News

စစ်ကောင်စီက မပူးပေါင်းလျှင် NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည် ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံဘုံသဘောတူညီချက် စစ်ကောင်စီက မပူးပေါင်းလျှင် NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု စဉ်းစားရန် အသင့်ဖြစ်နေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ပူးပေါင်းဆောင် ရွက်မှု မရှိလျှင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံ ဆွေးနွေးရေးစဉ်းစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီသည် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို အောက် တိုဘာလ ၄ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးမှ တစ်ဆင့် သိရှိပြီးဖြစ်ကြောင်း ဘနားမားသတင်းတွင် ဖော်ပြသည်။

“အတိတ်ကာလ မြန်မာ အာဆီယံအဖွဲ့ဝင် နိုင်ငံ မဖြစ်လာခင်မှာ မလေးရှားက တွေ့ဆုံဆွေးနွေးရေးနဲ့ အပြုသဘော ဆက်ဆံတဲ့ ပထမဆုံး နိုင်ငံပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

မလေးရှားပါလီမန်တွင် မလေးရှားနိုင်ငံအနေဖြင့် NUG အစိုးရ နှင့် တွေ့ဆုံဆွေးနွေးရန် ရှိ၊ မရှိ လွှတ်တော်အမတ် Wong Chen မေးခွန်းကို ဖြေကြားစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း သဘောထားမှတ်ချက်ပေးသွားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာစစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေကြောင်း၊ လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားရန် ခက်ခဲလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သဘောထားမှတ်ချက် ပြုထားကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ် လောင်း အတည်ပြု ပြောဆိုသွားသည်။

Zawgyi

အာဆီယံဘုံသေဘာတူညီခ်က္ စစ္ေကာင္စီက မပူးေပါင္းလၽွင္ NUG အစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ စဥ္းစားရန္ အသင့္ျဖစ္ေနၿပီဟု မေလးရွားနိုင္ငံျခားေရးဝန္ႀကီးေျပာ

စစ္အာဏာသိမ္းထားေသာ ျမန္မာနိုင္ငံ့အေရး ေျဖရွင္းေရးအတြက္ ခ်မွတ္ထားေသာ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို စစ္ေကာင္စီက ပူးေပါင္းေဆာင္ ရြက္မႈ မရွိလၽွင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးေရးစဥ္းစားရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Datuk Saifuddin Abdullah က ထုတ္ေဖာ္ေျပာဆိုသည္။

စစ္ေကာင္စီသည္ အာဆီယံႏွင့္ပူးေပါင္းေဆာင္ရြက္ျခင္း မရွိသည္ကို ေအာက္ တိုဘာလ ၄ ရက္ေန႔ အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္း အေဝးမွ တစ္ဆင့္ သိရွိၿပီးျဖစ္ေၾကာင္း ဘနားမားသတင္းတြင္ ေဖာ္ျပသည္။

“အတိတ္ကာလ ျမန္မာ အာဆီယံအဖြဲ႕ဝင္ နိုင္ငံ မျဖစ္လာခင္မွာ မေလးရွားက ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ အျပဳသေဘာ ဆက္ဆံတဲ့ ပထမဆုံး နိုင္ငံပါ” ဟု မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုသည္။

မေလးရွားပါလီမန္တြင္ မေလးရွားနိုင္ငံအေနျဖင့္ NUG အစိုးရ ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ရွိ၊ မရွိ လႊတ္ေတာ္အမတ္ Wong Chen ေမးခြန္းကို ေျဖၾကားစဥ္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက အထက္ပါအတိုင္း သေဘာထားမွတ္ခ်က္ေပးသြားျခင္းျဖစ္သည္။

လက္ရွိတြင္ ျမန္မာစစ္ေကာင္စီသည္ အာဆီယံဘုံသေဘာတူညီခ်က္ကို အေကာင္ အထည္ေဖာ္ရန္ ပ်က္ကြက္ေနေၾကာင္း၊ လာမည့္ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၈ ရက္ေန႔ အထိ က်င္းပမည့္ အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ စစ္ေကာင္စီေခါင္းေဆာင္ကို ဖိတ္ၾကားရန္ ခက္ခဲလိမ့္မည္ဟု မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက သေဘာထားမွတ္ခ်က္ ျပဳထားေၾကာင္း သိရွိရသည္။

မေလးရွားနိုင္ငံအေနျဖင့္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္ အထည္ေဖာ္ေရး ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎က ထပ္ ေလာင္း အတည္ျပဳ ေျပာဆိုသြားသည္။