News

” ဒီလိုည.မ်ိဳး ထပ္မေတြ႕ပါရေစနဲ႔ “

ဒီလိုညမျိုး ထပ်မတွေ့ပါရစေနဲ့ ”အသက်မရှိတော့ တဲ့ သူရဲကောင်းတွေကို စောင်ခြုံထားလိုက်ရတယ်။ဘယ်သူလဲ ဆိုတာကို ချက်ချင်း မသိနိုင်ခဲ့ဘူးလေ။အဲ့ဒါကြောင့် ပါလာတဲ့ ဖုန်းတွေ ၊ တက်တူးတွေ ၊ အမှတ်အသားတွေကို ရှာရတယ်။

အသက်အန္တရာယ် မရှိတဲ့ ရဲဘော်ကလည်း စိတ်ဓါတ်တွေ ခြောက်ခြား နေခဲ့ပြီလေ။သတိလက်လွတ် ဖြစ်နေခဲ့တယ်။စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး။ကြောင်တောင်တောင် ဖြစ်နေခဲ့တာပေါ့။ကျွန်တော်ရောက်သွားတော့ ရှိနှင့်နေပီးသား အစ်ကို ဆရာဝန် တစ်ယောက်က ကျဆုံးသူရဲကောင်းတွေကို ကြည့်နေပြီးပြီ။

ရောက်ကတည်း က အသက်မပါတော့တဲ့(အသက်ငွေ့ငွေ့ပဲ)ကျန်တော့တဲ့သူရဲကောင်းတွေကို မြင်ရတာ စိတ်ထဲ မကောင်းလှပါဘူးဗျာ။ကျန်နေတဲ့ လူနာကို လွှဲသင့်တဲ့ နေရာကို လွှဲ၊ လုပ်ဖော် ကိုင်ဖက် သူနာပြု အစ်မ တွေနဲ့လည်း တိုင်ပင်သင့်တာ တိုင်ပင်ရင်း၊ကျဆုံး လူနာတွေ ရဲ့ မိသားစုဝင် တွေကို စောင့်နေခဲ့ရတယ်။နောက်ထပ် ရောက်လာနိုင်မယ့် လူနာတွေ ရှိလား မေးရင်း၊ ထိုင်စောင့်နေခဲ့တယ်။

ရင်အနာရဆုံး ကတော့ မိသားစုဝင်တွေ ရောက်လာတဲ့ အချိန်ပေါ့။ကျဆုံး သူရဲကောင်းတွေရဲ့ မျက်နာလေးတွေကို ခြုံထားတဲ့ စောင်လေးတွေ ဖယ်ရင်း..“မဟုတ်ပါစေနဲ့၊ မဖြစ်‌ပါစေနဲ့ ” ဆိုပြီး ဗလောင်ဆူ တဲ့ နှလုံးသား နဲ့ လှပ်ကြည့်နေတဲ့မိသားစုဝင်တွေရဲ့မျက်နာကို မမေ့နိုင်ဘူး။“တော်ပါသေးရဲ့၊ ငါ့ မိသားစုဝင် မဟုတ်လို့” ဆိုပြီး ရင်တမမ နဲ့ ပြန်သွားကြတဲ့သူ နည်းနည်းရှိပေမယ့်…“အမယ်လေး သားရယ် ” ဆိုပြီး ငိုချ လိုက်တဲ့ အဖေ တစ်ယောက်ရဲ့ အသံ ကို နားထောင်နိုင်စွမ်း မရှိဘူး။

“ညီလေး ရာ ငါ ပြောရဲ့သားနဲ့ ကွာ” ဆိုပြီး ငိုချလိုက်တဲ့ အစ်ကို တစ်ယောက်ရဲ့ ရင်ထဲက နာကျင်မှု ကရောဘယ်နား နဲ့ နားထောင်ရမလဲ..ဗျာ။ကျဆုံး သူရဲကောင်း တွေကို မကယ်လိုက်နိုင်ခဲ့တာအတွက် နောင်တ ပဲ ရမိပါတယ်။ကောင်းရာမွန်ရာ ရောက်ပါစေ ရဲဘော်တို့….ဆရာဝန်တဦးကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ကုန်းသာကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ရဲဝံ့စွာ တိုက်ခိုက်ခဲ့ပြီးကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း KNDF B-02 ရဲဘော် ဦးဗျားရယ် (၅၂)နှစ

Zawgyi

(Zawgyi)” ဒီလိုညမ်ိဳး ထပ္မေတြ႕ပါရေစနဲ႔ ”အသက္မရွိေတာ့ တဲ့ သူရဲေကာင္းေတြကို ေစာင္ျခဳံထားလိုက္ရတယ္။ဘယ္သူလဲ ဆိုတာကို ခ်က္ခ်င္း မသိနိုင္ခဲ့ဘူးေလ။အဲ့ဒါေၾကာင့္ ပါလာတဲ့ ဖုန္းေတြ ၊ တက္တူးေတြ ၊ အမွတ္အသားေတြကို ရွာရတယ္။

အသက္အႏၲရာယ္ မရွိတဲ့ ရဲေဘာ္ကလည္း စိတ္ဓါတ္ေတြ ေျခာက္ျခား ေနခဲ့ၿပီေလ။သတိလက္လြတ္ ျဖစ္ေနခဲ့တယ္။စကားေတာင္ ေကာင္းေကာင္းမေျပာနိုင္ဘူး။ေၾကာင္ေတာင္ေတာင္ ျဖစ္ေနခဲ့တာေပါ့။ကၽြန္ေတာ္ေရာက္သြားေတာ့ ရွိႏွင့္ေနပီးသား အစ္ကို ဆရာဝန္ တစ္ေယာက္က က်ဆုံးသူရဲေကာင္းေတြကို ၾကည့္ေနၿပီးၿပီ။

ေရာက္ကတည္း က အသက္မပါေတာ့တဲ့(အသက္ေငြ႕ေငြ႕ပဲ)က်န္ေတာ့တဲ့သူရဲေကာင္းေတြကို ျမင္ရတာ စိတ္ထဲ မေကာင္းလွပါဘူးဗ်ာ။က်န္ေနတဲ့ လူနာကို လႊဲသင့္တဲ့ ေနရာကို လႊဲ၊ လုပ္ေဖာ္ ကိုင္ဖက္ သူနာျပဳ အစ္မ ေတြနဲ႔လည္း တိုင္ပင္သင့္တာ တိုင္ပင္ရင္း၊က်ဆုံး လူနာေတြ ရဲ့ မိသားစုဝင္ ေတြကို ေစာင့္ေနခဲ့ရတယ္။ေနာက္ထပ္ ေရာက္လာနိုင္မယ့္ လူနာေတြ ရွိလား ေမးရင္း၊ ထိုင္ေစာင့္ေနခဲ့တယ္။

ရင္အနာရဆုံး ကေတာ့ မိသားစုဝင္ေတြ ေရာက္လာတဲ့ အခ်ိန္ေပါ့။က်ဆုံး သူရဲေကာင္းေတြရဲ့ မ်က္နာေလးေတြကို ျခဳံထားတဲ့ ေစာင္ေလးေတြ ဖယ္ရင္း..“မဟုတ္ပါေစနဲ႔၊ မျဖစ္‌ပါေစနဲ႔ ” ဆိုၿပီး ဗေလာင္ဆူ တဲ့ ႏွလုံးသား နဲ႔ လွပ္ၾကည့္ေနတဲ့မိသားစုဝင္ေတြရဲ့မ်က္နာကို မေမ့နိုင္ဘူး။“ေတာ္ပါေသးရဲ့၊ ငါ့ မိသားစုဝင္ မဟုတ္လို႔” ဆိုၿပီး ရင္တမမ နဲ႔ ျပန္သြားၾကတဲ့သူ နည္းနည္းရွိေပမယ့္…“အမယ္ေလး သားရယ္ ” ဆိုၿပီး ငိုခ် လိုက္တဲ့ အေဖ တစ္ေယာက္ရဲ့ အသံ ကို နားေထာင္နိုင္စြမ္း မရွိဘူး။

“ညီေလး ရာ ငါ ေျပာရဲ့သားနဲ႔ ကြာ” ဆိုၿပီး ငိုခ်လိုက္တဲ့ အစ္ကို တစ္ေယာက္ရဲ့ ရင္ထဲက နာက်င္မႈ ကေရာဘယ္နား နဲ႔ နားေထာင္ရမလဲ..ဗ်ာ။က်ဆုံး သူရဲေကာင္း ေတြကို မကယ္လိုက္နိုင္ခဲ့တာအတြက္ ေနာင္တ ပဲ ရမိပါတယ္။ေကာင္းရာမြန္ရာ ေရာက္ပါေစ ရဲေဘာ္တို႔….ဆရာဝန္တဦးကယားျပည္နယ္၊ လြိဳင္ေကာ္ခရိုင္၊ ကုန္းသာေက်းရြာတိုက္ပြဲမွာ စစ္ေကာင္စီအၾကမ္းဖက္တပ္ေတြကို ရဲဝံ့စြာ တိုက္ခိုက္ခဲ့ၿပီးက်ဆုံးသြားတဲ့ အာဇာနည္သူရဲေကာင္း KNDF B-02 ရဲေဘာ္ ဦးဗ်ားရယ္ (၅၂)ႏွစ