အာဏာသိမ္း စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ သန္လ်င္သို႔သြားမည္
ဧရာဝတီတိုင္းမ္
ေအာက္တိုဘာ ၅ ရက္
အာဏာသိမ္း စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္မွာ မနက္ျဖန္ (ေအာက္တိုဘာ ၆ ရက္) တြင္ ရန္ကုန္တိူင္း၊ သန္လ်င္ၿမိဳ႕နယ္ရွိ သီလဝါဆိပ္ကမ္းႏွင့္ သန္လ်င္ေရတပ္သို႔သြားေရာက္မည္ ျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္မ်ားထံက သိရသည္။
“သူက မနက္ျဖန္ သန္လ်င္ေရတပ္စခန္းနဲ႔ သီလဝါဆိပ္ကမ္းကို လာမယ္။ ေရတပ္မိသားစုေတြနဲ႔လည္း ေတြ႕မယ္။ သူလာမယ္ဆိုလို႔ တပ္ေတြလည္း အကုန္အသင့္ျပင္ထားရတယ္”ဟု သန္လ်င္ေရတပ္ႏွင့္ နီးစပ္သူ တပ္တြင္းသတင္းရင္းျမစ္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္သည္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက. ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္သို႔ သြားေရာက္မည္ဟု ၂ ႀကိမ္တိုင္ စီစဥ္ခဲ့ေသာ္လည္း ပူတာအို PDF က အျပင္းအထန္တိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ ခရီးစဥ္မ်ား ဖ်က္သိမ္းခဲ့သည္။
အာဏာသိမ္းစစ္ေခါင္းေဆာင္မွာ ပူတာအို မသြားျဖစ္သည့္ေနာက္ ရွမ္းျပည္နယ္၊ ကေလာႏွင့္ ဟိုပုံးၿမိဳ႕နယ္မ်ားသို႔ သြားေရာက္ခဲ့ၿပီးေနာက္ မနက္ျဖန္တြင္ သန္လ်င္ေရတပ္သို႔ သြားရန္ စီစဥ္ေနျခင္းျဖစ္သည္။
စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ လာေရာက္မည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ ယေန႔ညပိုင္းက သန္လ်င္ၿမိဳ႕နယ္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာန (ကညန) ႐ုံးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
unicode
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သန်လျင်သို့သွားမည်
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ မနက်ဖြန် (အောက်တိုဘာ ၆ ရက်) တွင် ရန်ကုန်တိူင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းနှင့် သန်လျင်ရေတပ်သို့သွားရောက်မည် ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
“သူက မနက်ဖြန် သန်လျင်ရေတပ်စခန်းနဲ့ သီလဝါဆိပ်ကမ်းကို လာမယ်။ ရေတပ်မိသားစုတွေနဲ့လည်း တွေ့မယ်။ သူလာမယ်ဆိုလို့ တပ်တွေလည်း အကုန်အသင့်ပြင်ထားရတယ်”ဟု သန်လျင်ရေတပ်နှင့် နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက. ကချင်ပြည်နယ် ပူတာအိုမြို့နယ်သို့ သွားရောက်မည်ဟု ၂ ကြိမ်တိုင် စီစဉ်ခဲ့သော်လည်း ပူတာအို PDF က အပြင်းအထန်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ခရီးစဉ်များ ဖျက်သိမ်းခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မှာ ပူတာအို မသွားဖြစ်သည့်နောက် ရှမ်းပြည်နယ်၊ ကလောနှင့် ဟိုပုံးမြို့နယ်များသို့ သွားရောက်ခဲ့ပြီးနောက် မနက်ဖြန်တွင် သန်လျင်ရေတပ်သို့ သွားရန် စီစဉ်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ယနေ့ညပိုင်းက သန်လျင်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။