News

သယ်ယူပို့ဆောင်ရေး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ တည်ဆောက်ရန် မှာကြား

တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာ အနီးရှိ အမှတ်၂ သံမဏိစက်ရုံ ပင်းပက် မှ ထွက်ရှိသည့် သံရိုင်းများနှင့် သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာဖြင့်

သယ်ယူနိုင်ရေး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ်တကျ တည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ် ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်း စစ်ကောင်စီ ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာ ၁ ရက်၊ ညနေပိုင်းတွင် ပင်းပက်စက်ရုံသို့ သွားရောက် စစ်ဆေးစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်

အမှတ် ၂ သံမဏိစက်ရုံ ပင်းပက် စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည် ဖော်ခဲ့သည့် သံနှင့် သံမဏိ စက်ရုံ စီမံကိန်း ဖြစ်ကာစီမံကိန်း ပြီးပါက နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက်

အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန် မလိုဘဲ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်

စီမံကိန်း စတင်ရန် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ် တို့ကို အသင့် ကြိုတင် ပြင်ဆင်ထားရန် လိုပြီ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက စက်ရုံများအတွက် ဆုံးရှုံးမှု တန်ဖိုး ကြီးမားသည့်အတွက် လိုအပ်သည့်

လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံအား သတ်မှတ်ရက်အတွင်း စတင် လည်ပတ်၍ သံမဏိထုတ်လုပ်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သေးသည်

အဆိုပါ စက်ရုံစီမံကိန်း လုပ်ငန်းများမှာ လက်ရှိတွင် ပြန်လည် စတင်‌နေပြီ ဖြစ်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်‌နေကာ စီမံကိန်းကို ရုရှားနိုင်ငံ Tyazhpromexport TPE နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC တို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ်၊စက်တင်ဘာလ ၅ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

ယင်းနောက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရာ ယခု ၄ နှစ်ခွဲအကြာတွင် ပြန်လည် စတင်နေခြင်း ဖြစ်သည်

Zawgyi

ေတာင္ႀကီးၿမိဳ႕နယ္၊ ပင္းပက္ေဒသ၊ ပင္ငို ေက်းရြာ အနီးရွိ အမွတ္၂ သံမဏိစက္႐ုံ ပင္းပက္ မွ ထြက္ရွိသည့္ သံရိုင္းမ်ားႏွင့္ သံမဏိမ်ားအား ေငြကုန္ေၾကးက် သက္သာစြာျဖင့္

သယ္ယူနိုင္ေရး လၽွပ္စစ္ရထား ေျပးဆြဲနိုင္ရန္အတြက္ ရထားလမ္းမ်ား စနစ္တက် တည္ေဆာက္ရန္ႏွင့္ လၽွပ္စစ္ဓာတ္အား မျပတ္ ရရွိေအာင္ စနစ္တက် စီမံေဆာင္ရြက္ရန္ လိုေၾကာင္း စစ္ေကာင္စီ ဥကၠဌက မွာၾကားခဲ့ေၾကာင္း သိရသည္

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ သည္ ေအာက္တိုဘာ ၁ ရက္၊ ညေနပိုင္းတြင္ ပင္းပက္စက္႐ုံသို႔ သြားေရာက္ စစ္ေဆးစဥ္ ယင္းကဲ့သို႔ မွာၾကားခဲ့ျခင္း ျဖစ္သည္

အမွတ္ ၂ သံမဏိစက္႐ုံ ပင္းပက္ စီမံကိန္းသည္ ျမန္မာနိုင္ငံတြင္ ပထမဦးဆုံး စတင္အေကာင္အထည္ ေဖာ္ခဲ့သည့္ သံႏွင့္ သံမဏိ စက္႐ုံ စီမံကိန္း ျဖစ္ကာစီမံကိန္း ၿပီးပါက နိုင္ငံ ဖြံ့ၿဖိဳး တိုးတက္ေရးအတြက္

အေျခခံလိုအပ္ခ်က္ တစ္ခု ျဖစ္သည့္ သံ၊ သံမဏိ ထုတ္ကုန္မ်ားကို ျပည္ပသြင္းကုန္အျဖစ္ တင္သြင္းရန္ မလိုဘဲ ျပည္တြင္း လိုအပ္ခ်က္ကို ျဖည့္ဆည္း ေပးနိုင္မည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာသည္

စီမံကိန္း စတင္ရန္ လၽွပ္စစ္၊ သဘာဝဓာတ္ေငြ႕၊ ကုန္ၾကမ္းႏွင့္ သယ္ယူ ပို႔ေဆာင္ေရးစနစ္ တို႔ကို အသင့္ ႀကိဳတင္ ျပင္ဆင္ထားရန္ လိုၿပီ လၽွပ္စစ္ ဓာတ္အား ျပတ္ေတာက္မႈမ်ား ျဖစ္ေပၚပါက စက္႐ုံမ်ားအတြက္ ဆုံးရႈံးမႈ တန္ဖိုး ႀကီးမားသည့္အတြက္ လိုအပ္သည့္

လၽွပ္စစ္ဓာတ္အားမ်ား ျပတ္ေတာက္မႈ မရွိေစေရး စနစ္တက်ေဆာင္ရြက္ရန္ လိုေၾကာင္း၊ စက္႐ုံအား သတ္မွတ္ရက္အတြင္း စတင္ လည္ပတ္၍ သံမဏိထုတ္လုပ္မႈအား အျမန္ဆုံး ေဆာင္ရြက္နိုင္မည္ဆိုပါက နိုင္ငံ အတြက္ နိုင္ငံျခားေငြ သုံးစြဲမႈမ်ားကို ေလၽွာ့ခ်နိုင္မည္ဟုလည္း ၎က ေျပာဆိုခဲ့ေသးသည္

အဆိုပါ စက္႐ုံစီမံကိန္း လုပ္ငန္းမ်ားမွာ လက္ရွိတြင္ ျပန္လည္ စတင္‌ေနၿပီ ျဖစ္ၿပီး လာမည့္ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္တြင္ စတင္လည္ပတ္ ထုတ္လုပ္နိုင္ေရးစီမံေဆာင္ရြက္‌ေနကာ စီမံကိန္းကို ႐ုရွားနိုင္ငံ Tyazhpromexport TPE ႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း MEC တို႔ ပူးေပါင္း၍ ၂၀၀၆ ခုႏွစ္၊စက္တင္ဘာလ ၅ ရက္တြင္ စတင္အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္

ယင္းေနာက္ ၂၀၁၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္တြင္ စက္မႈဝန္ႀကီးဌာနသို႔ လႊဲေျပာင္းကာ ၂၀၁၇ ခုႏွစ္၊ မတ္လ ၆ ရက္ႏွင့္ ၁၅ ရက္တို႔တြင္ ျပဳလုပ္သည့္ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ စီမံကိန္းတည္ေဆာက္မႈကို ရပ္ဆိုင္းခဲ့ရာ ယခု ၄ ႏွစ္ခြဲအၾကာတြင္ ျပန္လည္ စတင္ေနျခင္း ျဖစ္သည္