News

ျမစ္ရိုးတြင္ သြားလာေနသည့္ စစ္တပ္‌ေရယာဥ္ ၂ စီး ကို

ချင်းတွင်းမြစ်ရိုးတွင် သွားလာနေသည့် စစ်တပ်‌ရေယာဉ် ၂ စီး ကို PDFတိုက်ခိုက်သည့် ရုပ်သံဗီဒီယိုဖိုင် ထွက်ပေါ်

ထွန်းထွန်းဝင်း

စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့မှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဆန်တတ်လာသည့် အကြမ်းဖက်စစ်ကောင်စီ ရေယာဉ် နှစ်စီးကို Kani PDF (1) နှင့် Myanmar Defense Force (MDF) အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်နေသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို မဇ္ဈိမသတင်းဌာနက လက်ခံရရှိထားသည်။

စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းအချိန်က မုံရွာမြို့မှ ဆန်တတ်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ဝန်းကျင်ခန့် ပါရှိသည့် အမြန်ရေယာဉ် နှင့် ဖလက်ခွံရေယာဉ် နှစ်စီးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ချင်းတွင်းမြစ်ရိုး – ဆင်တော်ဝဲ ၊ မြွေပိုင်းတောင် စသည့်နေရာများတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ညနေ ၅နာရီ မိနစ် ၅၀ တွင် ကနီမြို့နှင့် မင်းကင်းမြို့ကြားရှိ နယ်ခြားဘုရားအနီးတွင် အဆိုပါ မြစ်အတွင်းရှိစစ်ရေယာဉ်ပေါ်မှ တပ်သားများနှင့် PDF ပူးပေါင်း တပ်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၊ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။

အဆိုပါနယ်ခြားဘုရား တိုက်ပွဲတွင်လက်နက်ကြီးကျည်ထိမှန်မှုကြောင့် Kani PDF (1) စစ်သင်တန်းနည်းပြဆရာ ဗိုလ်မီးခြစ် ကျဆုံးခဲ့ပြီး MDFမှ တစ်ဦး၊ဒေသခံPDFမှ နှစ်ဦး စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Zawgyi

ခ်င္းတြင္းျမစ္ရိုးတြင္ သြားလာေနသည့္ စစ္တပ္‌ေရယာဥ္ ၂ စီး ကို PDFတိုက္ခိုက္သည့္ ႐ုပ္သံဗီဒီယိုဖိုင္ ထြက္ေပၚ

ထြန္းထြန္းဝင္း

စစ္ကိုင္းတိုင္းေဒသႀကီး ၊မုံရြာၿမိဳ႕မွ ခ်င္းတြင္းျမစ္ရိုးတစ္ေလၽွာက္ ဆန္တတ္လာသည့္ အၾကမ္းဖက္စစ္ေကာင္စီ ေရယာဥ္ ႏွစ္စီးကို Kani PDF (1) ႏွင့္ Myanmar Defense Force (MDF) အဖြဲ႕တို႔ ပူးေပါင္း တိုက္ခိုက္ေနသည့္ ႐ုပ္သံဗီဒီယိုဖိုင္တစ္ခုကို မဇၩိမသတင္းဌာနက လက္ခံရရွိထားသည္။

စက္တင္ဘာလ ၂၉ ရက္ မြန္းလြဲပိုင္းအခ်ိန္က မုံရြာၿမိဳ႕မွ ဆန္တတ္လာသည့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္အင္အား ၂၀၀ ဝန္းက်င္ခန႔္ ပါရွိသည့္ အျမန္ေရယာဥ္ ႏွင့္ ဖလက္ခြံေရယာဥ္ ႏွစ္စီးတို႔ကို ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕က ခ်င္းတြင္းျမစ္ရိုး – ဆင္ေတာ္ဝဲ ၊ ေႁမြပိုင္းေတာင္ စသည့္ေနရာမ်ားတြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ညေန ၅နာရီ မိနစ္ ၅၀ တြင္ ကနီၿမိဳ႕ႏွင့္ မင္းကင္းၿမိဳ႕ၾကားရွိ နယ္ျခားဘုရားအနီးတြင္ အဆိုပါ ျမစ္အတြင္းရွိစစ္ေရယာဥ္ေပၚမွ တပ္သားမ်ားႏွင့္ PDF ပူးေပါင္း တပ္တို႔ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ တပ္ဖြဲ႕ဝင္ ကိုးဦးေသဆုံးၿပီး ၊ အေယာက္ ၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ဆိုသည္။

အဆိုပါနယ္ျခားဘုရား တိုက္ပြဲတြင္လက္နက္ႀကီးက်ည္ထိမွန္မႈေၾကာင့္ Kani PDF (1) စစ္သင္တန္းနည္းျပဆရာ ဗိုလ္မီးျခစ္ က်ဆုံးခဲ့ၿပီး MDFမွ တစ္ဦး၊ေဒသခံPDFမွ ႏွစ္ဦး စုစုေပါင္း သုံးဦးထိခိုက္ဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္။