Cele

အက်ႌအသစ္ေလးေတြအတြက္ ေက်းဇူးတင္ေၾကာင္းေျပာလာတဲ့ ဒါ႐ိုက္တာသည္ေခတ္ေနနဲ႔ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းတို႔ ပုံရိပ္မ်ား

အႏုပညာေလာကမွာ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာသည္ေခတ္ေနဟာဆိုရင္ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူလူထုနဲ႔အတူ တစ္သားတည္း ရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။သည္ေခတ္ေနက လူထုလႈပ္ရွားမႈမွာလည္း အားႀကိဳးမာန္တက္ ပါဝင္ခဲ့တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္မင္းေမာ္ကြန္းကလည္း ေတာ္လွန္ေရးႀကီးမွာ အမွန္တရားဘက္ကပါဝင္ၿပီး လမ္းထြက္ကာ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ အႏုပညာရွင္ေတြထဲက တစ္ဦးပါ။

သည္ေခတ္ေနေရာ မင္းေမာ္ကြန္းကပါ အမွန္တရားဘက္မွာရဲဝင့္စြာရပ္တည္ခဲ့တဲ့အတြက္ေၾကာင့္ (၂)ဦးစလုံး ပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္အေရးယူ ခံထားရတာပဲ ျဖစ္ပါတယ္။

ေရွာင္တိမ္းေနရေပမယ့္လည္း လတ္တေလာအေျခအေနေတြနဲ႔ပတ္သက္ၿပီး အမွန္တရားေတြကို သူ႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာကေနတစ္ဆင့္ အၿမဲမွ်ေဝေပးေလ့ရွိပါတယ္။

လြန္ခဲ့တဲ့ရက္ကလည္း သည္ေခတ္ေနက ေတာ္လွန္ေရးရဲေဘာ္ေတြအတြက္ အက်ီေလးေတြပို႔ေပးတဲ့ အမ်ားျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း သူရဲ႕ လူမႈကြန္ယက္ေပၚမွာ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမ တစ္ေနရာကေန အက်ီအသစ္ေလးေတြနဲ႔ ခန႔္ညားေနၾကတဲ့ ဒါ႐ိုက္တာသည္ေခတ္ေန၊ ACC ကိုရဲမင္းနဲ႔ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းတို႔ ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးထားတဲ့ ဒါရိုက်တာသည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလအစပိုင်းကတည်းက နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။သည်ခေတ်နေက လူထုလှုပ်ရှားမှုမှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းကလည်း တော်လှန်ရေးကြီးမှာ အမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးပါ။

သည်ခေတ်နေရော မင်းမော်ကွန်းကပါ အမှန်တရားဘက်မှာရဲဝင့်စွာရပ်တည်ခဲ့တဲ့အတွက်ကြောင့် (၂)ဦးစလုံး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူ ခံထားရတာပဲ ဖြစ်ပါတယ်။

ရှောင်တိမ်းနေရပေမယ့်လည်း လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားတွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ရက်ကလည်း သည်ခေတ်နေက တော်လှန်ရေးရဲဘော်တွေအတွက် အကျီလေးတွေပို့ပေးတဲ့ အများပြည်သူတွေကို ကျေးဇူးတင်ကြောင်း သူရဲ့ လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကနေ အကျီအသစ်လေးတွေနဲ့ ခန့်ညားနေကြတဲ့ ဒါရိုက်တာသည်ခေတ်နေ၊ ACC ကိုရဲမင်းနဲ့ သရုပ်ဆောင်မင်းမော်ကွန်းတို့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။