News

နေပြည်တော်ရှိ ဘူးလက်လှဆွေ၏ နေအိမ်ဗြုံးးခံရ







unicode

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘူးလက်လှဆွေ၏ နေအိမ်အား အောက်တိုဘာလ ၄ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေပြည်တော်မှ ဗုန်းးဖြင့် တို.က်ခို.က်ခဲ့ကြောင်း အဆိုပါအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၆ရက်တွင် ထုတ်ပြန်ထားသည်

ကျွန်တော်တို့ သတိပေးရုံပဲ လုပ်ခဲ့တာဗျ ခြံထဲကိုလက်ပစ်ဗုန်း းပ စ်ထည့်ပြီးတော့ ဘာတွေထိခိုက် သွားလဲတော့ မသိဘူး ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေပြည်တော်မှ မဇ္ဇျိမကိုပြောသည်  အောက်တိုဘာလ ၅ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန၏ Non CDM ဝန်ထမ်းကြိုပို့ ဖယ်ရီကို ၎င်းတို့အဖွဲ့က အဝေးထိန်းစနစ်ဖြင့် ဖေ.ါ က်ခွဲ ခဲ့သေးသည်

ထပ်မံပြီး အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေပြည်တော်၊ ပျဉ်းမနား၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူရွာအနီး အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို  ဒေသအခေါ် မကေသီဂိတ် ၌ ပြည်သူ့ကာကွယ်ရေ းတပ်ဖွဲ့ နေပြည်တော် မှ ရှောင်တခင်ဝင် ရာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်

ထိုနေ့ ညနေတွင်ပင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ CID မှုခင်းတပ်ဖွဲ့ ရုံးအား အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့အင်အားစုမှ အပြင်းစား ခွဲ.မှုတစ်ခုပြုလုပ်ရာ ရဲအရာရှိ လေးဦး ထိခိုက်.ဒဏ်ရာရရှိခဲ့သည်