News

လာမယ့္အပတ္႐ုံးခ်ိန္းကစၿပီး ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဦးဝင္းျမင့္နဲ႔ ေဒါက္တာ မ်ိဳးေအာင္ တို႔ ကိုယ္တိုင္သက္ေသထြက္ဆိုမည္

လာမယ့်အပတ်ရုံးချိန်းကစပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင် တို့ ကိုယ်တိုင်သက်သေထွက်ဆိုမည်

အောက်တိုဘာ ၆
လာမယ့်အပတ် အောက်တိုဘာလ ၁၂ရက်နေ့ကစပြီး စွဲချက်တင်ထားသည့် ပုဒ်မ ၅၀၅(ခ)အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ကိုယ်တိုင် သက်သေထွက်ဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ရက်နေ့က နေပြည်တော်ရှိ အထူးတရားရုံးမှာပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အမှုနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅အမှုတို့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ရှေ့တပတ် အင်္ဂါနေ့မှာ ဦးဝင်းမြင့်ကိုစစ်မယ်၊ နောက်တပတ်ကျော်မှာ ဒေါ်အောင်ဆန်း စုကြည် ကိုစစ်မယ်၊ နောက်ထပ်တပတ်မှာ ဒေါက်တာမျိုးအောင်ကို စစ်ပါမယ်။ ခံပြ အနေနဲ့ သက်သေစာရင်းမတင်တော့ဘူး၊ သူတို့ကိုယ်တိုင်ပဲ သက်သေအဖြစ် အစစ်ခံ မယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုယ်တိုင်သက်သေထွက်ဆိုချက်များကို အောက်တိုဘာလ ၁၂ရက်နေ့မှာ ဦးဝင်းမြင့်၊ အောက်တိုဘာလ ၂၆ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာလ ၂ရက်နေ့မှာ ဒေါက်တာမျိုးအောင်တို့က အသီးသီး ထွက်ဆိုကြမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလပိုင်းအတွင်းက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သဘောထား အမြင်ထုတ်ပြန်ခဲ့ရာမှာ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင်သည်ဟုဆိုကာ ၎င်းတို့ ၃ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့စပ်လျဉ်းပြီး လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်မတင်သင့်ကိုလည်း တရားရုံးက ဆုံးဖြတ်သွားရန်ရှိတာဖြစ်ပါတယ်။
Crd MyanmaPlatform

Zawgyi

လာမယ့္အပတ္႐ုံးခ်ိန္းကစၿပီး ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဦးဝင္းျမင့္နဲ႔ ေဒါက္တာ မ်ိဳးေအာင္ တို႔ ကိုယ္တိုင္သက္ေသထြက္ဆိုမည္

ေအာက္တိုဘာ ၆
လာမယ့္အပတ္ ေအာက္တိုဘာလ ၁၂ရက္ေန႔ကစၿပီး စြဲခ်က္တင္ထားသည့္ ပုဒ္မ ၅၀၅(ခ)အတြက္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ ကိုယ္တိုင္ သက္ေသထြက္ဆိုသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ ၅ရက္ေန႔က ေနျပည္ေတာ္ရွိ အထူးတရား႐ုံးမွာျပဳလုပ္ခဲ့တဲ့ ႐ုံးခ်ိန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)အမႈနဲ႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅အမႈတို႔ကို စစ္ေဆးခဲ့တာျဖစ္ပါတယ္။

“ေရွ႕တပတ္ အဂၤါေန႔မွာ ဦးဝင္းျမင့္ကိုစစ္မယ္၊ ေနာက္တပတ္ေက်ာ္မွာ ေဒၚေအာင္ဆန္း စုၾကည္ ကိုစစ္မယ္၊ ေနာက္ထပ္တပတ္မွာ ေဒါက္တာမ်ိဳးေအာင္ကို စစ္ပါမယ္။ ခံၿပ အေနနဲ႔ သက္ေသစာရင္းမတင္ေတာ့ဘူး၊ သူတို႔ကိုယ္တိုင္ပဲ သက္ေသအျဖစ္ အစစ္ခံ မယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ကိုယ္တိုင္သက္ေသထြက္ဆိုခ်က္မ်ားကို ေအာက္တိုဘာလ ၁၂ရက္ေန႔မွာ ဦးဝင္းျမင့္၊ ေအာက္တိုဘာလ ၂၆ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နိုဝင္ဘာလ ၂ရက္ေန႔မွာ ေဒါက္တာမ်ိဳးေအာင္တို႔က အသီးသီး ထြက္ဆိုၾကမွာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလပိုင္းအတြင္းက NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က သေဘာထား အျမင္ထုတ္ျပန္ခဲ့ရာမွာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစရန္ လုပ္ေဆာင္သည္ဟုဆိုကာ ၎တို႔ ၃ဦးကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(ခ)နဲ႔ စြဲဆိုခဲ့တယ္လို႔ သိရပါတယ္။

ထို႔ေနာက္ ေဒၚေအာင္ဆန္းစုၾကည္အား စြဲဆိုထားသည့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔စပ္လ်ဥ္းၿပီး လာမယ့္႐ုံးခ်ိန္းမွာ စြဲခ်က္တင္သင့္မတင္သင့္ကိုလည္း တရား႐ုံးက ဆုံးျဖတ္သြားရန္ရွိတာျဖစ္ပါတယ္။
Crd MyanmaPlatform