Knowledge

တနင်္လာ သားသမီးတွေအတွက် တစ်နှစ်စာ အချစ်ရေး၊ အိမ်ထောင်ရေး(2022 ကြိုတင်ဟောကိန်း

ဒီနှစ်ဟာ အိမ်ထောင်ကျဖို့ကံပေါ်ထွန်းနေပါတယ် အိမ်ထောင်ရုတ်တရတ် ကျတတ်တာမျိုး ဖြစ်နိုင်သလို ရည်ရွယ်ထားသူများကတော့ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ဖြစ်ပါလိမ့်မယ်
တနင်္လာ သားသမီးတွေအတွက် တစ်နှစ်စာ အချစ်ရေး၊ အိမ်ထောင်ရေး

တနင်္လာသားသမီးများအတွက် ၂၀၂၂ တစ်နှစ်စာဟောကိန်း

တနင်္လာ သားသမီးတွေ အတွက် ၂၀၂၂က ပျော်စရာနှစ်သစ် ဖြစ်လာပါလိမ့်မယ် ပျော်ရွှင်စရာ စိတ်ချမ်းမြေ့စရာ ကြည်နူးစရာကာလပါပဲ အပေါင်းအသင်းမိတ်ဆွေသစ်တိုးပွားခြင်း၊ လူချစ်လူခင်များခြင်း၊ မျက်နှာပွင့်ခြင်းမျိုးတွေလည်း ကြုံရပါလိမ့်မယ်

ခရီးသွားရခြင်း၊ အထူးသဖြင့် မိမိတစ်သက် မရောက်ဖူးသေးတဲ့ ဒေသမျိုးသွားရောက် လည်ပတ်ရတတ်ပါတယ်။ ခရီးများမယ့်နှစ်ပါပဲ အားလုံးကို အပြုံးလေးနဲ့ မေတ္တာတရားနဲ့ ဆက်ဆံမယ်ဆိုရင် ကံကောင်းသထက် ကောင်းလာပြီးတော့ ပျော်စရာနှစ်သစ်ဖြစ်လာပါလိမ့်မယ်

အချစ်ရေး

ဒီနှစ်က ချစ်သူခင်သူ ပေါများမယ့်နှစ်ပါပဲ။ မိန်းကလေးတွေအနေနဲ့ purpose လုပ်တာခံရမယ့်နှစ်ပါ။ယောကျာ်းလေးတွေ အနေနဲ့ကလည်း ရေလာမြောင်းပေးပြောတာမျိုး ကြုံရတတ်ပါတယ် ဒါပေမဲ့ လက်ရှိချစ်သူရှိနေတဲ့ စုံတွဲတွေအနေနဲ့ကတော့ sensitive အရမ်းဖြစ်တဲ့ စိတ်အခြေအနေ ဖြစ်ပေါ်နေတတ်ပါတယ် မိမိချစ်သူ တစိမ်းကောင်လေးတစ်ယောက်နဲ့ တွဲသွားတာမြင်တာနဲ့ အကြီးအကျယ်ပေါက်ကွဲပြီး ပြဿနာရှာတတ်တဲ့ စိတ်မျိုးဖြစ်တတ်ပါတယ်

မိန်းကလေးလည်း မိမိကောင်လေးတစ်ခြားကောင်မလေးနဲ့ တစ်ပူးတွဲတွဲမြင်တာနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး ပြဿနာရှာတတ်တာမျိုး ဖြစ်နေတတ်ပါတယ် ဒါက သတိထားစရာပါ ချစ်သူနဲ့ လမ်းခွဲရသည်အထိဖြစ်သွားတတ်လို့ပါပဲ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာပြီး အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ ပြန်လည် ဆုံဆည်းရတတ်ပါတယ် ဒီနှစ်ဟာ အိမ်ထောင်ကျဖို့ကံပေါ်ထွန်းနေပါတယ် အိမ်ထောင်ရုတ်တရတ် ကျတတ်တာမျိုး ဖြစ်နိုင်သလို ရည်ရွယ်ထားသူများကတော့ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ဖြစ်ပါလိမ့်မယ် လက်ထပ်ဖို့ အကြောင်းပြချက်ပေးပြီး ရက်ရွှေ့နေတဲ့ ချစ်သူကို ဒီနှစ်နားဝင်အောင်ပြောနိုင်ပါလိမ့်မယ်

အိမ်ထောင်ရေး

ဒီနှစ်ပိုင်းက အိမ်ထောင်ရေးကံ အညံ့အဆိုး နည်းတယ်ပေါ့ဗျာ အိမ်ထောင်ဘက်ကို ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေမယ့် အကောင်းဆုံးနှစ်ပါပဲ။ မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ပြောပြပြီး မိမိလိုရာ သိမ်းသွင်းနိုင်မှာပါ။ ဒီနှစ်က အိမ်ထောင်ဘက်နဲ့ မောင်တစ်ရွာ၊မယ်တစ်မြို့ ဆိုတာမျိုး နေရတတ်ပါတယ်

အိမ်ထောင်ဘက်က တာဝန်ကျရာ နေရာမျိုးသွားနေရတာမျိုးပဲ ဖြစ်ဖြစ် ၊ မိမိကိုယ်တိုင် သွားရတာမျိုးပဲဖြစ်ဖြစ် ခွဲနေရဖို့များပါတယ် အဲလိုခွဲနေရတာကောင်းပါတယ် အတူတူနေရတဲ့ အိမ်ထောင်ရှင်တွေ ခဏခဏ စကားများရတာမျိုးတော့ရှိတယ် အဲလိုဖြစ်တယ်ဆိုလဲ တစ်ပတ်တစ်ခါလောက် အိမ်ထောင်ဘက်နဲ့ ခွဲအိပ်လိုက်ပါဗျာ

၂၀၂၂ တစ်နှစ်တာလုံးအတွက် ကံကောင်း ကံမြင့်စေဖို့

အကျိုးပေးဂဏန်းများ – ၂/၃/၅/၁

အကျိုးပေးနေ့နံများ – သောကြာ၊ကြာသပတေး၊အင်္ဂါ

အကျိုးပေးအရောင်များ – ပန်းရောင်၊အရောင်နုများ၊ အဖြူရောင်၊ အရောင်ပြောက်များ

ယတြာ

မြတ်စွာဘုရားအား ပန်းအဖြူတွေ များများလှူပေးပါ။ အထူးသဖြင့် စံပယ်ပန်းဆို ပိုကောင်းပါတယ်

*နီးစပ်ရာ စေတီပုထိုးမှာ ညလုံးပေါက် လျှပ်စစ်မီးများ ပူဇော်ကုသိုလ်ယူပါ

ခဏခဏ ငွေ၂၀၀ ပံ့သကူပစ်ပါ

ဆပ်ပြာ အမွှေးတုံးလေးတွေ ရဟန်းသံဃာတွေကို လှူဒါန်းပါ

အိမ်မှာ လျှပ်စစ်မီးကြိုးအဟောင်း ၊ ကျွမ်းနေတဲ့ မီးချောင်း၊ မီးလုံးတွေ ရှိရင် စွန့်ပစ်ပါ

ပရိတ်ပဋ္ဌာန်းများများ ရွတ်ဆိုပူဇော်ပါ(၇)ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

CRD