News

စမ္းေခ်ာင္းေလးထဲမွာ ေရငုပ္ေနရင္း ေသြးေအးမသြားဘဲ အဆုံးထိတိုက္ပြဲဝင္သြားဖို႔ လက္သုံးေခ်ာင္းေထာင္ထားတဲ့ ျမႏွင္းရည္လြင္ရဲ့ ခ်စ္စရာ ဗီဒီယိုဖိုင္

အာဏာရွင္စနစ္က်ရႈံးေရး ႏွင့္ ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္ စိတ္အားထက္သန္စြာပါဝင္ခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္လည္း ပါဝင္ခဲ့ပါတယ္

တန္ဖိုးထားရတဲ့ အႏုပညာေလာကကိုေတာင္ စြန႔္လြတ္ခဲ့ၿပီး မွန္ကန္တဲ့လမ္းစဥ္ကို ရဲရဲရင့္ရင့္နဲ႔ ေလၽွာက္လွမ္းခဲ့တာေၾကာင့္ ျပည္သူေတြရဲ့ ခ်စ္ျခင္းေမတၱာကိုလည္း အျပည့္အဝရရွိခဲ့ပါတယ္

လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္က လြတ္ေျမာက္နယ္ေျမတစ္ေနရာမွာ ေတာ္လွန္ေရးႀကီးအတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကူညီေနၿပီလည္း ျဖစ္ပါတယ္

ျပတ္သားတဲ့ဆုံးျဖတ္ခ်က္နဲ႔ ရဲရင့္တဲ့အမ်ိဳးသမီးတစ္ဦးအျဖစ္ ရပ္တည္ေနတဲ့ ျမႏွင္းရည္လြင္က အခက္အခဲ၊ ဒုကၡေတြကို ရင္ဆိုင္ေနရေပမယ့္လည္းအားေလ်ာ့ျခင္းမရွိဘဲ ေရွ႕ဆက္ေနတာေတာ့ ေလးစားစရာေကာင္းလွပါတယ္

ယခုမွာလည္း သူမရဲ့ MyStory မွာ ခ်စ္စရာေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးတစ္ခု တင္ေပးလာတာ ေတြ႕ရပါတယ္ ဒါကေတာ့ ၾကည္လင္ေအးျမတဲ့ စမ္းေခ်ာင္းထဲမွာ လြတ္လပ္ေပါ့ပါးမႈေတြနဲ႔ ေရေဆာ့ကစားခဲ့တာ ျဖစ္ပါတယ္

ဒါ့အျပင္ ေရငုပ္ေနရင္းနဲ႔လည္း သူမဟာ ဘယ္ေနရာေရာက္ေရာက္ ေသြးေအးမသြားဘဲ အဆုံးထိတိုက္ပြဲ ဝင္သြားမွာျဖစ္ေၾကာင္း လက္သုံးေခ်ာင္းေထာင္ထားတဲ့ ပုံစံေလးကေတာ့ ျမင္ရသူတိုင္း ခ်စ္အားပိုေစခဲ့ပါတယ္ ပရိသတ္လည္း ျမႏွင္းရည္လြင္ရဲ့ MyStory ဗီဒီယိုေလးကို သေဘာက်မယ္လို႔လည္း ထင္မိပါတယ္ Ref: Mya Hnin Yee Lwin, MM load

unicode

အာဏာရှင်စနစ်ကျရှုံးရေး နှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်စွာပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မြနှင်းရည်လွင်လည်း ပါဝင်ခဲ့ပါတယ်

တန်ဖိုးထားရတဲ့ အနုပညာလောကကိုတောင် စွန့်လွတ်ခဲ့ပြီး မှန်ကန်တဲ့လမ်းစဉ်ကို ရဲရဲရင့်ရင့်နဲ့ လျှောက်လှမ်းခဲ့တာကြောင့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိခဲ့ပါတယ်

လက်ရှိမှာတော့ မြနှင်းရည်လွင်က လွတ်မြောက်နယ်မြေတစ်နေရာမှာ တော်လှန်ရေးကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေပြီလည်း ဖြစ်ပါတယ်

ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေတဲ့ မြနှင်းရည်လွင်က အခက်အခဲ၊ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့်လည်းအားလျော့ခြင်းမရှိဘဲ ရှေ့ဆက်နေတာတော့ လေးစားစရာကောင်းလှပါတယ်

ယခုမှာလည်း သူမရဲ့ MyStory မှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ပေးလာတာ တွေ့ရပါတယ် ဒါကတော့ ကြည်လင်အေးမြတဲ့ စမ်းချောင်းထဲမှာ လွတ်လပ်ပေါ့ပါးမှုတွေနဲ့ ရေဆော့ကစားခဲ့တာ ဖြစ်ပါတယ်

ဒါ့အပြင် ရေငုပ်နေရင်းနဲ့လည်း သူမဟာ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့ ပုံစံလေးကတော့ မြင်ရသူတိုင်း ချစ်အားပိုစေခဲ့ပါတယ် ပရိသတ်လည်း မြနှင်းရည်လွင်ရဲ့ MyStory ဗီဒီယိုလေးကို သဘောကျမယ်လို့လည်း ထင်မိပါတယ် Ref: Mya Hnin Yee Lwin, MM load