News

စစ္ေရွာင္စခန္းမွာ ကေလးေတြကို ပညာဆက္သင္ၾကားေပးေနတဲ့ CDM ဆရာမ see moe…..

စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာဆက်သင်ကြားပေးနေတဲ့ CDM ဆရာမ

ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ CDMကို ပြုလုပ် ကြပါတယ်။ CDM ပြုလုပ်ပြီး လက်နက်ကိုင်လမ်းစဉ်သွားတဲ့လူတွေရှိသလို နေရပ်ဇာတိကိုပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်းရှိပါတယ်

CDM ပြုလုပ်ပေမယ့် စာသင်ရတာကို ဝါသနာပါတဲ့ ဒေါ်မိုးမြာကတော့ စစ်ရှောင်တဲ့နေရာက ကလေးတွေကို ပညာသင်ကြားပေးတဲ့အလုပ်လုပ်တယ်လို့ သူကပြောပါတယ်။ “ကျမပညာဒါနဘာလို့ လုပ်ဖြစ်လဲဆို ကျမ ရဲ့ အလုပ်လေးကို ကျမအရမ်းမြတ်နိုးတယ်ပေါ့နော။ စေတနာ၊ ဝါသနာ၊ အနစ်နာ လည်း ပါဝင်ပြီးတော့ လုပ်ခဲ့တယ်။ အခုချိန်ထိလည်း လုပ်ချင်စိတ်ရှိနေတယ်ပေါ့နော။ မစွန့်လွှတ်နိုင်ပါဘူး။ တို့ရဲ့ ပညာရေးကို

ပညာရေးဝန်ထမ်းမှာ လုပ်သက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မိုးမြာ ဟာ ကယား( ကရင်နီ) ပြည်နယ်မှာ အလယ်တန်းကျောင်းအုပ် အဖြစ် ၃နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှာ CDM ပြုလုပ်ပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံလွန်ကျောင်းမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်

လက်ရှိ သင်ကြားနေတဲ့နေရာမှာ ပညာရေးစနစ်တွေကွားခြားနေတာရှိတယ်လို့ သူကဆက်ပြောပါတယ်။”အရင်တုန်းကသင်တဲ့စနစ်ကတော့ စာတစ်မျိုးတည်းနဲ့ပဲ အမှတ်ပေးသွားတာပေါ့။ အတန်းတွေအောင်သွားတာတွေ ရှိခဲ့တယ်။ ဒီဖက် မှာတော့ ကျမလေ့လာမိသလောက်တော့ activity ဖက်မှာလည်း အမှတ်ပေးတာတွေကို တွေ့ရတယ်။ စာမေးပွဲက တစ်နှစ်လုံးဆိုရင်တော့ ရာခိုင်းနှုန်းအနေနဲ့ ဆိုရင်တော့ ၆ဝရာခိုင်နှုန်းပေါ့

စာမေးပွဲက ပြီးရင် activity က ဒီဖက် state ကျောင်းမှာက activity က ၃၀ ကျောင်းတက်နှုန်းက ၁၀ ရာခိုင်းနှုန်းပေါ့။ အဲ့လိုလေးတွေ တွေ့ရတယ်ပေါ့နော။ အဲ့ဟာလေးတွေကျတော့ ကလေးအတွက် activity မှာ အားကောင်းတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေတယ်ပေါ့နော
သင်ကြားနေတဲ့ ဘာသာရပ်အတွက် သင်ရိုးညွှန်းတမ်း မရေးဆွဲနိုင်သေးပေမယ့်လည်း အွန်လိုင်းပေါ်ကနေ ရှာဖွေပြီး ပြန်လည် ဝေမျှပေးတဲ့ စနစ်နဲ့ သင်ကြား‌နေတယ်လို့ဆိုပါတယ်။

ဆရာမဒေါ်မိုးမြာ အနေနဲ့ သူ့အနာဂတ်မှာ တိုင်းရင်းသားအရေးတွေအတွက် ဖယ်ဒရယ် ပညာရေးရဖို့ မျှော်လင့်ပြီး အရေးတော်ပုံ အောင်တဲ့အထိ CDM လုပ်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားသူပါ။

“ကျမရဲ့ မျှော်လင့်ချက်ကတော့ ဖယ်ဒရယ် ပညာရေး ကိုဖော်ဆောင်ချင်တယ်။ ဖယ်ဒရယ်ပညာရေး ရရှိဖို့အတွက် ဒီအရေးတော်ပုံအောင်မှ ဖြစ်မယ်။”အရေးတော်ပုံအောင်ရင်လည်း ပညာရေးပိုင်းကိုပဲ ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်

အခုလက်ရှိမှာတော့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ လက်နက်ကိုင်တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကလည်း တစ်နေ့ထက်တစ်နေ့ များပြာလာနေပါတယ်

ဆရာမဒေါ်မိုးမြာ မျှော်လင့်နေတဲ့ ကရင်နီပြည်နယ်က ဖယ်ဒရယ်ပညာရေးဖော်ဆောင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်

Zawgyi

စစ္ေရွာင္စခန္းမွာ ကေလးေတြကို ပညာဆက္သင္ၾကားေပးေနတဲ့ CDM ဆရာမ

ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အစိုးရဝန္ထမ္းေတြဟာ စစ္အာဏာရွင္ကိုဆန႔္က်င္တဲ့ CDMကို ျပဳလုပ္ ၾကပါတယ္။ CDM ျပဳလုပ္ၿပီး လက္နက္ကိုင္လမ္းစဥ္သြားတဲ့လူေတြရွိသလို ေနရပ္ဇာတိကိုျပန္ၿပီး ေတာင္ယာလုပ္ငန္း လုပ္ကိုင္တဲ့သူေတြလည္းရွိပါတယ္

CDM ျပဳလုပ္ေပမယ့္ စာသင္ရတာကို ဝါသနာပါတဲ့ ေဒၚမိုးျမာကေတာ့ စစ္ေရွာင္တဲ့ေနရာက ကေလးေတြကို ပညာသင္ၾကားေပးတဲ့အလုပ္လုပ္တယ္လို႔ သူကေျပာပါတယ္။ “က်မပညာဒါနဘာလို႔ လုပ္ျဖစ္လဲဆို က်မ ရဲ့ အလုပ္ေလးကို က်မအရမ္းျမတ္နိုးတယ္ေပါ့ေနာ။ ေစတနာ၊ ဝါသနာ၊ အနစ္နာ လည္း ပါဝင္ၿပီးေတာ့ လုပ္ခဲ့တယ္။ အခုခ်ိန္ထိလည္း လုပ္ခ်င္စိတ္ရွိေနတယ္ေပါ့ေနာ။ မစြန႔္လႊတ္နိုင္ပါဘူး။ တို႔ရဲ့ ပညာေရးကို

ပညာေရးဝန္ထမ္းမွာ လုပ္သက္ ၂၁ႏွစ္ရွိၿပီျဖစ္တဲ့ ေဒၚမိုးျမာ ဟာ ကယား( ကရင္နီ) ျပည္နယ္မွာ အလယ္တန္းေက်ာင္းအုပ္ အျဖစ္ ၃ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။အာဏာစသိမ္းတဲ့ ေဖေဖာ္ဝါရီလမွာ CDM ျပဳလုပ္ၿပီး လက္ရွိမွာေတာ့ စစ္ေရွာင္စခန္းမွာ ဖြင့္လွစ္ထားတဲ့ အေျခခံလြန္ေက်ာင္းမွာ ျမန္မာစာဘာသာရပ္ကို သင္ၾကားေပးေနတယ္လို႔ ဆိုပါတယ္

လက္ရွိ သင္ၾကားေနတဲ့ေနရာမွာ ပညာေရးစနစ္ေတြကြားျခားေနတာရွိတယ္လို႔ သူကဆက္ေျပာပါတယ္။”အရင္တုန္းကသင္တဲ့စနစ္ကေတာ့ စာတစ္မ်ိဳးတည္းနဲ႔ပဲ အမွတ္ေပးသြားတာေပါ့။ အတန္းေတြေအာင္သြားတာေတြ ရွိခဲ့တယ္။ ဒီဖက္ မွာေတာ့ က်မေလ့လာမိသေလာက္ေတာ့ activity ဖက္မွာလည္း အမွတ္ေပးတာေတြကို ေတြ႕ရတယ္။ စာေမးပြဲက တစ္ႏွစ္လုံးဆိုရင္ေတာ့ ရာခိုင္းႏႈန္းအေနနဲ႔ ဆိုရင္ေတာ့ ၆ဝရာခိုင္ႏႈန္းေပါ့

စာေမးပြဲက ၿပီးရင္ activity က ဒီဖက္ state ေက်ာင္းမွာက activity က ၃၀ ေက်ာင္းတက္ႏႈန္းက ၁၀ ရာခိုင္းႏႈန္းေပါ့။ အဲ့လိုေလးေတြ ေတြ႕ရတယ္ေပါ့ေနာ။ အဲ့ဟာေလးေတြက်ေတာ့ ကေလးအတြက္ activity မွာ အားေကာင္းတဲ့ ကေလးေတြအတြက္ေတာ့ အဆင္ေျပတယ္ေပါ့ေနာ။ ”
သင္ၾကားေနတဲ့ ဘာသာရပ္အတြက္ သင္ရိုးညႊန္းတမ္း မေရးဆြဲနိုင္ေသးေပမယ့္လည္း အြန္လိုင္းေပၚကေန ရွာေဖြၿပီး ျပန္လည္ ေဝမၽွေပးတဲ့ စနစ္နဲ႔ သင္ၾကား‌ေနတယ္လို႔ဆိုပါတယ္။

ဆရာမေဒၚမိုးျမာ အေနနဲ႔ သူ႔အနာဂတ္မွာ တိုင္းရင္းသားအေရးေတြအတြက္ ဖယ္ဒရယ္ ပညာေရးရဖို႔ ေမၽွာ္လင့္ၿပီး အေရးေတာ္ပုံ ေအာင္တဲ့အထိ CDM လုပ္သြားမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ထားသူပါ။

“က်မရဲ့ ေမၽွာ္လင့္ခ်က္ကေတာ့ ဖယ္ဒရယ္ ပညာေရး ကိုေဖာ္ေဆာင္ခ်င္တယ္။ ဖယ္ဒရယ္ပညာေရး ရရွိဖို႔အတြက္ ဒီအေရးေတာ္ပုံေအာင္မွ ျဖစ္မယ္။”အေရးေတာ္ပုံေအာင္ရင္လည္း ပညာေရးပိုင္းကိုပဲ ဆက္လက္ပါဝင္လုပ္ေဆာင္သြားမယ္လို႔ သူကဆိုပါတယ္။

အခုလက္ရွိမွာေတာ့ ကရင္နီျပည္နယ္မွာ စစ္ေကာင္စီနဲ႔ ကရင္နီေဒသခံ လက္နက္ကိုင္တို႔ ေန႔စဥ္နီးပါး တိုက္ပြဲျဖစ္ပြားေနပါတယ္။အိုးအိမ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရတဲ့ ေဒသခံေတြကလည္း တစ္ေန႔ထက္တစ္ေန႔ မ်ားျပာလာေနပါတယ္။

ဆရာမေဒၚမိုးျမာ ေမၽွာ္လင့္ေနတဲ့ ကရင္နီျပည္နယ္က ဖယ္ဒရယ္ပညာေရးေဖာ္ေဆာင္ဖို႔ အလွမ္းေဝးေနဆဲျဖစ္ပါတယ္။