Knowledge

မွေးကတည်းက ချစ်မွှေးပါလာတဲ့ အင်္ဂါ သားသမီးတွေဆိုတာ

မွေးကတည်းက ချစ်မွှေးပါလာတဲ့ အင်္ဂါ သားသမီးတွေဆိုတာ

မွေးကတည်းက ချစ်မွှေးပါလာသလို ချစ်သူအတွက်ဆို သူရဲကောင်းကြီး လုပ်ချင်တတ်တဲ့ အင်္ဂါသားသမီးတွေ
မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါ သားသမီးလေး တွေပါပဲနော်။ တစ်စုံ တစ်ယောက်ကို ချစ်မိပြီ ဆိုရင်လည်း ဘယ်သူမှလိုက်မမှီအောင် ချစ်တတ်ကြတယ်။

ချစ်သူအတွက် ဆိုရင် ကောင်းကင်ကို ဒူးနဲ့တိုက်ရရ သူရဲကောင်းကြီး လုပ်ချင်တာ အင်္ဂါသားသ္မီးတွေပါ။
ဝမ်းနည်း လွယ်တယ်။ မျက်ရည်လွယ်တယ်။ ကိစ္စတစ်ခုကို တစ်စိမ့်စိမ့် တွေးပြီးတော့ တမြည့်မြည့် ခံစားနေတတ်ပြန်တယ်။

ဟာသပြောပြီး ပြုံးနေ တတ်ပမယ့် ရင်ထဲက ကြိတ်ငိုနေတတ်တယ်။စိတ်နာအောင်တော့ သွားမလုပ်မိပါစေနဲ့။
ဒူးထောက် တောင်းပန်တောင် တစ်သက်လုံး ပြန်လှည့် မကြည့်တတ်တော့ပါဘူး။

သူတို့ကို သွားမကျောမိပါစေနဲ့။ ကိုး ဆယ်ဆလောက် ပြန်ချေတတ်ကြလို့ပါ။မိသားစုအရေး သိပ် ကံမကောင်း တတ်ကြပေမယ့် မိသားစုက အားကိုးရတဲ့ သားသ္မီးလေးတွေပါ။ သဝန်တိုတတ်တယ်။

ပျော်ပျော်နေတတ်တယ်။ လူအများနဲ့ ဝိုင်းဖွဲ့နေရတာထက် တစ်ယောက်ထဲ အေးဆေး နေရတာကို ပိုနှစ်သက်ကြတယ်။

ဒေါသဖြစ်ရင် အပြင်မှာ ပေါက်ကွဲကြတာထက် ပါး စပ်က ပူညံပူညံနဲ့ ရေရွတ်နေတတ်ကြတယ်။

လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ပါတယ်။ဝတ္တရား ပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန် တွေးပူ နေတတ်ကြတယ်။

မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေ ပေးချင်တဲ့ စိတ်တွေ ရှိကြတယ်။

တည်ငြိမ် အေး ချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ်ကြတယ်။

အလုပ်လုပ်တဲ့ နေရာမှာ သူများအပေါ် ဦးဆောင်လိုတဲ့ စိတ်ရှိတယ်။ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင် တတ်ကြတာအင်္ဂါ။

အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။အင်္ဂါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အဝ ရှိတယ်။တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်။

သူများတွေ မြှောက်ပေးရင်တော့ သိပ်မကြိုက်ဘူး။ဒါတွေဟာ အင်္ဂါသားသ္မီးများပဲလို့ ပြောလိုက်ပါရစေ။

Credit

Zawgyi

ေမြးကတည္းက ခ်စ္ေမႊးပါလာသလို ခ်စ္သူအတြက္ဆို သူရဲေကာင္းႀကီး လုပ္ခ်င္တတ္တဲ့ အဂၤါသားသမီးေတြ
ေမြးထဲကခ်စ္ေမႊးပါလာတာ အဂၤါ သားသမီးေလး ေတြပါပဲေနာ္။ တစ္စုံ တစ္ေယာက္ကို ခ်စ္မိၿပီ ဆိုရင္လည္း ဘယ္သူမွလိုက္မမွီေအာင္ ခ်စ္တတ္ၾကတယ္။

ခ်စ္သူအတြက္ ဆိုရင္ ေကာင္းကင္ကို ဒူးနဲ႔တိုက္ရရ သူရဲေကာင္းႀကီး လုပ္ခ်င္တာ အဂၤါသားသၼီးေတြပါ။
ဝမ္းနည္း လြယ္တယ္။ မ်က္ရည္လြယ္တယ္။ ကိစၥတစ္ခုကို တစ္စိမ့္စိမ့္ ေတြးၿပီးေတာ့ တျမည့္ျမည့္ ခံစားေနတတ္ျပန္တယ္။

ဟာသေျပာၿပီး ျပဳံးေန တတ္ပမယ့္ ရင္ထဲက ႀကိတ္ငိုေနတတ္တယ္။စိတ္နာေအာင္ေတာ့ သြားမလုပ္မိပါေစနဲ႔။
ဒူးေထာက္ ေတာင္းပန္ေတာင္ တစ္သက္လုံး ျပန္လွည့္ မၾကည့္တတ္ေတာ့ပါဘူး။

သူတို႔ကို သြားမေက်ာမိပါေစနဲ႔။ ကိုး ဆယ္ဆေလာက္ ျပန္ေခ်တတ္ၾကလို႔ပါ။မိသားစုအေရး သိပ္ ကံမေကာင္း တတ္ၾကေပမယ့္ မိသားစုက အားကိုးရတဲ့ သားသၼီးေလးေတြပါ။ သဝန္တိုတတ္တယ္။

ေပ်ာ္ေပ်ာ္ေနတတ္တယ္။ လူအမ်ားနဲ႔ ဝိုင္းဖြဲ႕ေနရတာထက္ တစ္ေယာက္ထဲ ေအးေဆး ေနရတာကို ပိုႏွစ္သက္ၾကတယ္။

ေဒါသျဖစ္ရင္ အျပင္မွာ ေပါက္ကြဲၾကတာထက္ ပါး စပ္က ပူညံပူညံနဲ႔ ေရရြတ္ေနတတ္ၾကတယ္။

လူေတြအေပၚ ေဖာ္ေရြစြာနဲ႔ ခင္မင္တတ္ပါတယ္။ဝတၱရား ပ်က္ကြက္မိရင္လည္း အျပန္ျပန္အလွန္လွန္ ေတြးပူ ေနတတ္ၾကတယ္။

မိသားစုေတြအေပၚမွာ ေပ်ာ္ရႊင္မႈေတြ ေပးခ်င္တဲ့ စိတ္ေတြ ရွိၾကတယ္။

တည္ၿငိမ္ ေအး ခ်မ္းတဲ့ ပုံစံမ်ိဳးေပမဲ့ တခါတေလ မိသားစုထဲမွာ ေပါေၾကာင္ေၾကာင္ နိုင္တတ္ၾကတယ္။

အလုပ္လုပ္တဲ့ ေနရာမွာ သူမ်ားအေပၚ ဦးေဆာင္လိုတဲ့ စိတ္ရွိတယ္။ကိုယ္လုပ္ရင္ ကိုယ္အေကာင္းလို႔ ထင္ျမင္ တတ္ၾကတာအဂၤါ။

အေကာင္းဆုံး ျဖစ္ေအာင္လည္း ႀကိဳးစားတတ္ၾကတယ္။အဂၤါေတြဟာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ အျပည့္အဝ ရွိတယ္။တခါတရံ ကိုယ့္ကိုယ္ပင္ ခ်ီးမြမ္းတတ္တယ္။

သူမ်ားေတြ ေျမႇာက္ေပးရင္ေတာ့ သိပ္မႀကိဳက္ဘူး။ဒါေတြဟာ အဂၤါသားသၼီးမ်ားပဲလို႔ ေျပာလိုက္ပါရေစ။

Credit