မနက်ဖန်၅ရက်နေ့တစ်နိုင်ငံလုံးအင်တာနက်အဖြတ်ခံရနိုင်….မအလတွေကNUCCကိုကြောက်လို့ဒူးပါတုန်နေလောက်ပါပြီ။မနက်ဖန်၅ရက်နေ့မှာNUCCကပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်
NUCC ဆိုတာ ဘာလဲ။လက်ရှိ နွေဦးတော်လှန်ရေးမှာCRPH ရယNUG ရယ်NUCC ရယ်အရေးကြီး ၃ အုပ်စုရှိပါတယ်။CRPH ကတော့ လွှတ်တော်ပေါ့။NUG က အစိုးရေပါ့။
ပြောရရင်တော့NUCC ဆိုတဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဆိုတာCRPH နဲ့ NUG ရဲ့ အပေါ်မှာ ရှိတယ်လို့တောင်ပြောလို့ရပါတယ်။
NUCC ဆိုတာအနာဂတ် ဖက်ဒရယ်နိုင်ငံ သေးသေးလေးပေါ့။လူထုခေါင်းဆောင်တွေပါမယ်။ဥပမာ ကိုမင်းကိုနိုင်လို ပုဂ္ဂိုလ်တွေ။တိုင်းရင်းသား နိုင်ငံရေးပါတီတွေပါမယ်။NLDတို့၊SNLD တို့လိုပေါ့
ပါတီမဟုတ်တဲ့တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့တွေပါမယ်။ကရင်၊ကချင်၊ချင်း တိုင်းရင်းသားအရေး ဦးဆောင်အဖွဲ့တွေ။EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ။KNU၊KIO၊ချင်း၊ကရင်နီ၊ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေ။
ဒီလို တိုင်းပြည်ရဲ့ အရေးကြီး၊သြဇာကြီး အဖွဲ့တွေ၊လူပုဂ္ဂိုလ်တွေကို ၈လအတွင်း တစ်စုတစ်ဝေးတည်းဖြစ်အောင်ဘယ်လိုများ စုစည်းလိုက်တာလဲ။အတော်ခက်ခဲ ပင်ပန်းတဲ့ အလုပ်ကြီးဆိုတာ
ပြည်သူတွေနားလည်သဘောပေါက်နေကြပါပြီကျေးဇူးလည်းတင်ပါတယ်။ဘုံရည်မှန်းချက်ဖြစ်တဲ့က်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဘာတွေသဘောတူထားပြီးပြီလဲ။
ဘာတွေ ဆက်ညှိနှိုင်းကြမှာလဲ။အာဏာရဲ့မူလပထမပိုင်ရှင် ပြည်သူတွေကိုရှင်းပြကြပါလိမ့်မယ်
Zawgyi
မနက္ဖန္၅ရက္ေန႔တစ္နိုင္ငံလုံးအင္တာနက္အျဖတ္ခံရနိုင္….မအလေတြကNUCCကိုေၾကာက္လို႔ဒူးပါတုန္ေနေလာက္ပါၿပီ။မနက္ဖန္၅ရက္ေန႔မွာNUCCကပထမဆုံးအႀကိမ္သတင္းစာရွင္းလင္းပြဲလုပ္ပါမယ္
NUCC ဆိုတာ ဘာလဲ။လက္ရွိ ေႏြဦးေတာ္လွန္ေရးမွာCRPH ရယNUG ရယ္NUCC ရယ္အေရးႀကီး ၃ အုပ္စုရွိပါတယ္။CRPH ကေတာ့ လႊတ္ေတာ္ေပါ့။NUG က အစိုးေရပါ့။
ေျပာရရင္ေတာ့NUCC ဆိုတဲ့အမ်ိဳးသားညီညြတ္ေရးအတိုင္ပင္ခံေကာင္စီဆိုတာCRPH နဲ႔ NUG ရဲ့ အေပၚမွာ ရွိတယ္လို႔ေတာင္ေျပာလို႔ရပါတယ္။
NUCC ဆိုတာအနာဂတ္ ဖက္ဒရယ္နိုင္ငံ ေသးေသးေလးေပါ့။လူထုေခါင္းေဆာင္ေတြပါမယ္။ဥပမာ ကိုမင္းကိုနိုင္လို ပုဂၢိဳလ္ေတြ။တိုင္းရင္းသား နိုင္ငံေရးပါတီေတြပါမယ္။NLDတို႔၊SNLD တို႔လိုေပါ့
ပါတီမဟုတ္တဲ့တိုင္းရင္းသား ကိုယ္စားျပဳအဖြဲ႕ေတြပါမယ္။ကရင္၊ကခ်င္၊ခ်င္း တိုင္းရင္းသားအေရး ဦးေဆာင္အဖြဲ႕ေတြ။EAOs တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက ေခါင္းေဆာင္ေတြ။KNU၊KIO၊ခ်င္း၊ကရင္နီ၊ရွမ္းလက္နက္ကိုင္ေခါင္းေဆာင္ေတြ။
ဒီလို တိုင္းျပည္ရဲ့ အေရးႀကီး၊ၾသဇာႀကီး အဖြဲ႕ေတြ၊လူပုဂၢိဳလ္ေတြကို ၈လအတြင္း တစ္စုတစ္ေဝးတည္းျဖစ္ေအာင္ဘယ္လိုမ်ား စုစည္းလိုက္တာလဲ။အေတာ္ခက္ခဲ ပင္ပန္းတဲ့ အလုပ္ႀကီးဆိုတာ
ျပည္သူေတြနားလည္သေဘာေပါက္ေနၾကပါၿပီေက်းဇူးလည္းတင္ပါတယ္။ဘုံရည္မွန္းခ်က္ျဖစ္တဲ့က္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးနဲ႔စစ္အာဏာရွင္အျမစ္ျပတ္ေရးအတြက္ဘာေတြသေဘာတူထားၿပီးၿပီလဲ။
ဘာေတြ ဆက္ညႇိႏွိုင္းၾကမွာလဲ။အာဏာရဲ့မူလပထမပိုင္ရွင္ ျပည္သူေတြကိုရွင္းျပၾကပါလိမ့္မယ္