News

ျမန္မာစစ္တပ္က အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ အပါ အဝင္ ဆိုးပါးသည့္ ျပစ္မႈမ်ားအတြက္ အေရးယူရန္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း ကုလညီလာခံတြင္ တင္ျပေမးခြန္းထုတ္

ျမန္မာစစ္တပ္က အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ အပါ အဝင္ ဆိုးပါးသည့္ ျပစ္မႈမ်ားအတြက္ အေရးယူရန္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း ကုလညီလာခံတြင္ တင္ျပေမးခြန္းထုတ္
ရန္ကုန္၊ ေအာက္တိုဘာ ၆

အၾကမ္းဖက္ ျမန္မာစစ္တပ္က အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္း ဖက္မႈ အပါအဝင္ ဆိုးဝါးသည့္ ျပစ္မႈမ်ားကို က်ဴးလြန္ေနမႈကို နိုင္ငံတကာ အေရးယူရန္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢညီလာခံတြင္ တင္ၿပ ေမးခြန္းထုတ္လိုက္ေၾကာင္း သိရွိရသည္

ေအာက္တိုဘာလ ၅ ရက္ေန႔ နယူးေယာက္တြင္ က်င္းပေသာ (၇၆) ႀကိမ္ေျမာက္ကုလသမဂၢ အေထြ ေထြညီလာခံ၊ တတိယေကာ္မတီ ၏ အမ်ိဳးသမီးမ်ား အခြင့္အေရး ျမႇင့္တင္ျခင္းဆိုင္ရာ အစည္းအေဝးတြင္ သံအမတ္ႀကီးက တက္ေရာက္ၿပီး ယင္းသို႔ ျမန္မာစစ္တပ္က ျမန္မာအမ်ိဳးသမီးမ်ားအေပၚ က်ဴးလြန္ လ်က္ရွိသည့္ ျပစ္မႈမ်ားႏွင့္စပ္လ်ဥ္း၍ နိုင္ငံတကာအသိုက္အဝန္းက ထိေရာက္စြာအေရးယူေဆာင္ရြက္နိုင္ေရး ေမးခြန္းထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ကုလသမဂၢဆိုင္ရာျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသည္ ေအာက္ တိုဘာလ ၅ ရက္ေန႔၊ နံနက္ပိုင္း၌ ျပဳလုပ္သည့္ (၇၆)ႀကိမ္ေျမာက္ ကုလသမဂၢေထြေထြညီလာခံ၊ တတိယေကာ္မတီ၏ အမ်ိဳးသမီးမ်ားအခြင့္အေရးျမႇင့္တင္ေရးဆိုင္ရာ virtual အစည္းအေဝး၌ မိန္႔ခြန္း ေျပာၾကားသည္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၏ မိန္႔ခြန္းတြင္ အမ်ိဳးသမီးမ်ားအေပၚ ခြဲျခားဆက္ဆံမႈ အားလုံး ရပ္တန္႔ေရးသည္ အေျခခံလူ႔အခြင့္အေရးကိစၥရပ္သာမဟုတ္ဘဲ နိုင္ငံအားလုံးအတြက္ ေရရွည္ဖြံ့ၿဖိဳး တိုးတက္သည့္ အနာဂတ္ တည္ေဆာက္ေရးအတြက္ အေရးႀကီးသည့္ ကိစၥရပ္ျဖစ္ေၾကာင္း၊ ကမၻာတစ္ဝန္း၌ အမ်ိဳး သမီးမ်ားအခြင့္အေရး ျမႇင့္တင္ေရးသည္ စိန္ေခၚမႈတစ္ရပ္အနျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း၊

ျမန္မာနိုင္ငံ၌ ကုလသမဂၢမွတ္တမ္းမ်ားအရ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈသည္ စစ္တပ္၏ ဝိေသသလကၡဏာျဖစ္ ေၾကာင္း၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာ သိမ္းမႈေနာက္ပိုင္း ျမန္မာအမ်ိဳးသမီးမ်ားသည္ စစ္တပ္၏ အၾကမ္းဖက္မႈမ်ိဳးစုံအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါသည္။

ျမန္မာ အမ်ိဳးသမီးမ်ားအေပၚ ျမန္မာစစ္တပ္မွ က်ဴးလြန္လ်က္ရွိသည့္ ဆိုးဝါးသည့္ ျပစ္မႈမ်ားႏွင့္စပ္လ်ဥ္း၍ နိုင္ငံတကာအသိုက္အဝန္းႏွင့္ ကုလသမဂၢအေနႏွင့္ ထိေရာက္စြာ အေရးယူ ေဆာင္ရြက္ရန္ ကိစၥႏွင့္ အမ်ိဳးသမီးမ်ားအေပၚ ခြဲျခားဆက္ဆံ ျခင္းႏွင့္ အၾကမ္းဖက္မႈမ်ားအတြက္ ကာကြယ္တားဆီးေရး အစီအစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ေမးျမန္းခဲ့ေၾကာင္း သိရွိရသည္။

unicode

မြန်မာစစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါ အဝင် ဆိုးပါးသည့် ပြစ်မှုများအတွက် အရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတွင် တင်ပြမေးခွန်းထုတ်
ရန်ကုန်၊ အောက်တိုဘာ ၆

အကြမ်းဖက် မြန်မာစစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု အပါအဝင် ဆိုးဝါးသည့် ပြစ်မှုများကို ကျူးလွန်နေမှုကို နိုင်ငံတကာ အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံတွင် တင်ပြ မေးခွန်းထုတ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ နယူးယောက်တွင် ကျင်းပသော (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီ ၏ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးတွင် သံအမတ်ကြီးက တက်ရောက်ပြီး ယင်းသို့ မြန်မာစစ်တပ်က မြန်မာအမျိုးသမီးများအပေါ် ကျူးလွန် လျက်ရှိသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက် တိုဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း၌ ပြုလုပ်သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ virtual အစည်းအဝေး၌ မိန့်ခွန်း ပြောကြားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အားလုံး ရပ်တန့်ရေးသည် အခြေခံလူ့အခွင့်အရေးကိစ္စရပ်သာမဟုတ်ဘဲ နိုင်ငံအားလုံးအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် အနာဂတ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ အမျိုး သမီးများအခွင့်အရေး မြှင့်တင်ရေးသည် စိန်ခေါ်မှုတစ်ရပ်အနဖြစ် ရှိနေဆဲဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၌ ကုလသမဂ္ဂမှတ်တမ်းများအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် စစ်တပ်၏ ဝိသေသလက္ခဏာဖြစ် ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးများသည် စစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာ အမျိုးသမီးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဆိုးဝါးသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအနေနှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် ကိစ္စနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံ ခြင်းနှင့် အကြမ်းဖက်မှုများအတွက် ကာကွယ်တားဆီးရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ကြောင်း သိရှိရသည်။