News

ပြင်သစ်ကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မည်ဟု ဝဏ္ဏမောင်လွင်က ကြိမ်းမောင်းနေ






unicode

အန်ယူဂျီ အမျိုးသားညီညွတ်ရေး အစိုးရ ကို အသိအမှတ်ပြု၍ဟု ဆိုကာ ပြင်သစ် ကို အမည်ပျက် စာရင်းသွင်းပြီး စီးပွားရေး ပိတ်ဆို့ဒ ဏ်ခတ်မည် ဟု အာဏာသိမ်း စစ်ကောင်စီ ၏ ဘက် က ကြိမ်းမောင်းနေကြောင်း သတင်းထွက်နေသည်။

အန်ယူဂျီကို ပြင်သစ် လွှတ်တော် မဲအများစုက အသိအမှတ်ပြု ထောက်ခံလာ ၍ မြန်မာ အာဏာသိမ်း စစ်ကောင်စီ ၏ နိုင်ငံခြားရေးဝန်ကြီ းဝဏ္ဏမောင်လွင်က ဤသို့ ပြောနေ​ကြောင်းသတင်းထွက်လာခြင်း ဖြစ်သည်။

ပြင်သစ်လွှတ်တော် ဆုံ းဖြတ်ချက်နှင့် ပတ်သက် ၍ ပြင်သစ်အစိုးရ က မည်သို့ ဆက်လက်ဆောင်ရွက်မည် ကို စောင့်ကြည့်ရဦးမည်။

NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြု ဆုံးဖြတ်ချက်အပေါ် လုံးဝလက်ခံစရာမရှိကြောင်း ပြင်သစ်သံအရာရှိကို ခေါ်ယူ တွေ့ဆုံကာ သတိပေးလိုက်တာဖြစ်ပါတယ်။

ပြင်သစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်နေသော SACကို ကျော်လွန်ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားတဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာချက်ဟာ မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာကိုစော်ကားရာရောက်တယ်လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။