News

စစ်ကောင်စီကို အာဆီယံဝန်ကြီးများက စိတ်ပျက်သွားပါပြီ

မြန်မာစစ်ကောင်စီရဲ့ မလိမ့်တပတ် ကတိကဝတ်တွေကို စိတ်ပျက်ခဲ့ပါပြီ လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ် ။ ဒီသတင်းကို ရိုက်တာသတင်းဌာနက တင်ထားတာပါ ။

ဧပြီလက သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လက်မခံခဲ့ပါဘူး ။ ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးအတွက် စိတ်ပူတယ်လို့ အာဆီယံဝန်ကြီးအချို့က ထုတ်ပြောထားတာပါ ။ မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပြည်သူတွေကို နည်းအမျိူးမျိူးနဲ့ နှိမ်နင်းနေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှု့တွေနဲ့ ရင်ဆိုင်နေရပါတယ် ။

အမေရိကန် ၊ တရုတ်နဲ့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ပါတီအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တာဝန်ပေးထားပါတယ် ။

” မြန်မာဟာ ထင်ရှားတဲ့ တိုးတက်မှု့မရှိဘူး ။ စစ်တပ်က အထူးသံတမန်ရဲ့ ကြိူးပမ်းမှု့ကို အပြုသဘော မတုံ့ပြန်ခဲ့ဘူး “လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး RENTO MARSUDI က ဒေသတွင်း အစည်းအဝေးတစ်ခုမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့တာပါ ။ ” အဖွဲ့ဝင်အများစုက မြန်မာစစ်ခေါင်းဆောင်တွေကို စိတ်ပျက်နေကြတယ် ” လို့လည်း ပြောထားပါတယ် ။ ဒါကိုကြည့်ရရင် အာဆီယံဟာ ဒီတာဝန်ကို စိတ်ပျက်ပြီး မလုပ်ဆောင်နိုင်တော့ဘူးလို့ ပြောလိုက်တာပါပဲ ။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး VIVIAN ကလည်း ” အာဆီယံကိုယ်စားလှယ်ဟာ ကတိမတည်တဲ့ မြန်မာစစ်တပ်နဲ့ အလုပ်လုပ်ဖို့ စိန်ခေါ်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၊ တိုးတက်မှု့မရခဲ့ဘူး ” လို့ ပြောထားပါတယ် ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး SAIFUDDIN ကတော့” ခြေတစ်လှမ်းတိုးသွားတာကိုမှ တိုးတက်မှု့မရှိဘူးဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ခက်ခဲပါလိမ့်မယ် ” လို့ ဆိုပါတယ် ။ အမည်မဖော်လိုသူ အာဆီယံဝန်ကြီးတစ်ဦးက ” ဒီလနှောင်းပိုင်းမှာလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နှင်ထုတ်ဖို့ စီစဉ်နေပါတယ် ” လို့ ရိုက်တာသတင်းဌာနကို အသိပေးထားပါတယ် ။

မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ စစ်အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးချိူးဖောက်မှု့တွေဟာ အာဆီယံရဲ့ အရှုပ်ထွေးဆုံး ကိစ္စတွေပါ ။ နိုင်ငံခြားရေးဝန်ကြီး အများစုက အာဆီယံရဲ့ မစွက်ဖက်ရေးမူဝါဒကို သွေးတိုးစမ်းခံနေရပြီး ၊ စစ်အာဏာရှည်လျားနေတဲ့နိုင်ငံကို စိတ်ပျက်နေကြတာပါ ။

” အာဆီယံရဲ့ ကူညီဆောင်ရွက်မှု့တွေကို ဘာ့ကြောင့် လက်မခံရတာလဲ “လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရိုက်တာသတင်းဌာနက ဖုန်းနဲ့ မေးမြန်းခဲ့ရာမှာ ဖြေကြားခြင်းမရှိခဲ့ပါဘူး ။ဒီသတင်းကို ရိုက်တာသတင်းဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေကို မေးမြန်းထားတာပါ ။
ဆိုရရင် ……..၊

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးကို ကုလအဖွဲ့ရဲ့ ကိုင်တွယ်ပုံဟာ ” ဆင်က ” နေသလို နှေးကွေး လေးလံလွန်းတယ်လို့ ဝေဖန်လိုက်ချိန်မှာ ၊ ကုလအတွင်းရေးမှုးက မြန်မာ့အရေးကို နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ လှုံ့ဆော်လိုက်တယ် ။ ဒီအချိန်မှာ အာဆီယံရဲ့ လုပ်ဆောင်မှု့ဟာ မအောင်မြင်နိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သလိုဖြစ်သွားတယ် ။

တကယ်လည်းပဲ အာဆီယံကိုယ်စားလှယ်ဟာ ဂျွန်တ လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေနဲ့ အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒါဟာ အာဆီယံကိုယ်စားလှယ်ရဲ့ ကြိူးပမ်းမှု့အားနည်းချက်ကြောင့်သာမဟုတ်ပဲ ၊ မလိမ့်တပတ်လုပ်နေတဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေဟာ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလွယ်ဘူးဆိုတာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အစီရင်ခံခဲ့ကြတာပါ ။

ဒါ့ကြောင့်လည်း အာဆီယံအစည်းအဝေးကို ရောက်လာနိုင်တဲ့ မြန်မာစစ်ခေါင်းဆောင်ကို နှင်ထုတ်ကြဖို့ တိုင်ပင်နေပြီး ၊ ကုလနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆက်လက်ကိုင်တွယ်ကြဖို့ အသိပေးလိုက်တာပါ ။

ကြားသိရတဲ့ ပြည်တွင်းအခြေအနေတွေကတော့ ခုခံစစ်မှာ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေဘက်က လက်နက်တွေ အဆင့်မြင့်လာတယ် ။ တိုက်ပွဲတွေ စိပ်လာတယ် ။ နေပြည်တော်လို နေရာမှာတောင် အတွဲလိုက်ပစ်တယ်ဆိုတဲ့သတင်းတွေ ကြားနေရပါတယ် ။