News

ျမန္မာအာဏာသိမ္းေခါင္းေဆာင္ အာဆီယံညီလာခံကေန ခ်န္လွပ္ခံရႏိုင္ဟု မေလးရွား ေျပာ

မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းရေးအတွက်အာဆီယံအထူးကိုယ်စားလှယ်နှင့်ပူးပေါင်းဆောင်ရွက်ရန်မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်ကငြင်းဆန်နေမည်ဆိုပါကယခုလကုန်ပိုင်းတွင်ကျင်းပသွားမည့် အာဆီယံအဖွဲ့ ထိပ်သီးတွေ့ဆုံပွဲကနေ မြန်မာကို ချန်လှပ်သွားနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၄ ရက်တွင် သတိပေးသွားခဲ့သည်

မြန်မာနိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်၏ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီးဖေဖေါ်ဝါရီလစစ်တပ်အာဏာသိမ်းမှုဖြစ်ထားခဲ့ပြီးနောကပေါ်ပေါက်နေသည့နိုင်ငံရေးအကျပ်အတည်းကိုကြားဝင်ဖြေရှင်းရန်အတွက် အာဆီယံအုပ်စုက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်တာဝန်ပေးထားခဲ့သည်။

လက်ရှိအချိန်တွင်အဆိုပါအာဆီယံအထူးကိုယ်စားလှယ်သည်မြန်မာနိုင်ငံသို့လာရောက်နိုင်ရေးနှင့်ပတ်သက်၍အာဏာသိမ်းစစ်အုပ်စုနှင့်ညှိနှိုင်းနေရဆဲအဆင့်၌သာရှိနေသည်။မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က အာဆီယံအထူးကိုယ်စားလှယ် ယူဆွတ်ဖ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှုအပေါ် စိတ်ပျက်မိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်

အဗ္ဘဒူလာကအောက်တိုဘာ၄ရက်အခြားသောအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်တစုံတရာတိုးတက်မှုမရှိရင်တော့မြန်မာစစ်တပ်ခေါင်းဆောင်ကိုဒီလကုန်ပိုင်းအာဆီယံထိပ်သီးတွေ့ဆုံပွဲမှာ ပါဝင်စေခွင့်ပြုဖို့က ခက်ခဲပါလိမ့်မယ်” ဟု ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို တန်ပြန်ဆန့်ကျင်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်မည်ကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့သည့်အပတ် အစီရင်ခံစာတွင် သတိပေးထားခဲ့သည်။

အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုကို ကြိုဆိုသည်ဟုလည်း ၎င်းက ပြောခဲ့သည်သို့သော် အာဆီယံလုပ်ဆောင်မှုကတိုးတက်မှုနှေးကွေးနေခြင်းနှင့်အတူမြန်မာနိုင်ငံအကျပ်အတည်းကပိုမိုကြီးမားသည့် ပဋိပက္ခ နှင့် ဘက်ပေါင်းစုံ ပါဝင်သည့် ကြီးမားသောဘေးဒုက္ခဆိုးကြီးမျိုး ဖြစ်မလာစေရေးအတွက် တားဆီးရန် ဒေသတွင်းနှင့်နိုင်ငံတကာကအမြန်ဆုံးဝိုင်းဝန်းတုံ့ပြန်ဆောင်ရွက်ရေး၎င်းကတိုက်တွန်းခဲ့သည်

Zawgyi

ျမန္မာႏိုင္ငံအက်ပ္အတည္းေျဖရွင္းေရးအတြက္အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ျမန္မာအာဏာသိမ္းစစ္ေကာင္စီဘက္ကျငင္းဆန္ေနမည္ဆိုပါကယခုလကုန္ပိုင္းတြင္က်င္းပသြားမည့္ အာဆီယံအဖြဲ႕ ထိပ္သီးေတြ႕ဆုံပြဲကေန ျမန္မာကို ခ်န္လွပ္သြားႏိုင္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေအာက္တိုဘာ ၄ ရက္တြင္ သတိေပးသြားခဲ့သည္

ျမန္မာႏိုင္ငံတြင္ေဒၚေအာင္ဆန္းစုၾကည္၏ေ႐ြးေကာက္ခံအရပ္သားအစိုးရကိုျဖဳတ္ခ်ၿပီးေဖေဖၚဝါရီလစစ္တပ္အာဏာသိမ္းမႈျဖစ္ထားခဲ့ၿပီးေနာကေပၚေပါက္ေနသည့ႏိုင္ငံေရးအက်ပ္အတည္းကိုၾကားဝင္ေျဖရွင္းရန္အတြက္ အာဆီယံအုပ္စုက ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး အာရီဝမ္ ယူဆြတ္ဖ္ကို ျမန္မာဆိုင္ရာ အထူးသံတမန္အျဖစ္ ခန႔္အပ္တာဝန္ေပးထားခဲ့သည္။

လက္ရွိအခ်ိန္တြင္အဆိုပါအာဆီယံအထူးကိုယ္စားလွယ္သည္ျမန္မာႏိုင္ငံသို႔လာေရာက္ႏိုင္ေရးႏွင့္ပတ္သက္၍အာဏာသိမ္းစစ္အုပ္စုႏွင့္ညႇိႏႈိင္းေနရဆဲအဆင့္၌သာရွိေနသည္။ျမန္မာအာဏာသိမ္းစစ္ေကာင္စီဘက္က အာဆီယံအထူးကိုယ္စားလွယ္ ယူဆြတ္ဖ္ ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိမႈအေပၚ စိတ္ပ်က္မိေၾကာင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္

အဗၻဒူလာကေအာက္တိုဘာ၄ရက္အျခားေသာအာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္တစုံတရာတိုးတက္မႈမရွိရင္ေတာ့ျမန္မာစစ္တပ္ေခါင္းေဆာင္ကိုဒီလကုန္ပိုင္းအာဆီယံထိပ္သီးေတြ႕ဆုံပြဲမွာ ပါဝင္ေစခြင့္ျပဳဖို႔က ခက္ခဲပါလိမ့္မယ္” ဟု ၎က တြစ္တာတြင္ ေရးသားခဲ့သည္။

တခ်ိန္တည္းမွာပင္ ျမန္မာႏိုင္ငံတြင္ စစ္တပ္၏ အာဏာခ်ဳပ္ကိုင္မႈကို တန္ျပန္ဆန႔္က်င္ရန္ အခြင့္အလမ္း နည္းပါးသြားႏိုင္မည္ကို စိုးရိမ္မိေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က ၿပီးခဲ့သည့္အပတ္ အစီရင္ခံစာတြင္ သတိေပးထားခဲ့သည္။

အာဆီယံ အထူးကိုယ္စားလွယ္ ခန႔္အပ္မႈကို ႀကိဳဆိုသည္ဟုလည္း ၎က ေျပာခဲ့သည္သို႔ေသာ္ အာဆီယံလုပ္ေဆာင္မႈကတိုးတက္မႈေႏွးေကြးေနျခင္းႏွင့္အတူျမန္မာႏိုင္ငံအက်ပ္အတည္းကပိုမိုႀကီးမားသည့္ ပဋိပကၡ ႏွင့္ ဘက္ေပါင္းစုံ ပါဝင္သည့္ ႀကီးမားေသာေဘးဒုကၡဆိုးႀကီးမ်ိဳး ျဖစ္မလာေစေရးအတြက္ တားဆီးရန္ ေဒသတြင္းႏွင့္ႏိုင္ငံတကာကအျမန္ဆုံးဝိုင္းဝန္းတုံ႔ျပန္ေဆာင္႐ြက္ေရး၎ကတိုက္တြန္းခဲ့သည္