News

ရွင္တို႔ေျပာေတာ့က်မကိုဖမ္းထားတယ္ဆို

ရှင်တို့ပြောတော့ကျမကိုဖမ်းထားတယ်ဆိုရှင်တို့ ပြောတော့ ကျမကို ဖမ်းထားတယ်ဆို
လမ်းမပေါ်မှာ ကျမတွေ အများကြီးမြင်နေရပါ့လား

ရှင်တို့ရဲ့ အကြောက်တရားတွေကို
ကျမတွေအများကြီးရဲ့ မကြောက်တရားက ဝိုင်းထားပြီးပါပြီ

ကျမက ဒီအခန်းထဲမှာ လွတ်မြောက်နေပြီး
ရှင်တို့က အပြင်ဘက်မှာ အကျဉ်းကျနေကြတယ်
ရှင်တို့ တံတားတွေပိတ်လည်း ကျမတွေက ရေထဲကချီတက်လာနေကြပြီ

ကျမအသံက ဂရယ်ဗယ်တီအဖြစ် မှုတ်ဆေးဘူးထဲကထွက်လာနေပြီ
ရှင်တို့ရဲ့ ကြောက်အားလန့်အားပစ်ဖောက်တီးခတ်သံမှာ


ကျမတွေအများကြီးက
ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးတာ
ပျော်ကြရဲ့လား

ရှင်တို့က မြစ်ကိုဖမ်းထားဖို့ ကြိုးစားနေတဲ့ ကြောက်ခဲတွေပဲ
ကျမက ပန်းချီ ကားထဲမှာ
ကျမက သီချင်းထဲမှာ

ကျမက ကဗျာထဲမှာ
ကျမက စာအုပ်တွေထဲမှာ
ကျမက တော်လှန်ရေးထဲမှာ
ကျမက သင်ရိုးညွှန်းတန်းထဲမှာ

ကျမက မိန့်ခွန်းတွေထဲမှာ
ကျမက တစ်ချို့နှလုံးသားထဲမှာ
ကျမက တစ်ချို့သွေးကြောထဲမှာ
ကျမက အမှန်တရားထဲမှာ
ကျမက ဓမ္မတရားထဲမှာ

ရှင်တို့ပြောတော့ ကျမကိုဖမ်းထားတယ်ဆို
စိတ်ကိုငြိမ်အောင်ထားပြီး ချွေးသီးတွေသုတ်လိုက်အုံး

ရှင်တို့ပြောတော့ ကျမကိုဖမ်းထားတယ်ဆိုပြီး
ဖမ်းထားတဲ့ရှင်တို့ကပဲ လွတ်အောင်ပြေးနေတယ်လား။
# ပြည် သူ တွေ ရဲ့ နှလုံးသား ထဲ က ကျမ
Crd:

Zawgyi

ရွင္တို႔ေျပာေတာ့က်မကိုဖမ္းထားတယ္ဆိုရွင္တို႔ ေျပာေတာ့ က်မကို ဖမ္းထားတယ္ဆို
လမ္းမေပၚမွာ က်မေတြ အမ်ားႀကီးျမင္ေနရပါ့လား

ရွင္တို႔ရဲ႕ အေၾကာက္တရားေတြကို
က်မေတြအမ်ားႀကီးရဲ႕ မေၾကာက္တရားက ဝိုင္းထားၿပီးပါၿပီ

က်မက ဒီအခန္းထဲမွာ လြတ္ေျမာက္ေနၿပီး
ရွင္တို႔က အျပင္ဘက္မွာ အက်ဥ္းက်ေနၾကတယ္
ရွင္တို႔ တံတားေတြပိတ္လည္း က်မေတြက ေရထဲကခ်ီတက္လာေနၾကၿပီ

က်မအသံက ဂရယ္ဗယ္တီအျဖစ္ မႈတ္ေဆးဘူးထဲကထြက္လာေနၿပီ
ရွင္တို႔ရဲ႕ ေၾကာက္အားလန႔္အားပစ္ေဖာက္တီးခတ္သံမွာ

က်မေတြအမ်ားႀကီးက
ေပ်ာ္႐ႊင္ဖြယ္ရာႏွစ္သစ္ျဖစ္ပါေစလို႔ ဆုေတာင္းေပးတာ
ေပ်ာ္ၾကရဲ႕လား

ရွင္တို႔က ျမစ္ကိုဖမ္းထားဖို႔ ႀကိဳးစားေနတဲ့ ေၾကာက္ခဲေတြပဲ
က်မက ပန္းခ်ီ ကားထဲမွာ
က်မက သီခ်င္းထဲမွာ

က်မက ကဗ်ာထဲမွာ
က်မက စာအုပ္ေတြထဲမွာ
က်မက ေတာ္လွန္ေရးထဲမွာ
က်မက သင္႐ိုးၫႊန္းတန္းထဲမွာ

က်မက မိန႔္ခြန္းေတြထဲမွာ
က်မက တစ္ခ်ိဳ႕ႏွလုံးသားထဲမွာ
က်မက တစ္ခ်ိဳ႕ေသြးေၾကာထဲမွာ
က်မက အမွန္တရားထဲမွာ
က်မက ဓမၼတရားထဲမွာ

ရွင္တို႔ေျပာေတာ့ က်မကိုဖမ္းထားတယ္ဆို
စိတ္ကိုၿငိမ္ေအာင္ထားၿပီး ေခြၽးသီးေတြသုတ္လိုက္အုံး

ရွင္တို႔ေျပာေတာ့ က်မကိုဖမ္းထားတယ္ဆိုၿပီး
ဖမ္းထားတဲ့ရွင္တို႔ကပဲ လြတ္ေအာင္ေျပးေနတယ္လား။
# ျပည္ သူ ေတြ ရဲ႕ ႏွလုံးသား ထဲ က က်မ
Crd: