News

ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ ေဆာင္းဦးလွိုင္ တကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ ကန္ေဒၚလာ ၃၄၀,၀၀၀ ေက်ာ္ ရရွိထား

ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ ေဆာင္းဦးလွိုင္ တကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ ကန္ေဒၚလာ ၃၄၀,၀၀၀ ေက်ာ္ ရရွိထား

ျမန္မာ့ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြအတြက္ အဆိုေတာ္ ေဆာင္းဦးလွိုင္ရဲ့ တကိုယ္ေတာ္ ဂီတေဖ်ာ္ေျဖပြဲကို အေမရိကန္နိုင္ငံၿမိဳ့ႀကီး ၇ ၿမိဳ့မွာ က်င္းပခဲ့အၿပီးမွာ ရန္ပုံေငြအေမရိကန္ ေဒၚလာ ၃၄၀,၀၀၀ ရရွိထားၿပီျဖစ္တယ္လို့ သိရပါတယ္

အဆိုေတာ္ေဆာင္းဦးလွိုင္ရဲ့ “ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြရွာေဖြခရီးစဥ္  လို့ အမည္ေပးထားတဲ့ တကိုယ္ေတာ္နယ္လွည့္ေဖ်ာ္ေျဖပြဲကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၈ ရက္ေန႔ကစတင္ခဲ့တာျဖစ္ၿပီး ၿမိဳ့ႀကီး ၁၀ ၿမိဳ့မွာ က်င္းပသြားဖို့ ေၾကညာထားခဲ့တာ ျဖစ္ပါတယ္

လတ္တေလာမွာေတာ့ ၿပီးခဲ့တဲ့ ေဖ်ာ္ေျဖပြဲကာလအတြင္း ေဆာင္းဦးလွိုင္ရဲ့ ဂစ္တာ၊ ဂ်င္း ေဝ့စ္ကုတ္ စတဲ့ အသုံးအေဆာင္ေတြကိုပါ ေလလံေပး ဝယ္ယူ လွူဒါန္းတာေတြလည္းရွိတယ္လို့ ေဆာင္းဦးလွိုင္က ေျပာပါတယ္

“ေစတနာေကာင္းလြန္းတဲ့ၿမိဳ့ေလးမွာ လက္မွတ္ေစာင္ေရ ၃၀၀ေက်ာ္ေရာင္းခဲ့ရတယ္ က်ေနာ့္ဂစ္တာတစ္လုံး ၉၅၀၀$ နဲ႔ေလလံေအာင္ လွူဒါန္းအၿပီး ေလလံမေအာင္လိုက္တဲ့ ေနာင္ေတာ္က $ ၁၀၀၀၀ လွူမယ္ဆိုေတာ့ ေလးစားလြန္းလို့ တီးေနတဲ့( ဆက္လက္ အသုံးျပဳရမယ့္ ) ဂစ္တာ ေပးပစ္ခဲ့တယ္။ က်ေနာ့္Jean waist coat ကိုလည္းေစတနာရွင္ ညီမတစ္ေယာက္က $၉၀၀၀ ေလာက္နဲ႔ ေလလံဆြဲတယ္

က်ေနာ့္လက္ထဲလာထည့္တဲ့ Tips & donations $ ၁၁၆၀၀ အားလုံးျပန္လွူတယ္  အျခားအျခားေသာ ပရိသတ္မ်ားရဲ့ ဝိုင္းဝန္းမွုနဲ႔ စုစုေပါင္း $၆၀၀၀၀ တိတိရေအာင္ ရန္ပုံေငြရွာနိုင္ခဲ့ပါတယ္  Utica ၿမိဳ့ေလးရဲ့ စည္းလုံးမွုနဲ႔ေစတနာက အံ့မခန္းပါဘဲ  ဦးေဆာင္ၾကသူေတြက အေသခ်ာကို စီစဥ္ၾကလိမ့္မယ္၊ ေတာ္လွန္ေရးလူငယ္မ်ား လက္ဝယ္အေရာက္ပို့ၾကဖို့။ မနက္ျဖန္ Albany ၿမိဳ့မွာ ေဘာလုံးကစားပါမယ္

ေရာက္ေလရာအရပ္မွာ စိတ္ေကာင္းေစတနာေကာင္း အေလ့က်င့္ေကာင္းေတြထြန္းကားေစဖို့ ရည္ရြယ္ပါတယ္  Photo quality မေကာင္းလွေပမယ့္ စက္ေတြၾကားမွာ ႐ုန္းကန္ေနတဲ့ က်ေနာ္ ၿမိဳ့(၇) ၿမိဳ့အၿပီး ရန္ပုံေငြ ၃၄၀၀၀၀$ ရွာနိုင္ခဲ့ပါေၾကာင္း

အေမရိကန္ၿမိဳ့ႀကီးေတြမွာ ေဖ်ာ္ေျဖပြဲေတြအသီးသီးက ရရွိတဲ့ ရန္ပုံေငြေတြကိုေတာ့ ျမန္မာ ျပည္အနယ္နယ္အရပ္ရပ္က လိုအပ္တဲ့ ေနရာေတြအသီးသီးကို ေပးပို့လွူဒါန္းသြားမွာ ျဖစ္တယ္လို့ ဆိုပါတယ္

အသက္ ၄၉ ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ေဆာင္းဦးလွိုင္ဟာ လတ္တေလာမွာေတာ့ ျပည္ပမွာ ေနထိုင္ေနၿပီး ကိုယ္ပိုင္သံစဥ္သီခ်င္းေတြနဲ႔အတူ ဂီတလွုပ္ရွားမွုေတြ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္

၁၉၈၉ ခုႏွစ္ေလာက္က စတင္ၿပီးေတာ့ ေတးေရးဆရာတဦးအေနနဲ႔ ျမန္မာ့ဂီတ ေလာကထဲကို ေရာက္ရွိလာခဲ့တဲ့ ေဆာင္းဦးလွိုင္ဟာ ၁၉၉၃ ခုႏွစ္မွာေတာ့ ‘မင္းရဲ့ သူရဲေကာင္း’ တကိုယ္ေတာ္ေတးအယ္လ္ဘမ္နဲ႔ ေအာင္ျမင္တဲ့အဆိုေတာ္တေယာက္အျဖစ္ ပရိသတ္ေတြက လက္ခံအားေပးခဲ့ၾကတာ ျဖစ္ပါတယ္

သူဟာ ေဆးပညာဘြဲ႕ရတဦးလည္းျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ကိုယ္တိုင္ေရးသားၿပီး ကိုယ္တိုင္သီဆိုခဲ့တဲ့ တကိုယ္ေတာ္ေတးအယ္လ္ဘမ္ေပါင္း ၁၀ ခ်ပ္ထက္မနည္း ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္

အဲဒီအခ်ိန္ကာလေတြမွာေတာ့ တကိုယ္ေတာ္သီဆိုမွုေတြအျပင္ ထေရစီနဲ႔ တျခား အဆိုေတာ္ေတြပါ ပါဝင္ဖြဲ႕စည္းထားတဲ့ ‘ခရီးသြားငါးေယာက္’၊ ေတးသံရွင္ စည္သူလြင္၊ အဲလက္စ္တို့နဲ႔ သီဆိုေအာင္ျမင္ခဲ့တဲ့ ‘19.18’ အယ္လ္ဘမ္ေတြမွာပါ ပရိသတ္ေတြၾကား ဆယ္စုႏွစ္နဲ႔ခ်ီ ေနရာယူနိုင္ခဲ့တာ ျဖစ္ပါတယ္

၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္ေတာ္လွန္ေရးေနာက္ပိုင္းမွာေတာ့ ေဆာင္းဦးလွိုင္ဟာ ေတးသီခ်င္းထုတ္လုပ္မွုေတြကို ရပ္နားထားခဲ့ၿပီး ဆယ္စုႏွစ္အၾကာ ၂၀၁၇ မွာေတာ့ ‘ကမၻာ့စံခ်ိန္’ မီနီအယ္လ္ဘမ္ကို ထြက္ရွိခဲ့တာပါ

အဲဒီေနာက္ ၾကားကာလ ၂၀၁၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ NLD အစိုးရကို ေထာက္ခံအားေပးတဲ့ ေတးသီခ်င္းေတြကို ေရးသားခဲ့ၿပီး ‘ေမေမနိုင္မွ ျဖစ္မွာပါ’ ၊ ေဒၚ ေအာင္ဆန္းစုၾကည္ရဲ့ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖိႏွိပ္ခံကာလတုန္းကအေျခအေနကို ရည္ရြယ္ေရးသားခဲ့ၿပီး နီနီခင္ေဇာ္သီဆိုခဲ့တဲ့ ‘ေမၽွာ္လင့္ခ်က္ တစုံတရာ’ သီခ်င္းေတြဟာလည္း ေအာင္ျမင္ခဲ့တဲ့ ေတးသီခ်င္းေတြ ျဖစ္ခဲ့ပါတယ္ DVB

unicode

နွေဦးတော်လှန်ရေး ရန်ပုံငွေ ဆောင်းဦးလှိုင် တကိုယ်တော်ဖျော်ဖြေပွဲ ကန်ဒေါ်လာ ၃၄၀,၀၀၀ ကျော် ရရှိထား

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော် ဆောင်းဦးလှိုင်ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမြို့ကြီး ၇ မြို့မှာ ကျင်းပခဲ့အပြီးမှာ ရန်ပုံငွေအမေရိကန် ဒေါ်လာ ၃၄၀,၀၀၀ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်

အဆိုတော်ဆောင်းဦးလှိုင်ရဲ့  နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်”လို့ အမည်ပေးထားတဲ့ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး မြို့ကြီး ၁၀ မြို့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်

လတ်တလောမှာတော့ ပြီးခဲ့တဲ့ ဖျော်ဖြေပွဲကာလအတွင်း ဆောင်းဦးလှိုင်ရဲ့ ဂစ်တာ၊ ဂျင်း ဝေ့စ်ကုတ် စတဲ့ အသုံးအဆောင်တွေကိုပါ လေလံပေး ဝယ်ယူ လှူဒါန်းတာတွေလည်းရှိတယ်လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

“စေတနာကောင်းလွန်းတဲ့မြို့လေးမှာ လက်မှတ်စောင်ရေ ၃ဝဝကျော်ရောင်းခဲ့ရတယ် ကျနော့်ဂစ်တာတစ်လုံး ၉၅၀၀$ နဲ့လေလံအောင် လှူဒါန်းအပြီး လေလံမအောင်လိုက်တဲ့ နောင်တော်က $ ၁၀၀၀၀ လှူမယ်ဆိုတော့ လေးစားလွန်းလို့ တီးနေတဲ့( ဆက်လက် အသုံးပြုရမယ့် ) ဂစ်တာ ပေးပစ်ခဲ့တယ် ကျနော့်Jean waist coat ကိုလည်းစေတနာရှင် ညီမတစ်ယောက်က $၉၀၀၀ လောက်နဲ့ လေလံဆွဲတယ်

ကျနော့်လက်ထဲလာထည့်တဲ့ Tips & donations $ ၁၁၆၀၀ အားလုံးပြန်လှူတယ် အခြားအခြားသော ပရိသတ်များရဲ့ ဝိုင်းဝန်းမှုနဲ့ စုစုပေါင်း $၆၀၀၀၀ တိတိရအောင် ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်  Utica မြို့လေးရဲ့ စည်းလုံးမှုနဲ့စေတနာက အံ့မခန်းပါဘဲ  ဦးဆောင်ကြသူတွေက အသေချာကို စီစဉ်ကြလိမ့်မယ်၊ တော်လှန်ရေးလူငယ်များ လက်ဝယ်အရောက်ပို့ကြဖို့။ မနက်ဖြန် Albany မြို့မှာ ဘောလုံးကစားပါမယ်

ရောက်လေရာအရပ်မှာ စိတ်ကောင်းစေတနာကောင်း အလေ့ကျင့်ကောင်းတွေထွန်းကားစေဖို့ ရည်ရွယ်ပါတယ်။ Photo quality မကောင်းလှပေမယ့် စက်တွေကြားမှာ ရုန်းကန်နေတဲ့ ကျနော် မြို့(၇) မြို့အပြီး ရန်ပုံငွေ ၃၄၀၀၀၀$ ရှာနိုင်ခဲ့ပါကြောင်း”

အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေအသီးသီးက ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာ ပြည်အနယ်နယ်အရပ်ရပ်က လိုအပ်တဲ့ နေရာတွေအသီးသီးကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်

အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်

၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့ သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော်တယောက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည်ရွယ်ရေးသားခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းတွေဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်  DVB