News

ဒေါက်တာငြိမ်းဘက်က ရပ်တည်ဖြေရှင်းလိုက်တဲ့ CDF Mindat တပ်ဖွဲ့ဝင်တစ်ဦး

ဒေါက်တာငြိမ်းက သိန်းထောင်နဲ့ချီပြီး မင်းတပ်ကို လှူတယ်။ လူ‌တွေထင်ထားတာထက် အများကြီး ပိုလှုပါတယ် ခုလိုချိန်မှာ အဖွဲ့အစည်းတစ်ခုက သူ့ရဲ့ ဝင်ငွေထွက်ငွေ စာရင်းဇယားနဲ့ အတိအကျကို ကိုယ့်သေတွင်းကိုယ်တူးပြီး လူထုကို ချပြမှာမဟုတ်ဘူး

အခုဆို ဒေါက်တာငြိမ်းရဲ့ မိဘတွေပါ ဒုက္ခရောက်နေတာ အားလုံးအသိပါ အခုလို မဟုတ်မမှန် သတင်းမှားတွေနဲ့ စွပ်စွဲတဲ့လူ‌တွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် တာဝန်ယူမှာလား၊ တာဝန်ခံမှာလား သိချင်ပါတယ်ပြီးတော့လည်း စာရင်းဇယားတွေ မချပြတာကို အခွင့်ကောင်းယူပြီး.. အောက်ခြေကလူတွေမသိဘူးဆိုပြီး ပြဿနာလုပ်လို့မရပါဘူး။ အောက်ခြေက လူတစ်ဦးချင်းစီကတော့ စာရင်းဇယား‌တွေ သိမှာမဟုတ်ဘူး

ကော်မတီက‌နေတဆင့် တိုက်နယ်၊ ပြီးမှ အုပ်စု၊ ကျေးရွာစသည်ဖြင့် အဆင့်ဆင့်ပြီးမှ လက်ခံသူဆီရောက်တာ သူတို့စားတဲ့ဆန်၊ ကုလားပဲ၊ စားစရာတွေ၊ သူတို့ရတဲ့ဓာတ်ဆီ၊ သူ့တို့ကိုကုတဲ့ဆေးဝါးတွေ၊ စောင်တွေ၊ အင်္ကျီတွေ၊ ရိက္ခာအမျိုးမျိုးတွေဟာ ဒေါက်တာငြိမ်းလှူတဲ့ငွေကနေလာတယ်ဆိုတာ ဒေါက်တာငြိမ်းက တစ်ဦးချင်းစီကို ကိုယ်တိုင်ကိုယ်ကျ သွားမပေးသရွေ့ ဒေါက်တာငြိမ်းပေးတာရပါတယ်လို့ သူတို့ ပြောချင်မှပြောမှာပေါ့။ ဒါကို အောက်ခြေကလူတွေ မသိပါဘူး၊ မရပါဘူးဆိုပြီး လုပ်ဇတ်ခင်းလို့မရပါဘူး

အပေါ်က‌ရေးထားတာတွေက ဒေါက်တာငြိမ်းနဲ့ကိုယ့်အချင်းချင်းတွေပြန်စုပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ တိုင်ပင်ပြီး ပြန်ချပြတာပါ။ အခုတော့ ကိုယ်ရေးချင်တာ ရေးပါဦးမယ်

ပထမဆုံးအနေနဲ့ အခုလို မဟုတ်မမှန်တွေ ဖြေရှင်းရတာ ကျွန်တော် အလွန်ပျင်းပါတယ်။ အရည်မရ အဖတ်မရ အချိန်ကုန်တာပဲ ဒုတိယအနေနဲ့ စိတ်တိုပါတယ် တောင်ပေါ်လမ်းကြမ်းကို မိုးထဲလေထဲ ဆီကုန်ခံ ဆိုင်ကယ်စီး၊ ပြီးတော့ ‌နွားနောက်ခြံကိုတိုးလမ်းလျှောက်ပြီးမှ လိုင်းရှိတဲ့နေရာကိုလာပြီး မြန်မာပေါကားထဲက ဟာသလိုလိုတွေကို လာ‌‌ဖြေရှင်းရတာ စိတ်တိုပါတယ်

တချို့တွေ ဖုန်းဆက်လာကြလို့ ကြားရတာတွေကလည်း အော်စကာဝင်ချင်တဲ့ movie script တွေလားပဲ တော်လှန်ရေးပြီးသွားမှ ကိုယ့်ကိုယ်ကိုယ် မရမက မဟားတရားကလိထိုးပြီး ပြန်ရယ်ဦးမယ် တတိယအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ဘာတွေလုပ်နေတာလဲ မေးချင်ပါတယ်။ ခုချိန်ဟာ မင်းတပ်ပြည်သူတွေအတွက် အရမ်းခက်ခဲပါတယ်

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကနေ စက်တင်ဘာလဆန်းအထိ စကစ တွေထိုးစစ်ဆင်လာတုန်းက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေ ဖျက်ဆီးခဲ့တဲ့အပြင် စစ်ကြောင်းတလျှောက်က ရွာတွေမှာ ဆန်အိတ်ပေါင်း (၅၀၀) ကျော်နဲ့ ကုလားပဲအိတ်တွေကို ဓားနဲ့ထိုးဖောက် ဓာတ်ဆီလောင်း၊ ဒီဇယ်လောင်း၊ လမ်းမပေါ်ဖြန့်ကြဲ၊ ဆန်‌အိတ်တွေပေါ် မစင်တွေစွန့်ပြီး နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့ကြတယ်အခုချိန်မှာလည်း ရာသီဥတုဆိုးပြီး လမ်းတွေပြို၊ ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ မင်းတပ်ပြည်သူတွေ စားနပ်ရိက္ခာအလွန်ရှားပါးပြီး အစစအရာရာ ခက်ခဲနေတဲ့ချိန်ပါ

ခုလိုချိန်မှာ မင်းတပ်ပြည်သူတွေကို အများကြီး ကူညီနေတဲ့ ဒေါက်တာငြိမ်းကို မဟုတ်တမ်းရားတိုက်ခိုက်နေတာ ဘာသဘောလဲ။ ဘာတွေရလာမှာမို့လဲ

ပြည်သူတွေကို ငတ်စေချင်၊ ဒုက္ခပိုရောက်စေချင်တာလား သို့မဟုတ် တော်လှန်ရေးကိုကျဆုံးစေချင်တာလား သူတပါးအပြစ်ကို နွားလော့ဟုမ်းလိုလို အမျိုးမျိုး စူးစမ်းရှာဖွေပြီး ပေါက်ကရ လောဂျစ်တွေနဲ့သုံးသပ်တင်ပြ မဟုတ်မမှန် စွပ်စွဲနေတာက.. ကိုယ့်ကိုယ်ကိုယ် အာဏာရှင်အားပေးဖြစ်‌နေပြီဆိုတာလည်း သတိပြုကြပါဦး

အဲဒီပေါက်ကရသတင်းတွေယုံပြီး ကိုယ့်ကိုလာသတိပေးတဲ့ အသိတွေကိုလည်း သနားရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ စွန့်လွှတ်နိုင်သမျှ စွန့်လွှတ်ပြီး တစိမ်းမြေဖြစ်တဲ့ ကျွန်တော်တို့ဆီကို ကူညီဖို့လာခဲ့တာ.. ပြီးတော့ ပြောရမယ်ဆိုရင် ဒေါက်တာငြိမ်း အနေထားက ကျွန်တော်တို့လက်ခုပ်ထဲကရေ။

နောက်ဆုံး‌အနေနဲ့.. ကျွန်တော်တို့ မအားဘူးခင်ဗျ။ အမြစ်တွယ်နေတဲ့ အကြမ်းဖက် အာဏာရှင်ကို ဖြုတ်ချနေကြတာ။ မဖြစ်နိုင်တာကို မဖြစ်ဖြစ်အောင် ဝိုင်းလုပ်နေကြတာ။

အခက်အခဲ အမျိုးမျိုးကြားက ဘယ်သူမှ မခိုင်းရဘဲ.. ဘာလစာ‌ငွေမှ မရဘဲ ရရာစားပြီး 24/7 အလုပ်လုပ်နေရတာ။ အခြေအမြစ်မရှိ သတင်းမှားတွေကို ထပ်ကာထပ်ကာ‌ဖြေရှင်းရင်း အချိန်မကုန်ချင်ဘူးခင်ဗျ။ နားလည်ပေးကြပါ။

သောင်းနဲ့ချီတဲ့လူတွေကို ၄ လကျော် အမျိုးမျိုးကူညီ ထောက်ပံ့ဖို့ဆိုတာ လွယ်တာမှတ်လို့ဗျာ။ ဒေါက်တာငြိမ်းကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက တစ်နေရာမှာ လုံလုံခြုံခြုံနဲ့ လုပ်စရာရှိတာ လုပ်နေတာပဲ။

zawgyi

ေဒါက္တာၿငိမ္းက သိန္းေထာင္နဲ႔ခ်ီၿပီး မင္းတပ္ကို လႉတယ္။ လူ‌ေတြထင္ထားတာထက္ အမ်ားႀကီး ပိုလႈပါတယ္။ ခုလိုခ်ိန္မွာ အဖြဲ႕အစည္းတစ္ခုက သူ႔ရဲ့ ဝင္ေငြထြက္ေငြ စာရင္းဇယားနဲ႔ အတိအက်ကို ကိုယ့္ေသတြင္းကိုယ္တူးၿပီး လူထုကို ခ်ျပမွာမဟုတ္ဘူး။

အခုဆို ေဒါက္တာၿငိမ္းရဲ့ မိဘေတြပါ ဒုကၡေရာက္ေနတာ အားလုံးအသိပါ။ အခုလို မဟုတ္မမွန္ သတင္းမွားေတြနဲ႔ စြပ္စြဲတဲ့လူ‌ေတြအေနနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာရင္ တာဝန္ယူမွာလား၊ တာဝန္ခံမွာလား သိခ်င္ပါတယ္။

ၿပီးေတာ့လည္း စာရင္းဇယားေတြ မခ်ျပတာကို အခြင့္ေကာင္းယူၿပီး.. ေအာက္ေျခကလူေတြမသိဘူးဆိုၿပီး ျပႆနာလုပ္လို႔မရပါဘူး။ ေအာက္ေျခက လူတစ္ဦးခ်င္းစီကေတာ့ စာရင္းဇယား‌ေတြ သိမွာမဟုတ္ဘူး။

ေကာ္မတီက‌ေနတဆင့္ တိုက္နယ္၊ ၿပီးမွ အုပ္စု၊ ေက်းရြာစသည္ျဖင့္ အဆင့္ဆင့္ၿပီးမွ လက္ခံသူဆီေရာက္တာ။ သူတို႔စားတဲ့ဆန္၊ ကုလားပဲ၊ စားစရာေတြ၊ သူတို႔ရတဲ့ဓာတ္ဆီ၊ သူ႔တို႔ကိုကုတဲ့ေဆးဝါးေတြ၊ ေစာင္ေတြ၊ အကၤ်ီေတြ၊ ရိကၡာအမ်ိဳးမ်ိဳးေတြဟာ ေဒါက္တာၿငိမ္းလႉတဲ့ေငြကေနလာတယ္ဆိုတာ ေဒါက္တာၿငိမ္းက တစ္ဦးခ်င္းစီကို ကိုယ္တိုင္ကိုယ္က် သြားမေပးသေရြ႕ ေဒါက္တာၿငိမ္းေပးတာရပါတယ္လို႔ သူတို႔ ေျပာခ်င္မွေျပာမွာေပါ့။ ဒါကို ေအာက္ေျခကလူေတြ မသိပါဘူး၊ မရပါဘူးဆိုၿပီး လုပ္ဇတ္ခင္းလို႔မရပါဘူး။

အေပၚက‌ေရးထားတာေတြက ေဒါက္တာၿငိမ္းနဲ႔ကိုယ့္အခ်င္းခ်င္းေတြျပန္စုၿပီး ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာ တိုင္ပင္ၿပီး ျပန္ခ်ျပတာပါ။ အခုေတာ့ ကိုယ္ေရးခ်င္တာ ေရးပါဦးမယ္။

ပထမဆုံးအေနနဲ႔ အခုလို မဟုတ္မမွန္ေတြ ေျဖရွင္းရတာ ကၽြန္ေတာ္ အလြန္ပ်င္းပါတယ္။ အရည္မရ အဖတ္မရ အခ်ိန္ကုန္တာပဲ။ ဒုတိယအေနနဲ႔ စိတ္တိုပါတယ္။ ေတာင္ေပၚလမ္းၾကမ္းကို မိုးထဲေလထဲ ဆီကုန္ခံ ဆိုင္ကယ္စီး၊ ၿပီးေတာ့ ‌ႏြားေနာက္ၿခံကိုတိုးလမ္းေလၽွာက္ၿပီးမွ လိုင္းရွိတဲ့ေနရာကိုလာၿပီး ျမန္မာေပါကားထဲက ဟာသလိုလိုေတြကို လာ‌‌ေျဖရွင္းရတာ စိတ္တိုပါတယ္။

တခ်ိဳ႕ေတြ ဖုန္းဆက္လာၾကလို႔ ၾကားရတာေတြကလည္း ေအာ္စကာဝင္ခ်င္တဲ့ movie script ေတြလားပဲ။ ေတာ္လွန္ေရးၿပီးသြားမွ ကိုယ့္ကိုယ္ကိုယ္ မရမက မဟားတရားကလိထိုးၿပီး ျပန္ရယ္ဦးမယ္ တတိယအေနနဲ႔ ဘာရည္ရြယ္ခ်က္နဲ႔ ဘာေတြလုပ္ေနတာလဲ ေမးခ်င္ပါတယ္။ ခုခ်ိန္ဟာ မင္းတပ္ျပည္သူေတြအတြက္ အရမ္းခက္ခဲပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္ ၁၃ ရက္ကေန စက္တင္ဘာလဆန္းအထိ စကစ ေတြထိုးစစ္ဆင္လာတုန္းက ဘုန္းႀကီးေက်ာင္း၊ ဘုရားေက်ာင္းေတြ ဖ်က္ဆီးခဲ့တဲ့အျပင္ စစ္ေၾကာင္းတေလၽွာက္က ရြာေတြမွာ ဆန္အိတ္ေပါင္း (၅၀၀) ေက်ာ္နဲ႔ ကုလားပဲအိတ္ေတြကို ဓားနဲ႔ထိုးေဖာက္ ဓာတ္ဆီေလာင္း၊ ဒီဇယ္ေလာင္း၊ လမ္းမေပၚျဖန႔္ၾကဲ၊ ဆန္‌အိတ္ေတြေပၚ မစင္ေတြစြန႔္ၿပီး နည္းအမ်ိဳးမ်ိဳးနဲ႔ ဖ်က္ဆီးခဲ့ၾကတယ္။

အခုခ်ိန္မွာလည္း ရာသီဥတုဆိုးၿပီး လမ္းေတြၿပိဳ၊ ကုန္စည္လမ္းေၾကာင္းေတြ ပိတ္ဆို႔ထားလို႔ မင္းတပ္ျပည္သူေတြ စားနပ္ရိကၡာအလြန္ရွားပါးၿပီး အစစအရာရာ ခက္ခဲေနတဲ့ခ်ိန္ပါ။

ခုလိုခ်ိန္မွာ မင္းတပ္ျပည္သူေတြကို အမ်ားႀကီး ကူညီေနတဲ့ ေဒါက္တာၿငိမ္းကို မဟုတ္တမ္းရားတိုက္ခိုက္ေနတာ ဘာသေဘာလဲ။ ဘာေတြရလာမွာမို႔လဲ။

ျပည္သူေတြကို ငတ္ေစခ်င္၊ ဒုကၡပိုေရာက္ေစခ်င္တာလား သို႔မဟုတ္ ေတာ္လွန္ေရးကိုက်ဆုံးေစခ်င္တာလား။ သူတပါးအျပစ္ကို ႏြားေလာ့ဟုမ္းလိုလို အမ်ိဳးမ်ိဳး စူးစမ္းရွာေဖြၿပီး ေပါက္ကရ ေလာဂ်စ္ေတြနဲ႔သုံးသပ္တင္ၿပ မဟုတ္မမွန္ စြပ္စြဲေနတာက.. ကိုယ့္ကိုယ္ကိုယ္ အာဏာရွင္အားေပးျဖစ္‌ေနၿပီဆိုတာလည္း သတိျပဳၾကပါဦး။

အဲဒီေပါက္ကရသတင္းေတြယုံၿပီး ကိုယ့္ကိုလာသတိေပးတဲ့ အသိေတြကိုလည္း သနား႐ုံကလြဲၿပီး ဘာမွမတတ္နိုင္ဘူး။ စြန႔္လႊတ္နိုင္သမၽွ စြန႔္လႊတ္ၿပီး တစိမ္းေျမျဖစ္တဲ့ ကၽြန္ေတာ္တို႔ဆီကို ကူညီဖို႔လာခဲ့တာ.. ၿပီးေတာ့ ေျပာရမယ္ဆိုရင္ ေဒါက္တာၿငိမ္း အေနထားက ကၽြန္ေတာ္တို႔လက္ခုပ္ထဲကေရ။

ေနာက္ဆုံး‌အေနနဲ႔.. ကၽြန္ေတာ္တို႔ မအားဘူးခင္ဗ်။ အျမစ္တြယ္ေနတဲ့ အၾကမ္းဖက္ အာဏာရွင္ကို ျဖဳတ္ခ်ေနၾကတာ။ မျဖစ္နိုင္တာကို မျဖစ္ျဖစ္ေအာင္ ဝိုင္းလုပ္ေနၾကတာ။

အခက္အခဲ အမ်ိဳးမ်ိဳးၾကားက ဘယ္သူမွ မခိုင္းရဘဲ.. ဘာလစာ‌ေငြမွ မရဘဲ ရရာစားၿပီး 24/7 အလုပ္လုပ္ေနရတာ။ အေျခအျမစ္မရွိ သတင္းမွားေတြကို ထပ္ကာထပ္ကာ‌ေျဖရွင္းရင္း အခ်ိန္မကုန္ခ်င္ဘူးခင္ဗ်။ နားလည္ေပးၾကပါ။

ေသာင္းနဲ႔ခ်ီတဲ့လူေတြကို ၄ လေက်ာ္ အမ်ိဳးမ်ိဳးကူညီ ေထာက္ပံ့ဖို႔ဆိုတာ လြယ္တာမွတ္လို႔ဗ်ာ။ ေဒါက္တာၿငိမ္းကေတာ့ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ထဲက တစ္ေနရာမွာ လုံလုံျခဳံျခဳံနဲ႔ လုပ္စရာရွိတာ လုပ္ေနတာပဲ။