ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF Senthang တပ်ဖွဲ့ထံ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၂၂ တပ်ရင်းမှ
တပ်သား ၅ ဦးသည် MA1 သေနတ် ၂ လက်နှင့်အတူ လာရောက်ပူးပေါင်းကြောင်း ယနေ့တွင် CDF Senthang မှ သတင်းထုတ်ပြန်သည်
CDM ပြုလုပ်ကာ CDF နှင့် လာရောက်ပူးပေါင်းသော တပ်သားများအား ထိုက်သင့်သော ဆုကြေးလက်ဆောင်များချီးမြှင့်ကာ
လုံခြုံစိတ်ချမှုရှိသောဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်
zawgyi
ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္အတြင္းရွိ CDF Senthang တပ္ဖြဲ႕ထံ အၾကမ္းဖက္စစ္ေကာင္စီ ခလရ ၂၂၂ တပ္ရင္းမွ
တပ္သား ၅ ဦးသည္ MA1 ေသနတ္ ၂ လက္ႏွင့္အတူ လာေရာက္ပူးေပါင္းေၾကာင္း ယေန႔တြင္ CDF Senthang မွ သတင္းထုတ္ျပန္သည္
CDM ျပဳလုပ္ကာ CDF ႏွင့္ လာေရာက္ပူးေပါင္းေသာ တပ္သားမ်ားအား ထိုက္သင့္ေသာ ဆုေၾကးလက္ေဆာင္မ်ားခ်ီးျမႇင့္ကာ
လုံျခဳံစိတ္ခ်မႈရွိေသာေဒသသို႔ ပို႔ေဆာင္ေပးၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္