သရုပ်ဆောင် ဦးဇင်ဝိုင်း ပြန်လည်ဖမ်းဆီးခံရ ရုပ်သံ
ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဦးဇင်ဝိုင်း ပြန်လည် ဖမ်းဆီးခံရဟုဆို
ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတဲ့နောက် ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင် ဇင်ဝိုင်းကို
ဒီကနေ့ ညပိုင်းမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်
သရုပ်ဆောင် ဇင်ဝိုင်း(ခ) ဦးဌေးလွင်ကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊
ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး
ပြန်လည်ဖမ်းဆီးလိုက်တာလို့ ကနဦးအဖြစ် သိရှိထားရပါတယ်
သရုပ်ဆောင် ဇင်ဝိုင်းဟာ ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာ
ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ သိရပါတယ်
Credit to Original Uploader
Zawgyi