လစာေတြလအကုန္မွာေရာက္မလာေတာ့အလွကမာၻကယူနီေဖာင္းေလးဟာခဏတာေတာ့ဂ်ဴတီေျပာင္းရတာေပါ့တခ်ိဳ႕ေငြေသာ္တာေလးေတြကအိမ္မွာသာၿပီးတခ်ိဳ႕ဥယ်ာဥ္မႉးေလးေတြကၿခံထဲဆင္းတယ္
ေျမျဖဴကိုင္တဲ့လက္ေလးတခ်ိဳ႕ကေဈးေရာင္းၿပီးေက်ာင္းမသြားျဖစ္တဲ့စလစ္ပါအပါးေလးတခ်ိဳ႕ကမီးဖိုေခ်ာင္ထဲဝင္ၾကတယ္ ။
ရိကၡာေတြ မစုံေပမယ့္သိကၡာေတြ ပုံထားတဲ့ဒီပြဲမွာေနာက္ဆုံးက်ဘယ္သူေတြ လိပ္ျပာလုံရမလဲ ။
ေလာကဓံကို ႀကံ့ႀကံ့ခံရင္းေရာဂါဒဏ္ကို ႀကံ့ႀကံ့ခံရင္းပိုႀကံ့ခိုင္ဖို႔ႀကိဳးစားေနတဲ့ကာယသင္ခန္းစာထဲကႀကံ့ခိုင္ေရးနည္းျပေလးပါ ။
ကိုယ့္စိတ္နဲ႔ကိုယ္ပိတ္ထားတဲ့ေက်ာင္းေလးျပန္ဖြင့္မွဆရာမေလးဟာဆရာမေလးနဲ႔ ျပန္တူမယ္ တဲ့ ။(ေလးစားရေသာဆရာမေလးမ်ား သို႔)Crd
Unicode
လစာတွေလအကုန်မှာရောက်မလာတော့အလှကမ္ဘာကယူနီဖောင်းလေးဟာခဏတာတော့ဂျူတီပြောင်းရတာပေါ့တချို့ငွေသော်တာလေးတွေကအိမ်မှာသာပြီးတချို့ဥယျာဉ်မှူးလေးတွေကခြံထဲဆင်းတယ်
မြေဖြူကိုင်တဲ့လက်လေးတချို့ကဈေးရောင်းပြီးကျောင်းမသွားဖြစ်တဲ့စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။
ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာနောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ ။
လောကဓံကို ကြံ့ကြံ့ခံရင်းရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်းပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ကာယသင်ခန်းစာထဲကကြံ့ခိုင်ရေးနည်းပြလေးပါ ။
ကိုယ့်စိတ်နဲ့ကိုယ်ပိတ်ထားတဲ့ကျောင်းလေးပြန်ဖွင့်မှဆရာမလေးဟာဆရာမလေးနဲ့ ပြန်တူမယ် တဲ့ ။(လေးစားရသောဆရာမလေးများ သို့)Crd