လက်ရှိ အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု ၃ မှုတိုးဖို့ စစ်ကောင်စီဘက် က ပြင်ဆင်နေတယ်လို့ VOA သတင်းမှာဖော်ပြထားပါတယ်။
အမှုဖွင့် တရားစွဲနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေတာမှာ ကနဦးစစ်ဆေး ချက်ယူဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
“အမှု စွဲဖို့ပေါ့။ ပထမ အဂတိက စုံစမ်းတယ်ဗျ။ အမှု မစွဲခင်မှာလေ၊ အမှု တခုတည်း မဟုတ်ဘူး၊ ၃ မှုဗျ။ ဆင့်စာ အဲဒီဘက်ကခေါ်တာဗျ။ ၃ မှုခေါ်တာဗျ။
ကျနော် တို့လည်းကောင်းကောင်းမသိဘူး။ သူကလည်းပဲ ရှေ့နေတွေ…ကျနော်တို့ကို မလွှတ်ဘူး၊ သူ့ကိုမေးချင်လာမေးလို့ ရတာပဲ။ သူဘယ်မှရှောင်လွှဲလို့ ရတာလည်းမဟုတ်ဘဲတဲ့- အဲလိုပြောပါတယ်။
ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လွှတ်ရမယ် ပြောတာကို။ လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။ လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါတယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။”
စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းနေတဲ့ အကြောင်းအချက် အသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မသိရသေးပါဘူး။
Zawgyi
လက္ရွိ အဂတိလိုက္စားမႈ ၅ မႈနဲ႔ တရားစြဲခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ အဂတိလိုက္စားမႈ ၃ မႈတိုးဖို႔ စစ္ေကာင္စီဘက္ က ျပင္ဆင္ေနတယ္လို႔ VOA သတင္းမွာေဖာ္ျပထားပါတယ္။
အမႈဖြင့္ တရားစြဲႏိုင္ဖို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းေနတာမွာ ကနဦးစစ္ေဆး ခ်က္ယူဖို႔ ဆင့္ေခၚစာပို႔ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖြဲ႕ထဲက တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။
“အမႈ စြဲဖို႔ေပါ့။ ပထမ အဂတိက စုံစမ္းတယ္ဗ်။ အမႈ မစြဲခင္မွာေလ၊ အမႈ တခုတည္း မဟုတ္ဘူး၊ ၃ မႈဗ်။ ဆင့္စာ အဲဒီဘက္ကေခၚတာဗ်။ ၃ မႈေခၚတာဗ်။
က်ေနာ္ တို႔လည္းေကာင္းေကာင္းမသိဘူး။ သူကလည္းပဲ ေရွ႕ေနေတြ…က်ေနာ္တို႔ကို မလႊတ္ဘူး၊ သူ႔ကိုေမးခ်င္လာေမးလို႔ ရတာပဲ။ သူဘယ္မွေရွာင္လႊဲလို႔ ရတာလည္းမဟုတ္ဘဲတဲ့- အဲလိုေျပာပါတယ္။
ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ျဖစ္ေစ လႊတ္ရမယ္ ေျပာတာကို။ ေလယာဥ္ပ်ံငွားၿပီးေတာ့ အခ်ိန္ျပည့္ မစီးလို႔ ဆိုတာပါတယ္။
ေလယာဥ္ပ်ံငွားၿပီးေတာ့ေပါ့။ တခုက အဲဒါပါတယ္။ တခုက ကြၽန္းသစ္ဆိုလားမသိဘူးဗ်။ ကြၽန္းသစ္တဲ့ ဗ်။ က်ေနာ္ တို႔ၾကားလိုက္တာကိုေျပာတာပါ။”
စစ္ေကာင္စီရဲ႕ အဂတိလိုက္စားမႈေကာ္မရွင္က စုံစမ္းေနတဲ့ အေၾကာင္းအခ်က္ အေသးစိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြ မသိရေသးပါဘူး။