဝမတတ္ခ်င္ မေျပာခ်င္ဘူးမသင္ခ်င္ဘူး ဗမာေတြနဲ႔ စကားေျပာေနရမွာစိုးလို႔တဲ့

အဲ့လိုစကားေတြ နားေထာင္ေနရတဲ့အခ်ိန္ ကၽြန္မအင္မတန္ စိတ္မေကာင္း ျဖစ္ရပါတယကၽြန္မမ်က္ႏွာဘယ္နားထားရမွန္း မ

သိေအာင္ အားနာၿပီး မ်က္ႏွာေတြ ပူေနမိတယ္

အရင္က ဒီလိုနာၾကည္းစိတ္ေတြရွိတဲ့ အမ က အခု သူတခါမွ မျမင္ဖူးတဲ့ ကၽြန္မကို ေမတၱာၿပ ဆက္ဆံေပးၿပီး ကၽြန္မ

တို႔စားဖို႔အတြက္ ညစာအျဖစ္ ၾကက္ဥေၾကာ္ၿပီး လာပို႔ေပးခဲ့တယ္

သူတို႔ရဲ့ ေႏြးေထြးမႈ ၊ သေဘာထားႀကီးမႈ ၊ ခံစားခ်က္ နဲ႔ အိမ္ရွင္ ဝတၱရား ခြဲျခားထားနိုင္မႈ ၊ ဂ႐ုစို

က္မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြကို ကၽြန္မ သိပ္ေက်းဇူးတင္မိပါတယ္သူတို႔ေနရာေလး ဆက္သြယ္ေရး အဆင္ေျပၿပီး ဖု

န္းလိုင္းမိဖို႔ ကၽြန္မနိုင္ရာ ေဆာင္ရြက္ပါဦးမယ္

ဗမာတိုင္းရင္းသား အပါအဝင္ အျခားတိုင္းရင္းသား လူမ်ိဳးတိုင္း ဟာ အနည္းအမ်ားသာကြာခ်င္ ကြာမယ္… စစ္

အာဏာရွင္ေၾကာင့္ ဒုကၡ ေရာက္ရတာခ်င္း အတူတူ ျဖစ္တဲ့အေၾကာင္း အခြင့္ရတဲ့ တေန႔က်ရင္ ကၽြန္မ ျပန္သြားၿပီး ကရင္ဘာသာ

နဲ႔ေအးေအးေဆးေဆး စကားေျပာျဖစ္ဦးမယ္ ထင္ပါတယ္

ရႈခင္းေတြက ဓါတ္ပုံရိုက္ဖို႔ ႐ူးခ်င္စရာ ေကာင္းေလာက္ေအာင္ လွတဲ့ ပတ္ဝန္းက်င္ ျဖစ္ေနတာေၾကာင့္လဲျပန္သြား

ခ်င္စရာႀကီးကိုးေႏြးေထြးမႈအတြက္ ေက်းဇူးပါ အမတို႔ေရ

ထားထက္ထက္

3 October 2021