News

ညီအရင္းရဲ့အသက္ကိုေပးၿပီး မအလအေပၚသစၥာရွိေပးခဲ့တဲ့ ဗိုလ္ႀကီးသန္းလွိုင္ကို မအလ ပညာျပေလၿပီ see moe…

ညီအရင်းရဲ့အသက်ကိုပေးပြီး မအလအပေါ်သစ္စာရှိပေးခဲ့တဲ့ ဗိုလ်ကြီးသန်းလှိုင်ကို မအလ ပညာပြလေပြီ see moe…

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွ့ဲမှူး ဒုှဗိုလ်ချုပ်ကြီး တေဇာကျော်ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း

စစ်ဌာနချုပ် (နမခ) သို့ စက်တင်ဘာလ အလယ်ကစေလွှတ်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးမအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို မကြာသေးခင်ရက်ပိုင်းအတွင်းက ထပ်မံစေလွှတ်ခဲ့ သည်

တပ်မှာတခါမှမကြုံဖူးတဲ့၊ စစ်ဆင်ရေးဒေသတခုကို ကစထမှူးနှစ်ယောက်ကို စေလွတ်ပြီး အနီးကပ်တိုက်ရိုက်ကွပ်ကဲဖို့စေလွှတ်ဟု စစ်ဘက်စောင့်ကြည့် လေ့လာသူတစ်ဦးက မဇ္ဈိမသို့ပြောသည်

နမခ နယ်မြေအတွင်း စစ်ဆင်ရေးများမအောင်မြင်မှု၊ ကျဆုံးစစ်သည် အရေ အတွက်များပြားမှု၊ စီမံခန့်ခွဲ အုပ်ချုပ်မှု ညံဖျင်းမှုဆိုသည့်ပြစ်ချက်များနှင့် စစ်တိုင်းမှူး တာဝန်ယူခဲ့ရသူ ဗိုလ်မှူးချုပ်ဖြိုးသန့်ကိုတော့

တာဝန်မှရပ်စဲပြီး အိမ်အကျယ်ချုပ်ထားရှိသည်ဟုစစ်ဘက်သတင်းရပ်ကွက်များအရသိရသည်

ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကိုပါ မုံရွာသို့စေလွှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ယခင် နမခတိုင်းမှူးတာဝန်ယူခဲ့ဖူးသူလည်းဖြစ်တယ်။ ရဲချုပ်လည်းဖြစ်နေတော့ ခေတ္တတိုင်းမှူးတာဝန်ယူခိုင်းပြီး လုံခြုံရေးရဲ

တပ်ရင်း များ၊ နယ်မြေခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို တိုက်ရိုက်ကွပ်ကဲပြီး အကြမ်းဖက်ဖမ်းဆီးနှိမ်နင်းချင်တဲ့အတွက်လဲဖြစ်တယ်။ဟု စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်

ကစထ(၁)မှူး တေဇာကျော်ကလည်း စစ်ဆင်ရေးဝင်နေတဲ့နယ်မြေခံတပ်တွေ၊ တပ်မတွေနဲ့မစိမ်းတဲ့သူဖြစ်တော့ ဘယ်လိုတပ်တွေ ကွပ်ကဲရမယ် ဆိုတာသိပြီး သားလူကို စေလွှတ်ခြင်းလည်းဖြစ်တယ်။ဟု သူက ထပ်ပြောသည်။

နမခနယ်အတွင်း အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးဗိုလ်ချုပ် ဇော်ဝင်း၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့နှစ်ဦးကို လည်း လက်နက်ကြီးပစ်ကူ အနီးကပ်ညွှန်ကြားဖို့ စေလွှတ်ထားသည်ဟု သတင်း ရင်းမြစ်များက ပြောသည်

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် (DSA အပတ်စဉ် ၂၉) သည် သဘောထားတင်းမာပြတ်သားသူဖြစ်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခံရာကာ နေပြည်တော်၏ ကစထ (၆)မှူးဖြစ်လာခဲ့သည်

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ ညီဖြစ်သူ စစ်အာဏာရှင် ဆန့်ကျင်ရေးသမား ကိုစိုးမိုးလှိုင် ( ခ ) ကိုမဲကြီးသည် မေလအတွင်းက စစ်ကြောရေးတွင် ဖမ်းဆီး ခံရပြီး နှစ်ရက်အကြာ သေဆုံးခဲ့ရသည်

သူရဲ့တာဝန်ဘယ်လိုကျေပွန်အောင်လုပ်ဆောင်ပါတယ်ဆိုတဲ့ အမိန့်နာခံမှု အကြောင်း မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို သက်သေပြခဲ့သူ လည်းဖြစ်တဲ့ ၊ လူသားမဆန်တဲ့ လူတစ်ယောက်ပါဟု စစ်ဘက်လေ့လာသူ တစ်ဦးက မှတ်ချက်ချသူဖြစ်သည်

နမခနယ်မြေအတွင်း တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များကို စစ်ကောင်စီ တပ်က သာလွန်အင်အားဖြင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများ ပြုလုပ်လာနိုင်သည်ဟု စစ်ဘက်လေ့လာသူများက စိုးရိမ် နေကြသည်

စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်းတင်ွင်ပင် ဇွန်လနှင့် သြရုတ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၄၀ ကျော်သေဆုံးခဲ့ပြီး ချင်းပြည်နယ်တွင် ၁၃၆ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်ခဲ့သည်

Zawgyi

အမွတ္ (၁) စစ္ဆင္ေရးအထူးအဖြ႕ဲမႉး ဒုွဗိုလ္ခ်ဳပ္ႀကီး ေတဇာေက်ာ္ကို မုံရြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) သို႔ စက္တင္ဘာလ အလယ္ကေစလႊတ္ခဲ့ၿပီးေနာက္ အမွတ္ (၆) စစ္ဆင္ေရးမအထူးအဖြဲ႕မႉးဒုဗိုလ္ခ်ဳပ္ႀကီးသန္းလွိုင္ကို မၾကာေသးခင္ရက္ပိုင္းအတြင္းက ထပ္မံေစလႊတ္ခဲ့ သည္

တပ္မွာတခါမွမၾကဳံဖူးတဲ့၊ စစ္ဆင္ေရးေဒသတခုကို ကစထမႉးႏွစ္ေယာက္ကို ေစလြတ္ၿပီး အနီးကပ္တိုက္ရိုက္ကြပ္ကဲဖို႔ေစလႊတ္ဟု စစ္ဘက္ေစာင့္ၾကည့္ ေလ့လာသူတစ္ဦးက မဇၩိမသို႔ေျပာသည္။

နမခ နယ္ေျမအတြင္း စစ္ဆင္ေရးမ်ားမေအာင္ျမင္မႈ၊ က်ဆုံးစစ္သည္ အေရ အတြက္မ်ားျပားမႈ၊ စီမံခန႔္ခြဲ အုပ္ခ်ဳပ္မႈ ညံဖ်င္းမႈဆိုသည့္ျပစ္ခ်က္မ်ားႏွင့္ စစ္တိုင္းမႉး တာဝန္ယူခဲ့ရသူ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ကိုေတာ့ တာဝန္မွရပ္စဲၿပီး အိမ္အက်ယ္ခ်ဳပ္ထားရွိသည္ဟုစစ္ဘက္သတင္းရပ္ကြက္မ်ားအရသိရသည္

ယခုအခါ ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းလွိုင္ကိုပါ မုံရြာသို႔ေစလႊတ္လိုက္ျခင္းႏွင့္ ပတ္သက္၍ ယခင္ နမခတိုင္းမႉးတာဝန္ယူခဲ့ဖူးသူလည္းျဖစ္တယ္။ ရဲခ်ဳပ္လည္းျဖစ္ေနေတာ့ ေခတၱတိုင္းမႉးတာဝန္ယူခိုင္းၿပီး လုံျခဳံေရးရဲတပ္ရင္း မ်ား၊ နယ္ေျမခံ ျပည္ထဲေရးဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ရဲတပ္ဖြဲ႕ဝင္အားလုံးကို တိုက္ရိုက္ကြပ္ကဲၿပီး အၾကမ္းဖက္ဖမ္းဆီးႏွိမ္နင္းခ်င္တဲ့အတြက္လဲျဖစ္တယ္။ဟု စစ္ေရးေလ့လာသူတစ္ဦးက မွတ္ခ်က္ျပဳသည္

ကစထ(၁)မႉး ေတဇာေက်ာ္ကလည္း စစ္ဆင္ေရးဝင္ေနတဲ့နယ္ေျမခံတပ္ေတြ၊ တပ္မေတြနဲ႔မစိမ္းတဲ့သူျဖစ္ေတာ့ ဘယ္လိုတပ္ေတြ ကြပ္ကဲရမယ္ ဆိုတာသိၿပီး သားလူကို ေစလႊတ္ျခင္းလည္းျဖစ္တယ္။ဟု သူက ထပ္ေျပာသည္

နမခနယ္အတြင္း အေျမာက္တပ္ဖြဲ႕ညႊန္ၾကားေရးမႉးဗိုလ္ခ်ဳပ္ ေဇာ္ဝင္း၊ သံခ်ပ္ ကာယႏၲရားတပ္ဖြဲ႕ညႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္လြင္ဦးတို႔ႏွစ္ဦးကို လည္း လက္နက္ႀကီးပစ္ကူ အနီးကပ္ညႊန္ၾကားဖို႔ ေစလႊတ္ထားသည္ဟု သတင္း ရင္းျမစ္မ်ားက ေျပာသည္

ျပည္ထဲေရးဝန္ႀကီးဌာန ဒုဝန္ႀကီးလည္းျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလွိုင္ (DSA အပတ္စဥ္ ၂၉) သည္ သေဘာထားတင္းမာျပတ္သားသူျဖစ္ကာ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔က ဒုဗိုလ္ခ်ဳပ္ႀကီးရာထူးတိုးျမႇင့္ခံရာကာ ေနျပည္ေတာ္၏ ကစထ (၆)မႉးျဖစ္လာခဲ့သည္

ဒုဗိုလ္ခ်ဳပ္ႀကီးသန္းလွိုင္၏ ညီျဖစ္သူ စစ္အာဏာရွင္ ဆန႔္က်င္ေရးသမား ကိုစိုးမိုးလွိုင္ ( ခ ) ကိုမဲႀကီးသည္ ေမလအတြင္းက စစ္ေၾကာေရးတြင္ ဖမ္းဆီး ခံရၿပီး ႏွစ္ရက္အၾကာ ေသဆုံးခဲ့ရသည္ ။

သူရဲ့တာဝန္ဘယ္လိုေက်ပြန္ေအာင္လုပ္ေဆာင္ပါတယ္ဆိုတဲ့ အမိန႔္နာခံမႈ အေၾကာင္း မအလ (ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္) ကို သက္ေသျပခဲ့သူ လည္းျဖစ္တဲ့ ၊ လူသားမဆန္တဲ့ လူတစ္ေယာက္ပါဟု စစ္ဘက္ေလ့လာသူ တစ္ဦးက မွတ္ခ်က္ခ်သူျဖစ္သည္

နမခနယ္ေျမအတြင္း ေတာ္လွန္ေရးေျပာက္က်ားတပ္ဖြဲ႕မ်ားကို စစ္ေကာင္စီ တပ္က သာလြန္အင္အားျဖင့္ လက္နက္ႀကီးပစ္ကူ၊ ေလေၾကာင္းပစ္ကူ၊ ေရေၾကာင္းပစ္ကူမ်ား ျပဳလုပ္လာနိုင္သည္ဟု စစ္ဘက္ေလ့လာသူမ်ားက စိုးရိမ္ ေနၾကသည္

စစ္ကိုင္းတိုင္းေဒသႀကီးတစ္ခုတည္းတင္ြင္ပင္ ဇြန္လႏွင့္ ၾသ႐ုတ္လအတြင္း စစ္ေကာင္စီတပ္ဘက္မွ ၈၄၀ ေက်ာ္ေသဆုံးခဲ့ၿပီး ခ်င္းျပည္နယ္တြင္ ၁၃၆ ဦး ေသဆုံးခဲ့သည္ဟု အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကထုတ္ျပန္ခဲ့သည္