ရန်ကုန်၊ အောက်တိုဘာ ၆
ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေးအဆိုကို ကန့်ကွက်သူမရှိ ထောက်ခံသော ဆုံးဖြတ်ချက်တစ်ခုကို အောက်တိုဘာလ ၅ ရက်နေ့တွင် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ပြင်သစ်အောက်လွှတ်တော်တွင် NUG အစိုးရကို အသိအမှတ်ပြုရေး အဆိုကို ဆက်လက် ဆွေးနွေးမဲခွဲမည်ဖြစ်ပြီး ပြင်သစ်အစိုးရက ယင်းအဆိုကို လက်ခံ ကျင့်သုံးရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အစိုးရများကို အသိအမှတ်ပြုခြင်းဟုတ်ဘဲ နိုင်ငံကိုသာ အသိအမှတ်ပြုခြင်း တုံ့ပြန်ပြောဆိုနေသော်လည်း NUG အစိုးရကို အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်ကို လွှတ်တော်များက အတည်ပြု ချမှတ်ပါက ပြင်သစ်အစိုးရအနေဖြင့် လက်ခံကျင့်သုံးရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
Zawgyi
ရန္ကုန္၊ ေအာက္တိုဘာ ၆
ျပင္သစ္နိုင္ငံ အထက္လႊတ္ေတာ္က အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကို အသိအမွတ္ျပဳေရးအဆိုကို ကန႔္ကြက္သူမရွိ ေထာက္ခံေသာ ဆုံးျဖတ္ခ်က္တစ္ခုကို ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။
ျပင္သစ္ေအာက္လႊတ္ေတာ္တြင္ NUG အစိုးရကို အသိအမွတ္ျပဳေရး အဆိုကို ဆက္လက္ ေဆြးေႏြးမဲခြဲမည္ျဖစ္ၿပီး ျပင္သစ္အစိုးရက ယင္းအဆိုကို လက္ခံ က်င့္သုံးေရး ဆက္လက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။
ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးဌာနကမူ အစိုးရမ်ားကို အသိအမွတ္ျပဳျခင္းဟုတ္ဘဲ နိုင္ငံကိုသာ အသိအမွတ္ျပဳျခင္း တုံ႔ျပန္ေျပာဆိုေနေသာ္လည္း NUG အစိုးရကို အသိအမွတ္ျပဳေရး ဆုံးျဖတ္ခ်က္ကို လႊတ္ေတာ္မ်ားက အတည္ျပဳ ခ်မွတ္ပါက ျပင္သစ္အစိုးရအေနျဖင့္ လက္ခံက်င့္သုံးေရး ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။