News

ဘဏ္ေတြမွာ ေငြေၾကးလိုအပ္ခ်က္ေတြရွိေနျခင္းေၾကာင့္ ျမန္မာက်ပ္ေငြ ၃ ရာခိုင္ႏႈန္းထားရွိရမယ့္ ကာလကို ဗဟိုဘဏ္တိုးျမႇင့္

ဘဏ်တွေမှာ ငွေကြေးလိုအပ်ချက်တွေရှိနေခြင်းကြောင့် မြန်မာကျပ်ငွေ ၃ ရာခိုင်နှုန်းထားရှိရမယ့် ကာလကို ဗဟိုဘဏ်တိုးမြှင့်

ပြည်တွင်းဘဏ်တွေမှာ မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ် ချက်အတွက်အပ်နှံငွေစုစုပေါင်း၏ ၃ရာခိုင်နှုန်းသို့ယာယီပြင်ဆင်လျှော့ချခြင်းအား ၂၀၂၂ခုနှစ် မတ်လအထိကာလတိုးမြှင့်လိုက်တယ်လို့ န.စ.က ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်

လက်ရှိဘဏ်များ၏ငွေကြေးလိုအပ်မှုအခြေအနေအရ ငွေကြေးလွယ်ကူမှုကိုပိုမိုအ ထောက် အကူဖြစ်စေရန်အတွက် နောက်ထပ် (၆) လ အထိတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်

ဘဏ်များအနေဖြင့် ထိန်းသိမ်းမှုကာလနောက်ဆုံးရက်တွင် မြန်မာကျပ်ငွေဖြင့် ထားရှိ ရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းပြည့်မီမှုမရှိကြောင်းတွေ့ရှိရပါက အဆိုပါဘဏ်များ၏လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာစံသတ်မှတ်ချက်များဖြစ်သည့် ဘဏ်၏ Digital Paymentဆောင်ရွက်မှုအခြေအနေ

CBM-Net အသုံးပြု၍လွှဲပြောင်းမှုများဆောင်ရွက်မှုအခြေအနေ၊Cheque Clearingဆောင်ရွက်မှုအခြေအနေ၊ ဘဏ်အချင်းချင်းဈေးကွက်နှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဈေးပြိုင် လေလံပါဝင်ဆောင်ရွက်မှုအခြေအနေနှင့်

နိုင်ငံတော်မှဆောင်ရွက်လျက်ရှိ သောမူဝါဒများတွင်ပါဝင်ဆောင်ရွက်မှုအခြေအနေတို့အပေါ်မူတည်၍ ဗဟိုဘဏ်၏  ၂၉.၉.၂၀၁၆  ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်ညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆) ပါ ဒဏ်ကြေးသတ်မှတ်ချက်အား လျော့ပေါ့စဉ်းစားပေးသွားမယ်လို့ န.စ.က ဗဟိုဘဏ်ကြေညာချက်အရ သိရှိရပါတယ်  Ref:Myanmar Platform

zawgyi

ဘဏ္ေတြမွာ ေငြေၾကးလိုအပ္ခ်က္ေတြရွိေနျခင္းေၾကာင့္ ျမန္မာက်ပ္ေငြ ၃ ရာခိုင္ႏႈန္းထားရွိရမယ့္ ကာလကို ဗဟိုဘဏ္တိုးျမႇင့္

ျပည္တြင္းဘဏ္ေတြမွာ ျမန္မာက်ပ္ေငြျဖင့္ထားရွိရမည့္ အနည္းဆုံးသီးသန႔္ေငြလိုအပ္ ခ်က္အတြက္အပ္ႏွံေငြစုစုေပါင္း၏ ၃ရာခိုင္ႏႈန္းသို႔ယာယီျပင္ဆင္ေလၽွာ့ခ်ျခင္းအား ၂၀၂၂ခုႏွစ္ မတ္လအထိကာလတိုးျမႇင့္လိုက္တယ္လို႔ န.စ.က ဗဟိုဘဏ္ကထုတ္ျပန္လိုက္ပါတယ္

လက္ရွိဘဏ္မ်ား၏ေငြေၾကးလိုအပ္မႈအေျခအေနအရ ေငြေၾကးလြယ္ကူမႈကိုပိုမိုအ ေထာက္ အကူျဖစ္ေစရန္အတြက္ ေနာက္ထပ္ (၆) လ အထိတိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖစ္တယ္လို႔ဆိုပါတယ္

ဘဏ္မ်ားအေနျဖင့္ ထိန္းသိမ္းမႈကာလေနာက္ဆုံးရက္တြင္ ျမန္မာက်ပ္ေငြျဖင့္ ထားရွိ ရမည့္ အနည္းဆုံးသီးသန႔္ေငြလိုအပ္ခ်က္အခ်ိဳး ၃ ရာခိုင္ႏႈန္းျပည့္မီမႈမရွိေၾကာင္းေတြ႕ရွိရပါက အဆိုပါဘဏ္မ်ား၏လုပ္ငန္းေဆာင္ရြက္မႈဆိုင္ရာစံသတ္မွတ္ခ်က္မ်ားျဖစ္သည့္ ဘဏ္၏ Digital Paymentေဆာင္ရြက္မႈအေျခအေန

CBM-Net အသုံးျပဳ၍လႊဲေျပာင္းမႈမ်ားေဆာင္ရြက္မႈအေျခအေန၊Cheque Clearingေဆာင္ရြက္မႈအေျခအေန၊ ဘဏ္အခ်င္းခ်င္းေဈးကြက္ႏွင့္ အစိုးရေငြေခ်းသက္ေသခံလက္မွတ္မ်ား ေဈးၿပိဳင္ ေလလံပါဝင္ေဆာင္ရြက္မႈအေျခအေနႏွင့္

နိုင္ငံေတာ္မွေဆာင္ရြက္လ်က္ရွိ ေသာမူဝါဒမ်ားတြင္ပါဝင္ေဆာင္ရြက္မႈအေျခအေနတို႔အေပၚမူတည္၍ ဗဟိုဘဏ္၏ (၂၉.၉.၂၀၁၆) ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည့္ညႊန္ၾကားခ်က္အမွတ္ (၁၂/၂၀၁၆) ပါ ဒဏ္ေၾကးသတ္မွတ္ခ်က္အား ေလ်ာ့ေပါ့စဥ္းစားေပးသြားမယ္လို႔ န.စ.က ဗဟိုဘဏ္ေၾကညာခ်က္အရ သိရွိရပါတယ္  Ref:Myanmar Platform